ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဥဳပၸံဳစုရပ္ကြက္၊ျမ၀တီ(၂ )လမ္းတြင္ေနထိုင္ေသာ တရားလို ကိုရန္လင္းေအာင္မွ ေဖာက္ျပန္ေနေသာ ဇနီး ႏွင့္ အမ်ဳိးသားတစ္ဦး တို႔အား တစ္လင္တစ္မယားဥပေဒျဖင့္ အေရးယူေပးရန္ တိုင္တန္း လာေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
တရားလို ကိုရန္လင္းေအာင္မွ ဇနီးျဖစ္သူမနုနုခင္နွင့္ လြန္ခဲ့ေသာ (၁၁)ႏွစ္ခန႔္ကစၿပီး အိမ္ေထာင္ျပဳ၍ သား၊သမီး ႏွစ္ဦး ထြန္းကားခဲ့ဟု ဆိုသည္။
၂၀၁၉ ခု ဩဂုတ္ ၁၁ရက္ေန႔ ညေနပိုင္းတြင္ ဇနီးျဖစ္သူ မႏုႏုခင္သည္ မ်ိဳးသက္ဦး၏ ဆိုင္ကယ္အား ေပါင္ႏွံကာ ၎ႏွင့္အတူ တည္းခိုခန္းတြင္ အတူတည္းခိုေနေၾကာင္းမ်ဳိးသက္ဦး၏ ဇနီးမွ ေျပာၾကား၍ သိရဟု ဆိုသည္။
ဇနီးျဖစ္သူ မႏုႏုခင္တြင္ တစ္လမ္းထဲ(၃)အိမ္ေက်ာ္ေန သား၊သမီး ႏွစ္ဦး မိခင္ မခိုင္သဇင္၏ ခင္ပြန္း မ်ဳိးသက္ဦး ႏွင့္ ေဖာက္ျပန္ေနျခင္း ျဖစ္သည္။
ဇနီးျဖစ္သူ မႏုႏုခင္အား ေမးျမန္းရာ လြန္ခဲ့ေသာ (၅)လခန္႔က မ်ိဳးသက္ဦးႏွင့္ခ်စ္ႀကိဳက္ခဲ့ၿပီး၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဆင္စခန္းေက်းရြာအုပ္စု၊ ကန္သာယာေက်းရြာရိွ ေရႊဟသၤာတည္းခိုခန္းတြင္ (၁၁)ႀကိမ္ခန္႔တရားမ၀င္လင္မယားအျဖစ္ ေပါင္းသင္းေနထိုင္ခဲ့ေၾကာင္း ဝန္ခံခဲ့သည္ဟု ဆိုသည္။
ထိမ္းျမားမႈတည္ျမဲေနထိုင္စဥ္အတြင္း တရားမ၀င္ လင္မယားအျဖစ္ေပါင္းသင္းေနထိုင္ခဲ့ေသာ ဇနီးျဖစ္သူ မႏုႏုခင္ ႏွင့္ မ်ိဳးသက္ဦးတို႔အား ဥပေဒအရ အေရးယူေပးရန္တိုက္ႀကီးၿမိဳ႕မရဲစခန္းသို႔အမႈဖြင့္တိုင္ၾကားခဲ့ျခင္း ျဖစ္သည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သတ္၍ ေဖာက္ျပန္ေနသူ မ်ိဳးသက္ဦး ႏွင့္ မႏုႏုခင္ တို႔အား တိုက္ႀကီးၿမိဳ႕မရဲစခန္းမွ (ပ)၁၄၉၈/၂၀၁၉၊ တစ္လင္တစ္မယားဥပေဒပုဒ္မ(၁၃)ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္း သတင္းရရွိသည္။
မ်ိဳးမင္းသူ(တုိက္ျကီး) Real News Distribution Agency
Unicode
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥုပ္ပုံစုရပ်ကွက်၊မြဝတီ(၂ )လမ်းတွင်နေထိုင်သော တရားလို ကိုရန်လင်းအောင်မှ ဖောက်ပြန်နေသော ဇနီး နှင့် အမျိုးသားတစ်ဦး တို့အား တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူပေးရန် တိုင်တန်း လာကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
တရားလို ကိုရန်လင်းအောင်မှ ဇနီးဖြစ်သူမနုနုခင်နှင့် လွန်ခဲ့သော (၁၁)နှစ်ခန့်ကစပြီး အိမ်ထောင်ပြု၍ သား၊သမီး နှစ်ဦး ထွန်းကားခဲ့ဟု ဆိုသည်။
၂၀၁၉ ခု ဩဂုတ် ၁၁ရက်နေ့ ညနေပိုင်းတွင် ဇနီးဖြစ်သူ မနုနုခင်သည် မျိုးသက်ဦး၏ ဆိုင်ကယ်အား ပေါင်နှံကာ ၎င်းနှင့်အတူ တည်းခိုခန်းတွင် အတူတည်းခိုနေကြောင်းမျိုးသက်ဦး၏ ဇနီးမှ ပြောကြား၍ သိရဟု ဆိုသည်။
ဇနီးဖြစ်သူ မနုနုခင်တွင် တစ်လမ်းထဲ(၃)အိမ်ကျော်နေ သား၊သမီး နှစ်ဦး မိခင် မခိုင်သဇင်၏ ခင်ပွန်း မျိုးသက်ဦး နှင့် ဖောက်ပြန်နေခြင်း ဖြစ်သည်။
ဇနီးဖြစ်သူ မနုနုခင်အား မေးမြန်းရာ လွန်ခဲ့သော (၅)လခန့်က မျိုးသက်ဦးနှင့်ချစ်ကြိုက်ခဲ့ပြီး၊ တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာရှိ ရွှေဟင်္သာတည်းခိုခန်းတွင် (၁၁)ကြိမ်ခန့်တရားမဝင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။
ထိမ်းမြားမှုတည်မြဲနေထိုင်စဉ်အတွင်း တရားမဝင် လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့သော ဇနီးဖြစ်သူ မနုနုခင် နှင့် မျိုးသက်ဦးတို့အား ဥပဒေအရ အရေးယူပေးရန်တိုက်ကြီးမြို့မရဲစခန်းသို့အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ဖောက်ပြန်နေသူ မျိုးသက်ဦး နှင့် မနုနုခင် တို့အား တိုက်ကြီးမြို့မရဲစခန်းမှ (ပ)၁၄၉၈/၂၀၁၉၊ တစ်လင်တစ်မယားဥပဒေပုဒ်မ(၁၃)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
မျိုးမင်းသူ(တိုက်ကြီး) Real News Distribution Agency