တစ်ပတ်စာနာမက္ခရအထူးဟောစာတမ်း 12.8.2019 မှ 18.8.2019 အထိ

232

(အ၊အာ၊ဣ၊အိ၊အီ၊ဥ၊ဥူ၊ဧ၊သြ) စသည့် ”အ” အသံထွက်နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

အကြံအစည် စိတ်ကူးထားခြင်းမရှိသော ဒေသသို့သွားရတတ်သည်။ မျှော်လင့်မထားသော ဘုရားဖူးခရီး တစ်ခုလဲဖြစ်နိုင်ပါတယ်။ ရပ်ဝေးသို့သွားမည့်သူများ၊နိုင်ငံခြားခရီးကြန့်ကြနေသူများ အဆင်ပြေလိမ့်မယ်။ လူမျိုးခြား ဘာသာခြားများ တစိမ်းများရဲ့လိမ်လည်ခြင်းကိုခံရတတ်ပါတယ်။

သူခိုးခိုးခံရကိန်းရှိတဲ့အတွက် တန်ဖိုးရှိပစ္စည်းများသေချာသိမ်းဆည်းထားပါ။ ရန်များတဲ့ကာလ ဆိုပေမဲ့ ကံမြင့်မားနေတဲ့ကာလဖြစ်တဲ့အတွက် အတိုက်အခိုက်တွေကျော်လွှားအောင်မြင်ပါလိမ့်မယ်။ လုပ်ငန်းစီးပွား တိုးတတ်ပါလိမ့်မယ်။ဘာသာရေးနှင့်သက်ဆိုင်သော ပစ္စည်းများ လက်ဆောင်ရတတ်ပါတယ်။

ထိုသို့ရပါက ကံကောင်းလာပါလိမ့်မည်။ ကျန်းမာရေးခြူခြာလွယ်တဲ့ကာလပါပဲ။ နေမကောင်းပါက ဆေးမြီးတိုနှင့်မကုပါနှင့်။ နာတာရှည်ဖြစ်သွားတတ်လို့ပါ။ လုပ်ငန်းခွင်မှ အထက်လူကြီးအမျိုး သမီးတစ်ဦး၏အကူအညီရတတ်သည်။ အလုပ်ရှာနေသူများ ထစ်ငေါ့ပြီးမှအဆင်ပြေမည်။

အိုးအိမ်နေရာထိုင်ခင်းကိစ္စများနဲ့ပက်သက်ပြီးမိသားစုနဲ့စကားများမည်။ငယ်ရွယ်သူများ ချစ်မှုရေးရာကိစ္စများတွင် စိတ်ချမ်းမြေ့ရမည်။ အိမ်ထောင်ဘက်နဲ့အဆင်မပြေတာများတဲ့ကာလပါပဲ။ပညာရေးမှာ စိုးရိမ်မှုကြောင့် စာမလိုက်နိုင်ဖြစ်ရမည်။

ယတြာ -ထန်းလျက်ခဲ ၁၁ လုံးအား ဘုရားကပ်လှူပါ

(က၊ခ၊ဂ၊ဃ၊င) နှင့်စတင်မှည့်ခေါ်ထားတဲ့ အမည်ပိုင်ရှင်များ

အလုပ်စီးပွားကို အားထည့်သင့်တဲ့ကာလပါ။ အခြားဘာမှစိတ်မဝင်စားပါနဲ့။ မိမိအလုပ်အဆင်ပြေ အောင်မြင်နေမှုကိုဘေးကမနာလိုသူတွေရဲ့ တိုက်ခိုက်မှုကိုလျစ်လျူ ပြုထားလိုက်ပါ။ ပြိုင်ပြီး မပြောနေပါနဲ့။ခရီးတို၊ ခရီး ရှည်သွားရဖို့ ကြုံပါက ဒီတစ်ပတ်အတွင်းမသွားပါနှင့်။

မိခင်ကျန်းမာရေး ညံ့တတ်တဲ့အတွက်ဂရုစိုက်ပါ။ ငွေမချေးပါနှင့် ။ ငွေအဝင်ကောင်းနေပေမဲ့ ချေးငှားရင်ဆုံးတတ်ပါတယ်၊၊အနုပညာနှင်နွယ်သော အလုပ်များ၊သတင်း မီဒီယာအလုပ်လုပ်သူများ အဆင်ပြေတိုးတတ်မည်။မိမိအဆင်ပြေအောင်မြင်လေ ချောက်ချမဲ့သူ၊ကုန်းတိုက်မဲ့သူ အနားမှာဝန်းရံလေပါပဲ။

အသင်းအဖွဲ့မှငွေများ၊လူမှုရေးလုပ်ငန်းထဲကငွေများ မိမိဆီမှာအပ်နှံမည်ဆိုပါက လက်မခံပါနှင့် ။ ငွေကြေးနဲ့ပက်သက်ပြီးကြားကအာမခံပေးတာမျိုးမလုပ်ပါနှင့်။ ခြေနှစ်ချောင်းအဝင်မခံပါနှင့် ။ လူငယ်များ အချစ်ရေးကံအလွန်ကောင်းနေမည်၊၊ဝေးကွာနေတဲ့ချစ်သူဆုံတွဲတွေပြန်ဆုံရ တတ်ပါတယ်။

အိမ်ထောင်ဘက်အချင်းချင်း တစ်ယောက်တစ်ခွန်းစကားများရာကနေစလို့ ပြဿနာ ကြီးမားတဲ့အထိဖြစ်တတ်ပါတယ်။ အလုပ် ကြောင့် တစ်နေရာဆီရောက်နေရင်တော့ အိမ်ထောင်ရေးအညံ့မရှိပါဘူး။ပညာရေးကံအထူး ကောင်းမည်။ ပညာ အသစ်များသင်ခွင့်ရမည်။

ယတြာ ပြောင်းဖူးကြော် ဘုရားကပ်လှူ ပါ။

(စ၊ဆ၊ဇ၊ဈ၊ည)နှင့် စတင်မှည်ခေါ်ထားသောအမည်ပိုင်ရှင်များ

အိမ်ရှိစက်ပစ္စည်း လျှပ်စစ်ပစ္စည်းများဝင်တာ ထွက်တာမျိုးကြုံလိမ့်မယ်။အောက်လက်ငယ်သားများကို အရေးကြီးကိစ္စများ မခိုင်းပါနှင့် ။ အလွဲသုံးစားလုပ်ပါလိမ့်မယ်။ လူယုံသတ်တာမျိုးကြုံရတတ်လို့ပါ။ ခရီးယာယီသွား ရတတ်ပါတယ်။ အခြေချဖို့၊အလုပ်သစ်စဖို့၊ဘဝအတွက် အရေးကြီတဲ့ ဆုံးဖြတ်ချက်တွေချဖို့မသင့်သေးတဲ့ကာလ ပါပဲ။

ဘာပဲလုပ်လုပ်အထစ်အငေါ့လေးကြုံပြီးမှ အဆင်ပြေလိမ့်မယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ရောဂါရှာဖွေတာ၊ ဆေးစစ်၊သွေးစစ်တာတွေကိုတော့ ဦးစားပေး ဆောင်ရွက်နိုင်ပါတယ်။ ဘာလုပ်လုပ်အချိန်မဆွဲဘဲလုပ်တတ်သူများ ပိုမိုအဆင်ပြေမဲ့နေ့ရက်ပါပဲ။ စားသောက်ကုန် လုပ်ငန်းများ၊လျှပ်စစ်လုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်းများတိုး တတ် မည်။

ချစ်ရသူကို ချစ်ခွင့်ပန်ဖို့ကြိုးစားသင့်တဲ့ ကာလပါပဲ။ အချစ်ရေးကိစ္စတွေအထူးအဆင်ပြေနိုင်ပါတယ်။လုပ်ငန်းပိုင်းမှာ မိတ်ဆွေအပေါင်းအသင်းများရဲ့ အကူအညီတွေအများကြီးရလိမ့်မယ်။ လုပ်ငန်းတော့ မချဲ့ပါနဲ့ဦး။ စီးပွားကောင်းပေမဲ့ ငွေမမြဲဖြစ်ရတတ်ပါတယ်။အခုကာလအတွင်း အိမ်ပြောင်းတာ အိမ်ပြင်တာမျိုးတွေမလုပ်ပါနဲ့အုံး။

အိမ်ထောင်ရေးသာယာပါလိမ့်မယ်။အိမ်ထောင်ဘက်ကကောင်းစေချင်လို့ပြောတဲ့စကားကိုတော့အပြစ်မယူမိဖို့လိုတယ်။ပညာရေးမှာတော့ အချစ်ရေးကအနှောက်အယှက်ဖြစ်နေလိမ့်မည်။

ယတြာ အိမ်ကဘုရား၌ ကရေကရာမုန့်(သို့)ကော်ရည်ခေါက်ဆွဲ ကပ်လှူပါ။

(ယ၊ရ၊လ၊၀၊ဠ)နှင့်စတင် မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ပူပင်သောကတွေ အေးချမ်းသွားလိမ့်မည်။ စပ်တူကိစ္စ၊ရှယ်ယာကိစ္စများအဆင်ပြေလိမ့်မည်။ အလုပ်စီးပွားတိုးတတ်မည်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်ဝန်းထောက်ခံမှုကြောင့် ရာထူးတိုးခြင်း၊နေရာကောင်းရခြင်း၊အခွင့်အလမ်းကောင်းတွေရခြင်းကြုံလိမ့်မည်။အလုပ်တွေထဲစိတ်အရမ်းကြီးမနှစ်ထားဘဲ ပေါ့ပေါ့ပါးပါးလေးနေပြီး အနားယူသင့်တဲ့အချိန်ပါ။

အိမ်မှာတော့အိမ်တွင်းရေးပြဿ နာလေးတွေအနည်းငယ်ရှိပါတယ်။ ပန်ကာလေ မခံပါ နဲ့။ အကျီင်္ချွတ်ထားတာမျိုးမလုပ်ပါနဲ့။ ကျန်းမာရေးအားနည်းနေချိန်ဖြစ်တဲ့အတွက် အသေးအမွှားကအစ ဂရုစိုက်ပါ။အသက်ကြီးသူများ လေမဖြတ်အောင်ဂရုစိုက်ပါ။အချစ်ရေးအဆင်ပြေမဲ့ကာလတွေပါ။ စိတ်ကောက်နေတဲ့ချစ်သူကို ပြန်ချော့ဖို့အကောင်းဆုံးအချိန်ပါပဲ။

သားသမီးအတွက်လဲ ပူပန်ရတတ်ပါတယ်။အသောက်အစားအပျော် အပါးတော့မလုပ်ပါနဲ့။ ထီဝါသနာပါသူများထီကံစမ်းသင့်ပါတယ်။မိမိကိုရန်လိုနေသူများပင် ချစ်ခင်လာတတ်သည်။အိမ်ထောင်ရေးမှာတော့စိတ်ချမ်းမြေ့စရာ ကိစ္စတွေကြုံမည်။ စိတ်ကောက်နေတဲ့ အိမ်ထောင်ဘက်ကိုပြန်ချော့ဖို့အကောင်းဆုံးအချိန်ပါပဲ။

အဝေးကနေ သတင်းကောင်းကြားရလိမ့်မယ်။ ပညာရေးအထူးကောင်းတယ်၊မိမိကိုယ်တိုင် ကလဲ ထိုးထွင်ဉာဏ်ရှိပါတယ်။

ယတြာ နီးစပ်ရာဘုရားစေတီရဲ့မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

(ပ၊ဖ၊ဗ၊ဘ၊မ) နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ကံမြင့်မားမှု အရှိဆုံးအချိန်ပါပဲ။ ဒါပေမဲ့အရာရာ စဉ်းစားပြီးလုပ်ရမဲ့ကာလပါ။ချက်ချင်းဆုံးဖြတ်၊ ချက်ခြင်းထ လုပ်ခြင်းဖြင့် အမှားများတတ်ပါတယ်။ စကားအပြောအဆိုအမှားတွေကြောင့် ရန်များရတတ်ပါတယ်။ စကားနည်းတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အိမ်တွင်းရေး ၊မိသားစုအရေးပူပန်ရလိမ့်မည်။လူငယ်များအိမ်မကပ်ချင်တဲ့စိတ်ဖြစ်ပေါ်နေလိမ့်မည်။

ငွေကြေးအရှုပ်အထွေးတွေထဲမပါနဲ့။ စုမဲစမစုလိုက်ပါနဲ့။ ပညာရေးကိစ္စ၊ ဘာသာရေးကိစ္စ တွေအထူးအောင်မြင်ချိန်ပါပဲ။ သိစရာ တတ်စရာတွေရှိပါက စတင်သင်ယူဖို့အကောင်းဆုံးကာလပါ။ လူချစ်လူခင်များနေသလို လူငယ်တွေလဲစန်းပွင့်နေပါလိမ့်မယ်။ ချစ်သူသစ်ရလွယ်ပါတယ်။

ဘာသာရေးကိုင်းရှိုင်းသူ၊လူကြီး မိဘရိုသေသူတွေ ဒီကာလမှာ ငွေအစုလိုက်ဝင်တတ်ပါတယ်။ ခရီးကိစ္စ ၊နိုင်ငံရပ်ခြားဆက်သွယ်လုပ်ရသောကိစ္စတွေအထူးအဆင်ပြေလိမ့်မယ်။ငွေလဲ စုဆောင်းနိုင်ပါလိမ့်မယ်။ ဘုရားရှင်ပုံ ၊ရဟန္တာအရှင်သူမြတ်တွေရဲ့ပုံတွေ လက်ဆောင်ရပါကထီထိုးလိုက်ပါ။အိမ်ထောင်ရေးနဲ့ပက်သက်ပြီး အလွန်မှစိတ်ချမ်းသာရပါလိမ်မယ်။ မိမိရဲ့စိတ်ကူး တွေကိုအကောင်အထည်ဖော်လိုက်ပါ။

ယတြာ ပန်းသီး ၅လုံးအား ဘုရားရှင်အားကပ်လှူ ပါ။

(သ၊ဟ)နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

စီးပွားရေးအထူးကောင်းနေသည်။လုပ်ငန်းချဲ့ထွင်နိုင်မည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးရှုပ်ထွေးတတ်ကြသည်။ သူများနဲ့စွပ်စွဲခြင်းခံရတတ်သည်။ငယ်ရွယ်သူများ လှေနံနှစ်ဖက် နင်းချင်တဲ့စိတ်တွေဖြစ်ပေါ်နေသည်။ သစ္စာတရားလက်ကိုင်ထားသင့်တဲ့အချိန်ပါပဲ။ အဝေးကနေသတင်းကောင်းကြားရတတ်သည်။

တစ်စိမ်းတရံတွေရဲ့ ကူညီမစခြင်းခံရလိမ့်မယ်။ မိသားစုအတွင်း မောင်နှမအချင်းချင်း တစ်ယောက်တစ်ခွန်းစကားများရလိမ့်မယ်။ ငွေကံကောင်းပေမဲ့အဖတ်မတင်တတ် ၊အကြောင်းအမျိုးမျိုးကြောင့်ပြန်ထွက်ပါလိမ့်မည်။ ခရီးသွားစရာကိစ္စများပေါ်လာလိမ့်မည်။ ခရီးသွားရင် ကျန်းမာရေးအားနည်းသွားတတ်တဲ့အတွက် သောက်နေကျ ဆေးတွေဆောင်ထားပါ။

ကိုယ်လက်မအီမသာဖြစ်တာ အိမ်ရေးမဝသလိုမျိုးခံစားရလိမ့်မယ်။ စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရလိမ့်မယ်။ စပ်တူအလုပ်များဘာလုပ်လုပ်သဲထဲရေသွန်သလိုဖြစ်လိမ့်မယ်။ လုပ်သလောက်အကျိုးမဖြစ်ထွန်းတဲ့အချိန်ပါပဲ။ဈေး ရောင်း ဈေးဝယ်သမားများ အရောင်းအဝယ်ပါးလိမ့်မည်။ ဝန်ထမ်းများအလုပ်ထဲမှာ မပျော်ပိုက်တာမျိုးဖြစ်လိမ့်မည်။

သွေးအားနည်းတာမျိုး ၊အရေပြား အဖုအပိန့်ထွက်တာမျိုးဖြစ်လွယ်တဲ့ကာလပါ။

ယတြာ .သောကြာထောင့်သစ္စာပန်းလှူပါ။

(တ၊ထ၊ဒ၊ဓ၊န၊ဌ) နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ဆုံးဖြတ်ချက်ချစရာများ၊အနာဂတ်အတွက်ရှေးတိုးဆောင်ရွက်ရမဲ့ကိစ္စများအတွက် စတင်အကောင်အထည်ဖော်သင့်တဲ့အချိန်ပါပဲ။ ရည်မှန်းချက်များ ပြည့်ဝလိမ့်မည်။ စိတ်ကူးပုံဖော်ထားတဲ့အတိုင်း ဖြစ်လာလိမ့် မည်။ သမ္မာအာ ဇီဝ ကျမည်ဆိုပါက ဘာပဲလုပ်လုပ်အောင်မြင်မဲ့အချိန်ပါ။ စိတ်ချမ်းမြေ့စရာများ ပျော်ရွှင်စရာများ ဆက်တိုက်ကြုံရ မည်။

ကျန်းမာရေးလဲကောင်းနေမှာပါ။ လူမျိုးခြား ၊ဘာသာခြားတွေရဲ့အကူအညီရပါလိမ့်မယ်။ ဘာသာ တရားများ များလုပ်ခြင်းဖြင့်ကံပိုကောင်းလာနိုင်ကြောင်းပါဗျ။စိတ်ရှုပ်စရာ စိတ်ညစ်စရာများ ဆက်တိုက်လျှော့ချနိုင် ပါလိမ့်မည်။ ဝေခွဲရခက် ရွေးချယ်ရခက်နေပါလိမ့်မယ်။ ရှေးတိုးဆောင်ရွက်မဲ့ စီးပွားရေးလူမှုရေးကိစ္စများ မိဘတွေနဲ့ တိုင်ပင်လုပ်ကိုင်ပါ။

ဝန်ထမ်းဆိုအလုပ်ထွက်ချင်စိတ်ဖြစ်ပေါ်နေပါတယ်။ အထက်လူကြီးကျန်းမာရေး ညံ့နေတာ ကြောင့်တာဝန်တွေများရတဲ့အချိန်ပါပဲ။ အချစ်ရေးကံလဲအထူးညံ့နေပါတယ်။ ချစ်သူအချင်းချင်း ကတောက်ကဆ ဖြစ်မဲ့ကာလပါ။မမြင့်မြတ်တဲ့ကိစ္စတွေရှောင်ပါ။လာဘ်တွေ ပိတ်သွားတတ်လို့ပါ။မိမိကျန်းမာရေးကောင်းနေလိမ့် မည်။ အိမ်ထောင်ရေး သာယာမည်။

ပညာရေးမှာစိတ်များနေတာကြောင့် အာရုံမစိုက်နိုင်ဖြစ်မည်။

ယတြာ နှင်းဆီ ၇ ပွင့် ဘုရားလှူ ပါ

(D Nae Thit & D Nae Khit)

၇ရက်သားသမီးများအားလုံးကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 0944 5555 695