ကလေးဖခင်တွေလည်း ကလေးမိခင်တွေလို အားရပါးရ နို့တိုက်နိုင်တော့မည်

114







source : EliteReaders

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ကလေးတစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ရတာ မလွယ်ပါဘူး။ အရွယ်ရောက်သည်အထိ မိဘတွေဟာ ပိုးမွေးသလို ဂရုတစိုက်နဲ့ မွေးကြရပါတယ်။ ကလေးတစ်ယောက်ကို စောင့်ရှောက်ရာမှာ မိခင်ဖြစ်သူက အရွယ်ရောက်လာသည်အထိ ဖခင်ထက် ပိုပြီး စောင့်ရှောက်ရတယ်လို့ ဆိုရမှာပါ။

အကြောင်းကတော့ ဖခင်တွေ တော်တော်များများဟာ ဘဝတွေ အဆင်ပြေစွာ ရပ်တည်နိုင်ရေးအတွက် ဦးဆောင်ရုန်းကန်ရသူပီပီ၊ အိမ်ကို ညဘက်မှ ပြန်ရောက်တတ်ကြလို့ပါ။ ဒီတော့ ကလေးတွေဟာ မိခင်တွေနဲ့ အထိအတွေ့ပိုများပြီး၊ သူတို့ကို ပိုခင်တွယ်တတ်တာ မဆန်းပါဘူး။

မိခင်တစ်ယောက် ကလေးနို့တိုက်ကျွေးမှုကလည်း မိခင်တွေကို ကလေးတွေက ပိုပြီခင်တွယ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ ဒီအတွက် စိတ်သိပ်ပူစရာတော့ မလိုတော့ပါဘူး။ ကလေးဖခင်တွေလည်း ကိုယ့်ကလေးကိုယ် နို့တိုက်နိုင်တော့မှာပါ။

နို့ဘူးနဲ့မဟုတ်ဘဲ၊ ဇနီးသည်လို့ ရင်ခွင်မှာ ပိုက်ပြီး ကျကျနန နို့တိုက်နိုင်ဖို့ ကုမ္ပဏီတစ်ခုက တီထွင်လိုက်တာ ဖြစ်ပါတယ်။ ကုမ္ပဏီနာမည်ကတော့ Dentsu ဖြစ်ပြီး၊ ဂျပန်အခြေစိုက် ဖြစ်ပါတယ်။ အထူး App ကိုလည်း သုံးထားပြီး နို့တိုက်ခြင်းနဲ့ အစာစားခြင်းကို ကောင်းစွာ ကြပ်မက်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ထုတ်လုပ်ထားတဲ့ Device က ဖြုတ်ရတတ်ရ လွယ်ပြီး၊ ညသန်ခေါင်း ကလေးနို့တိုက်ဖို့ မိခင်တစ်ယောက်တည်း အိပ်ရေးပျက်စရာ မလိုတော့တာရယ်၊ နို့ရည်ဖြည့်ရသွင်းရ လွယ်ကူတာရယ်က အားသာချက်တွေ ဖြစ်စေမှာပါ။ ဒီပစ္စည်းလေးသာ အသုံးတွင်ကျယ်လာရင်တော့ မိခင်တွေ အများကြီး သက်သာတော့မှာပါ။

လင်းဇော်ကို (D Nae Thit & D Nae Khit)

source : EliteReaders