တစ်ပတ်စာနာမက္ခရအထူးဟောစာတမ်း . 29.7.2019 မှ 04.8.2019 အထိ

213

(အ၊အာ၊ဣ၊အိ၊အီ၊ဥ၊ဥူ၊ဧ၊သြ) စသည့် ”အ” အသံထွက်နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ရည်ရွယ်ချက်တွေ ပြောင်းလဲမှုဖြစ် လာမည်။ မိဘနှင့် အိမ်ထောင်ဖက်ကြား၊ သားသမီးနှင့် မိဘကြား ဗျာများ နေရခြင်းနှင့် စိတ်ဆင်းရဲမှုတွေ ကြုံမည်။ ခြေထောက်တစ်ဖက်နာကျင်မှု ဖြစ်မည်။ အတွေးများပြီး အစာစားခြင်း၊ လမ်းသွားခြင်း ဂရုစိုက်ပါ။ ထီပေါက်ခြင်း၊ ငွေရခြင်း၊ စာမေးပွဲအောင်ခြင်း၊ ရာထူးတက်ခြင်း တို့ဖြစ်မည်။

အိမ်ထောင်ရေးကိစ္စ အထင်လွဲခံရ တတ်သည်။ ကျန်းမာရေးက ဝမ်းဗိုက်ဂရု စိုက်ပါ။ အစာကြေလွယ်တဲ့အစာကိုပဲဦးစားပေးစားပါ။

ယတြာ – ခင်ပွန်းကြီးဆယ်ပါးကိုရည်မှန်း ဆွမ်းကပ်လှူပါ ။

(က၊ခ၊ဂ၊ဃ၊င) နှင့်စတင်မှည့်ခေါ်ထားတဲ့ အမည်ပိုင်ရှင်များ

ဝါသနာပါရင် စ၊ဆ၊ဇ၊ည အက္ခရာဖြင့်၎၊ ၉၊ ၆ပါသော ထီလက်မှတ်ကိုရွေးချယ်ကံစမ်းစေချင်သည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျတာမျိုးသို့မဟုတ်အငယ်အနှောင်းတွေ့မည်။သတိထားပါ။ဖြေဆိုထားသောပညာရေး၊ တောင်းဆို ထားသော အချစ်ရေး၊ အင်တာဗျူးထားသော အလုပ်စာမေးပွဲများမုချ အောင်မြင်ပါသည်။

ကား၊ဆိုင် ကယ်ဂရုစိုက်မောင်းပါ။ အိမ်ထောင်ဘက်ရဲ့ချစ်ခင်ယုယမှုကိုရမည်။ပညာရေးမှာတော့ကြိုးစားထားသမျှအရာထင်အောင်မြင်ပါလိမ့် မယ်။

ယတြာ  အိမ်ဘုရားကို ထီးဖြူ ၉ လက် လှူပါ

(စ၊ဆ၊ဇ၊ဈ၊ည)နှင့် စတင်မှည်ခေါ်ထားသောအမည်ပိုင်ရှင်များ

ခရီးဝေးယာယီတွေ ရောက်မည်။ ရမည့်ငွေ ရခါနီးမှ နှောင့်နှေးတတ်သည်။ အလုပ်အကိုင် အဆင်ပြေသလို ဖြစ်ပြီးမှ ထစ်ငေါ့မှု အတိုက်အခံများ မှုတွေ ကြုံရတတ်ပါသည်။အရာရာ၂ခါ ဆောင်ရွက်ရတတ်၍ ဂရုစိုက်ပါ။ သို့သော် တိုးတက်မှု မြင့်မားမှု အောင်မြင် မှုတွေ ရပါလိမ့်မည်။

(ယ၊ရ၊လ၊၀၊ဠ)နှင့်စတင် မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ရည်ရွယ်ချက်များနေသည်။ အတွေးတွေ များနေသည်။ အလုပ်တွေ တစ်ခုမက လုပ်ချင်နေသည်။ လုပ်လည်းလုပ်နေသည်။ လုပ်သော လုပ်ငန်းတိုင်းကို ကိုယ်ကလွဲလို့ သူတစ်ပါးမသိအောင်လည်း လျို့ဝှက်မှုတွေ ရှိနေသည်။ ထိုလျို့ဝှက်ချက်မှာ ကောင်းသောလုပ်ရပ်ဖြစ်ပြီး သူတစ်ပါး သို့မဟုတ် မိသားစုသိလျှင်တားမြစ် လိမ့်မည်။ဆက်လုပ်ပါ။

(ပ၊ဖ၊ဗ၊ဘ၊မ) နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ပညာကတော့ အတိုင်း ထက်အလွန် ကောင်းနေမည်။ဆရာတစ်ဦးတစ်ယောက်ဆီမှာစတင်အမွေခံပညာယူလို့ကောင်းပါတယ်။

ယတြာ   တန်ခိုးကြီးဘုရား၏ ရင်ဘတ်တော်တွင် ရွှေသင်္ကန်းကပ်လှူပါ။

(သ၊ဟ)နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ယတြာ နံနက်ခင်းတွင် ရေအေးဖြင့်ဘုရားရှင်အား ရေသပ္ပာယ်ပါ။

(တ၊ထ၊ဒ၊ဓ၊န၊ဌ) နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ယတြာ ကန်စွန်းရွက်ကြော်နှင့် ဘုရားရှင်အားဆွမ်းကပ်လှူပါ။

၇ရက်သားသမီးများအားလုံးကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ(ဗေဒင်သုတေသီ) ( D Nae Thit )

09775555 695    09445555695