မသန္စြမ္းအဖုိးအုိရဲ႕ ေရွ႕မွာပင္ ေျဗာင္က်က် ပစၥည္းေတြ ဝင္ခုိးသြားတဲ့သူခုိး

209

အတင့္ရဲလြန္းတဲ့ သူခုိးတစ္ေယာက္ဟာ မသန္စြမ္းအဖုိးအုိရဲ႕ အိမ္ကို က်ဴးေက်ာ္ဝင္ေရာက္ၿပီး၊ အဖုိးအုိ ဝွီးခ်ဲလ္ေပၚမွာ ထုိင္ေနတာကို ျမင္လင့္ကစား၊ အတင့္ရဲစြာ အလုိရွိတာေတြကို ခုိးယူသြားပါတယ္။ ဒါေပမယ့္ အဲဒီသူခုိးဟာ ေနအိမ္မွာတပ္ဆင္ထားတဲ့ CCTV ကိုေတာ့ သတိထားမိဟန္ မတူပါဘူး။

အဖုိးဟာ ပင္စင္စားအဖုိးအုိတစ္ေယာက္ျဖစ္ၿပီး၊ လိဒ္က လူေနတိတ္ဆိတ္တဲ့ ၿခံဝင္းတစ္ခုမွာ ေနထုိင္ပါတယ္။ အဖုိးရဲ႕နာမည္ကေတာ့ Dennis Birch ျဖစ္ၿပီး၊ အသက္(၈၈)ႏွစ္ျဖစ္ၿပီး၊ ဇူလုိင္(၁၀)ရက္ေန႔ ညေန (၄)နာရီေလာက္မွာ ေျဗာင္က်က် အခုိးခံခဲ့ရတာပါ။

သူခုိးဟာ တံခါးအသင့္ပြင့္ေနတဲ့ ေနအိမ္ကို ေခ်ာင္းေျမာင္းၾကည့္႐ႈရင္း ဝီးခ်ဲလ္ေပၚထုိင္ေနတဲ့ Dennis ကုိ ျမင္သြားေတာ့ အေျခအေန ေကာင္းတယ္ဆုိတာ ခ်က္ခ်င္းတြက္ဆၿပီး အတင့္ရဲစြာဝင္လာကာ လုိတာေတြကို လွန္ေလွာယူသြားပါတယ္။ ရဲကေတာ့ သူခုိးကို ရွာေဖြေနဆဲပါ။

အဖုိး Dennis ရဲ႕ သားျဖစ္သူက Paul Daley က အဲဒီအခ်ိန္မွာ အျပင္ကို ေခတၱေရာက္ေနပါတယ္။ ေနကလည္းပူေတာ ဖခင္ ေလေအးေအးေလးရဖုိ႔အတြက္ ေနအိမ္အေရွ႕တံခါးကို ဖြင့္ထားေပးခဲ့တာပါ။ သူခုိးနဲ႔ပတ္သက္ၿပီး “အေတာ္ လက္ရဲဇက္ရဲ အေတြ႕အႀကဳံရင့္ေနတဲ့ သူခုိး”လုိ႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

သူခုိးဟာ အျခားဘာသာစကားကုိသာ ေျပာဆုိခဲ့တာေၾကာင့္၊ အဂၤလိပ္လူမ်ိဳးေတာ့ ဟုတ္ဟန္မတူပါဘူ။ ဒီလုိပဲ အဂၤလိလပ္လုိလည္း ေျပာတတ္ပုံမရပါဘူး။ သူဟာ အိမ္ထဲကိုအတင့္ရဲစြာဝင္လာၿပီး Dennis နဲ႔ မိတ္ဆက္ေနပါေသးတယ္။ ေနာက္ ပိုက္ဆံကို ဖက္ကနဲယူကာ ပုိက္ဆံေတြ ယူသြားတာပါ။

လင္းေဇာ္ကို (D Nae Thit)

source : LadBible

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အတင့်ရဲလွန်းတဲ့ သူခိုးတစ်ယောက်ဟာ မသန်စွမ်းအဖိုးအိုရဲ့ အိမ်ကို ကျူးကျော်ဝင်ရောက်ပြီး၊ အဖိုးအို ဝှီးချဲလ်ပေါ်မှာ ထိုင်နေတာကို မြင်လင့်ကစား၊ အတင့်ရဲစွာ အလိုရှိတာတွေကို ခိုးယူသွားပါတယ်။ ဒါပေမယ့် အဲဒီသူခိုးဟာ နေအိမ်မှာတပ်ဆင်ထားတဲ့ CCTV ကိုတော့ သတိထားမိဟန် မတူပါဘူး။

အဖိုးဟာ ပင်စင်စားအဖိုးအိုတစ်ယောက်ဖြစ်ပြီး၊ လိဒ်က လူနေတိတ်ဆိတ်တဲ့ ခြံဝင်းတစ်ခုမှာ နေထိုင်ပါတယ်။ အဖိုးရဲ့နာမည်ကတော့ Dennis Birch ဖြစ်ပြီး၊ အသက်(၈၈)နှစ်ဖြစ်ပြီး၊ ဇူလိုင်(၁၀)ရက်နေ့ ညနေ (၄)နာရီလောက်မှာ ဗြောင်ကျကျ အခိုးခံခဲ့ရတာပါ။

သူခိုးဟာ တံခါးအသင့်ပွင့်နေတဲ့ နေအိမ်ကို ချောင်းမြောင်းကြည့်ရှုရင်း ဝီးချဲလ်ပေါ်ထိုင်နေတဲ့ Dennis ကို မြင်သွားတော့ အခြေအနေ ကောင်းတယ်ဆိုတာ ချက်ချင်းတွက်ဆပြီး အတင့်ရဲစွာဝင်လာကာ လိုတာတွေကို လှန်လှောယူသွားပါတယ်။ ရဲကတော့ သူခိုးကို ရှာဖွေနေဆဲပါ။

အဖိုး Dennis ရဲ့ သားဖြစ်သူက Paul Daley က အဲဒီအချိန်မှာ အပြင်ကို ခေတ္တရောက်နေပါတယ်။ နေကလည်းပူတော ဖခင် လေအေးအေးလေးရဖို့အတွက် နေအိမ်အရှေ့တံခါးကို ဖွင့်ထားပေးခဲ့တာပါ။ သူခိုးနဲ့ပတ်သက်ပြီး “အတော် လက်ရဲဇက်ရဲ အတွေ့အကြုံရင့်နေတဲ့ သူခိုး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

သူခိုးဟာ အခြားဘာသာစကားကိုသာ ပြောဆိုခဲ့တာကြောင့်၊ အင်္ဂလိပ်လူမျိုးတော့ ဟုတ်ဟန်မတူပါဘူ။ ဒီလိုပဲ အင်္ဂလိလပ်လိုလည်း ပြောတတ်ပုံမရပါဘူး။ သူဟာ အိမ်ထဲကိုအတင့်ရဲစွာဝင်လာပြီး Dennis နဲ့ မိတ်ဆက်နေပါသေးတယ်။ နောက် ပိုက်ဆံကို ဖက်ကနဲယူကာ ပိုက်ဆံတွေ ယူသွားတာပါ။

လင်းဇော်ကို (D Nae Thit)

source : LadBible