ရေနစ်သေဆုံးသွားတဲ့ ကျောင်းသားလေးနဲ့ မိခင်တစ်ယောက်ရဲ့ ချစ်မေတ္တာ

288





အမွှာညီနောင် (SH – Mudon)


မုဒုံမြို့ ကန်ကြီးရေကန်၌ ရေဆော့ကစားရင်း ကလေးငယ်တစ်ဦးသေဆုံးပြန်ပြီ

မွန်ပြည်နယ် မုဒုံမြို့ ကန်ကြီးရေကန်၌ လူတစ်ဦးရေနစ်နေကြောင်း မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သို့ဖုန်းဝင်လာသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့သို့ချိတ်ဆက်၍ ကျုံဖိုက်ကျေးရွာကယ်ဆယ်ရေးအဖွဲ့ ၊

ကြာအင်ဆိပ်ကြီးကယ်ဆယ်ရေး အဖွဲ့မှလည်ချက်ချင်းအခင်းဖြစ်နေရာသို့ထွက်ခွာရာ အခင်းဖြစ်နေရာအရောက်တွင် ရေနစ်လူနာ မင်းခန့် ၁၃ နှစ် ကော့သဗြုရပ် စံပယ်လမ်း မြို့မ (၂) ရပ်နေသူအားတွေ့ရှိရ၍ မုဒုံဆေးရုံးသို့ အချိန်မှီပို့ဆောင်သော်လည် ဆေးရုံအရောက်တွင် လူနာသေဆုံးသွားကြောင်း မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။

မုဒုံမြို့ ကန်ကြီးရေကန်၌ ယခုလအတွင်း ရေဆော့သူ ၂ ဦးရေနစ်သေဆုံးသွားပြီးဖြစ်ကြောင်း သိရသည်။

အမွှာညီနောင် (SH – Mudon)

ယနေ့ ကန်ကြီးရေကန်၌ ရေနစ်သေဆုံးသွားသော (၈)တန်းကျောင်းသားလေး၏ မိခင်တစ်ယောက်ရဲ့ ချစ်မေတ္တာ

Video Credit