ဖုန္းၾကည့္တာမ်ားလြန္းလုိ႔ (၄)ႏွစ္အရြယ္မွာပဲ မ်က္လုံးခြဲစိတ္မႈခံယူခဲ့ရတဲ့ ေကာင္မေလး

1351

အသက္(၄)ႏွစ္အရြယ္ ေကာင္မေလးတစ္ေယာက္ဟာ ဖုန္းအသုံးျပဳတာ မ်ားလြန္းတဲ့အတြက္ အသက္ငယ္ငယ္မွာပဲ မ်က္လုံးခြဲစိတ္မႈ ခံယူခဲ့ရပါတယ္။ ဒီသတင္းဟာ ကေလးကုိ အလုိလုိက္ၿပီး ဖုန္းေပးကိုင္တဲ့ မိဘေတြအတြက္ သတိထားစရာပါ။ ဖုန္းကထုတ္လႊတ္တဲ့ အလင္းတန္းေတြဟာ-

ကေလးရဲ႕ မ်က္သားႏုႏုေတြကို ထိခုိက္မႈျမန္ေစပါတယ္။ လူႀကီးေတြထက္ ပုိၿပီး ထိခုိက္မႈျမန္ေစတဲ့အတြက္၊ ကေလးကို ခ်စ္ရင္ ဖုန္းေပးမကိုင္ၾကဖုိ႔၊ ဒီလုိပဲ ကြန္ပ်ဴတာနဲ႔ Tablet ေတြကုိလည္း ေပးမသုံးသင့္ဘူးလုိ႔ အႀကံျပဳေနၾကပါတယ္။ အခု ကေလးမေလးကေတာ့ လက္ေတြ႕သက္ေသပါဘဲ။

ဒီအျဖစ္အပ်က္ဟာ ထုိင္းႏုိင္ငံမွာ ျဖစ္ခဲ့တာပါ။ ကေလးမေလးရဲဲ႕ဖခင္ Dachar Nuysticker Chuayduang က ဒီအေၾကာင္းကို လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။ Dachar ရဲ႕ ေျပာဆုိခ်က္အရ သူတုိ႔ဟာ ကေလး (၂)ႏွစ္အရြယ္ကတည္းက ဖုန္းေပးသုံးခဲ့တာပါတဲ့။

ဖုန္းေပးသုံးျခင္း အေၾကာင္းအရင္းကေတာ့ သူဟာ အလုပ္မ်ားသူျဖစ္သည့္အေလွ်ာက္ ကေလး ၿငိမ္ေနေစဖုိ႔ ရည္ရြယ္ပါတယ္။ ဒီလုိနဲ႔ ေနာက္ထပ္ တစ္ႏွစ္ေက်ာ္ေလာက္အတြင္းမွာ သမီးျဖစ္သူမွာ အျမင္အာ႐ုံနဲ႔ ျပႆနာေတြ စလာပါေတာ့တယ္။ ေနာက္ေတာ့ မ်က္မွန္ ဝတ္ေပးရပါေတာ့တယ္။

ေနာက္ေတာ့ မျမင္မစမ္းပုံစံျဖစ္လာလုိ႔ ေဒါက္တာထံမွာ ျပသခဲ့ရာ သမီးေလးမွာ အျမင္အာ႐ုံဆုံး႐ႈံးျခင္း သုိ႕မဟုတ္ Lazy Eyes ကို ခံစားေနရတယ္လုိ႔ ေျပာပါတယ္။ ဒီအေျခအေနကေတာ့ မ်က္လုံးေတြဟာ တစ္လုံးနဲ႔တစ္လုံး တူညီတဲ့အခ်ိန္တစ္ခုတည္းမွာ တူညီတဲ့ အလုပ္ကို မလုပ္ႏုိင္ေတာ့တာပါ။

တစ္နည္းဆုိရရင္ အျမင္အာ႐ုံမႈန္ဝါး႐ုံသာမက၊ မ်က္လုံးေစြေစာင္းသြားတဲ့ ေရာဂါကုိပါခံစားခဲ့ရတဲ့ သေဘာျဖစ္ပါတယ္။ ၿပီးခဲ့ႏွစ္ ေအာက္တုိဘာ (၃၁)မွာ ခြဲစိတ္မႈခံယူခဲ့ရာ၊ အခုဆုိ သမီးေလးဟာ နဂုိလုိ ျပန္ေကာင္းေနပါၿပီတဲ့။ ဒါေပမယ့္ ကေလးကို ဖုန္းေပးမသုံးေတာ့ဖုိ႔ ေဒါက္တာေတြက တားျမစ္ထားပါတယ္။

ေနသူရိန္ (D Nae Thit)

source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၄)နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ ဖုန်းအသုံးပြုတာ များလွန်းတဲ့အတွက် အသက်ငယ်ငယ်မှာပဲ မျက်လုံးခွဲစိတ်မှု ခံယူခဲ့ရပါတယ်။ ဒီသတင်းဟာ ကလေးကို အလိုလိုက်ပြီး ဖုန်းပေးကိုင်တဲ့ မိဘတွေအတွက် သတိထားစရာပါ။ ဖုန်းကထုတ်လွှတ်တဲ့ အလင်းတန်းတွေဟာ-

ကလေးရဲ့ မျက်သားနုနုတွေကို ထိခိုက်မှုမြန်စေပါတယ်။ လူကြီးတွေထက် ပိုပြီး ထိခိုက်မှုမြန်စေတဲ့အတွက်၊ ကလေးကို ချစ်ရင် ဖုန်းပေးမကိုင်ကြဖို့၊ ဒီလိုပဲ ကွန်ပျူတာနဲ့ Tablet တွေကိုလည်း ပေးမသုံးသင့်ဘူးလို့ အကြံပြုနေကြပါတယ်။ အခု ကလေးမလေးကတော့ လက်တွေ့သက်သေပါဘဲ။

ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ကလေးမလေးရဲဲ့ဖခင် Dachar Nuysticker Chuayduang က ဒီအကြောင်းကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ Dachar ရဲ့ ပြောဆိုချက်အရ သူတို့ဟာ ကလေး (၂)နှစ်အရွယ်ကတည်းက ဖုန်းပေးသုံးခဲ့တာပါတဲ့။

ဖုန်းပေးသုံးခြင်း အကြောင်းအရင်းကတော့ သူဟာ အလုပ်များသူဖြစ်သည့်အလျှောက် ကလေး ငြိမ်နေစေဖို့ ရည်ရွယ်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် တစ်နှစ်ကျော်လောက်အတွင်းမှာ သမီးဖြစ်သူမှာ အမြင်အာရုံနဲ့ ပြဿနာတွေ စလာပါတော့တယ်။ နောက်တော့ မျက်မှန် ဝတ်ပေးရပါတော့တယ်။

နောက်တော့ မမြင်မစမ်းပုံစံဖြစ်လာလို့ ဒေါက်တာထံမှာ ပြသခဲ့ရာ သမီးလေးမှာ အမြင်အာရုံဆုံးရှုံးခြင်း သို့မဟုတ် Lazy Eyes ကို ခံစားနေရတယ်လို့ ပြောပါတယ်။ ဒီအခြေအနေကတော့ မျက်လုံးတွေဟာ တစ်လုံးနဲ့တစ်လုံး တူညီတဲ့အချိန်တစ်ခုတည်းမှာ တူညီတဲ့ အလုပ်ကို မလုပ်နိုင်တော့တာပါ။

တစ်နည်းဆိုရရင် အမြင်အာရုံမှုန်ဝါးရုံသာမက၊ မျက်လုံးစွေစောင်းသွားတဲ့ ရောဂါကိုပါခံစားခဲ့ရတဲ့ သဘောဖြစ်ပါတယ်။ ပြီးခဲ့နှစ် အောက်တိုဘာ (၃၁)မှာ ခွဲစိတ်မှုခံယူခဲ့ရာ၊ အခုဆို သမီးလေးဟာ နဂိုလို ပြန်ကောင်းနေပါပြီတဲ့။ ဒါပေမယ့် ကလေးကို ဖုန်းပေးမသုံးတော့ဖို့ ဒေါက်တာတွေက တားမြစ်ထားပါတယ်။

နေသူရိန် (D Nae Thit)

source : World Of Buzz