ခ်စ္သူထုတ္ျပန္တဲ့ စည္းကမ္း(၁၀)ခ်က္ကုိ လူမႈကြန္ရက္ေပၚတင္ခဲ့လုိ႔ အဆဲခံေနရတဲ့ေကာင္မေလး

207

မေလးရွားက ေကာင္မေလးတစ္ေယာက္ကေတာ့ ခ်စ္သူ ေကာင္ေလးက သူ႕ကုိ ပညတ္ေတာ္(၁၀)ပါးနဲ႔ တားဆီးခ်ဳပ္ခ်ယ္တာမ်ိဳးေတြ ျပဳလုပ္ခဲ့ၿပီး၊ ဒီ(၁၀)ခ်က္က ဘာလဲဆုိတာ လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့ပါတယ္။ အခုဆုိရင္ေတာ့ သူမဟာ လုိင္းေပၚမွာ ေဝဖန္မႈေတြ ခံေနရပါတယ္။

သူမဟာ ခ်စ္သူေကာင္ေလးက ဒါေတြမလုပ္ရဘူး၊ ဒါေတြ လုပ္ရမယ္ဆုိၿပီး ပုိ႔ထားတဲ့ မက္ေဆ့ကို လူမႈကြန္ရက္ေပၚ SS နဲ႔ ျပန္တင္ခဲ့တာပါ။ ေကာင္ေလးရဲ႕ တားျမစ္ခ်က္ထဲမွာ သူမအေနနဲ႔ စိတ္ပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ လုိက္နာဖုိ႔လုိတယ္လုိ႔ ရာဇဒဏ္ေပးခဲ့ပါေသးတယ္။

သူမဆီ ပုိ႔ေပးတဲ့ စည္းကမ္းစားရင္း SS ကုိ တင္ၿပီး ” ဒါေလးက ခ်စ္စရာေလးေပါ့.. ကၽြန္မရဲ႕ ေဆာင္ရန္ေရွာင္ရန္ေတြေလ … သူ႕ကို ကၽြန္မ ကုတ္ဖဲ့ခ်င္တယ္”ဆုိၿပီး တင္ခဲ့တာပါ။ သူမရဲ႕ခ်စ္သူက သူမကုိ မႀကိဳက္တဲ့အရာေတြ မလုပ္မိဖုိ႔ သတိေပးလုိရင္းပါ။ ဒါေပမယ့္ ဒါကို လူမႈကြန္ရက္ တင္ခဲ့ေတာ့-

သူမရဲကေကာင္ေလးဟာ စည္းကမ္းခ်က္ေတြနဲ႔ စိတၱဇလူသတ္သမား ျဖစ္ႏုိင္ေၾကာင္း၊ ဒါမွမဟုတ္ ေဂါက္ေတာက္ေတာက္ လူတစ္ေယာက္ျဖစ္ဖုိ႔ရွိေၾကာင္း၊ သူ႕ကုိ ခ်စ္သူသတ္မွတ္မဲ့အစား၊ အေဆာင္မွဴးတစ္ဦးဦးကို ရည္းစားေတာ္သင့္ေၾကာင္း ေဝဖန္ခဲ့ၾကပါတယ္။

သူမရဲ႕ စည္းကမ္းဆယ္ခ်က္ကေတာ့-

(၁) တစ္ျခားေကာင္ေလးေတြကုိ အေပါင္းအသင္းမလုပ္ရ၊
(၂) တစ္ျခားေကာင္ေလးေတြနဲ႔လည္း စကားအမ်ားႀကီး မေျပာရ၊
(၃) ေဘာင္းဘီအတြင္းကို အက်ႌထားၿပီး မဝတ္ဆင္ရ၊
(၄) တစ္ဦးတည္း လမ္းမေလွ်ာက္ရ၊
(၅) အတန္းထဲမွာ မိန္းကေလးလုိ ေနရမယ္၊

(၆) ဦးေခါင္းပုဝါကို အၿမဲလုိလုိ ဝတ္ထားရမယ္၊
(၇) ငါတစ္ေယာက္တည္းကုိပဲ ခ်စ္ရမယ္၊
(၈) Sex Chat လုံးဝမလုပ္ရ၊
(၉) ငါက မခ်စ္ဘူးလုိ႔ ဘယ္ေတာ့မွ မေတြးရ
(၁၀) ဘယ္ေတာ့မွ မလိမ္ရ … စသည္တုိ႔ ျဖစ္ပါတယ္။ ဒီစည္းကမ္းေတြဟာ တင္းၾကပ္တဲ့ စည္းကမ္းမ်ိဳးေတြမဟုတ္ေသာ္လည္း၊ လူမႈကြန္ရက္မွာေတာ့ သူမရဲ႕ခ်စ္သူေကာင္ေလးဟာ စိတ္ဓာတ္မျပည့္ဝသူ၊ အတၱႀကီးသူ စသျဖင့္ ေဝဖန္သုံးသပ္ခဲ့ၾကပါတယ္။

လင္းေဇာ္ကို (D Nae Thit)

source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မလေးရှားက ကောင်မလေးတစ်ယောက်ကတော့ ချစ်သူ ကောင်လေးက သူ့ကို ပညတ်တော်(၁၀)ပါးနဲ့ တားဆီးချုပ်ချယ်တာမျိုးတွေ ပြုလုပ်ခဲ့ပြီး၊ ဒီ(၁၀)ချက်က ဘာလဲဆိုတာ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ အခုဆိုရင်တော့ သူမဟာ လိုင်းပေါ်မှာ ဝေဖန်မှုတွေ ခံနေရပါတယ်။

သူမဟာ ချစ်သူကောင်လေးက ဒါတွေမလုပ်ရဘူး၊ ဒါတွေ လုပ်ရမယ်ဆိုပြီး ပို့ထားတဲ့ မက်ဆေ့ကို လူမှုကွန်ရက်ပေါ် SS နဲ့ ပြန်တင်ခဲ့တာပါ။ ကောင်လေးရဲ့ တားမြစ်ချက်ထဲမှာ သူမအနေနဲ့ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လိုက်နာဖို့လိုတယ်လို့ ရာဇဒဏ်ပေးခဲ့ပါသေးတယ်။

သူမဆီ ပို့ပေးတဲ့ စည်းကမ်းစားရင်း SS ကို တင်ပြီး ” ဒါလေးမိုက်တယ် .. ကျွန်မရဲ့ ဆောင်ရန်ရှောင်ရန်တွေပေါ့ … သူ့ကို ကျွန်မ ကုတ်ဖဲ့ချင်တယ်”ဆိုပြီး တင်ခဲ့တာပါ။ သူမရဲ့ချစ်သူက သူမကို မကြိုက်တဲ့အရာတွေ မလုပ်မိဖို့ သတိပေးလိုရင်းပါ။ ဒါပေမယ့် ဒါကို လူမှုကွန်ရက် တင်ခဲ့တော့-

သူမရဲကကောင်လေးဟာ စည်းကမ်းချက်တွေနဲ့ စိတ္တဇလူသတ်သမား ဖြစ်နိုင်ကြောင်း၊ ဒါမှမဟုတ် ဂေါက်တောက်တောက် လူတစ်ယောက်ဖြစ်ဖို့ရှိကြောင်း၊ သူ့ကို ချစ်သူသတ်မှတ်မဲ့အစား၊ အဆောင်မှူးတစ်ဦးဦးကို ရည်းစားတော်သင့်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။

သူမရဲ့ စည်းကမ်းဆယ်ချက်ကတော့-

(၁) တစ်ခြားကောင်လေးတွေကို အပေါင်းအသင်းမလုပ်ရ၊
(၂) တစ်ခြားကောင်လေးတွေနဲ့လည်း စကားအများကြီး မပြောရ၊
(၃) ဘောင်းဘီအတွင်းကို အကျႌထားပြီး မဝတ်ဆင်ရ၊
(၄) တစ်ဦးတည်း လမ်းမလျှောက်ရ၊
(၅) အတန်းထဲမှာ မိန်းကလေးလို နေရမယ်၊

(၆) ဦးခေါင်းပုဝါကို အမြဲလိုလို ဝတ်ထားရမယ်၊
(၇) ငါတစ်ယောက်တည်းကိုပဲ ချစ်ရမယ်၊
(၈) Sex Chat လုံးဝမလုပ်ရ၊
(၉) ငါက မချစ်ဘူးလို့ ဘယ်တော့မှ မတွေးရ
(၁၀) ဘယ်တော့မှ မလိမ်ရ … စသည်တို့ ဖြစ်ပါတယ်။ ဒီစည်းကမ်းတွေဟာ တင်းကြပ်တဲ့ စည်းကမ်းမျိုးတွေမဟုတ်သော်လည်း၊ လူမှုကွန်ရက်မှာတော့ သူမရဲ့ချစ်သူကောင်လေးဟာ စိတ်ဓာတ်မပြည့်ဝသူ၊ အတ္တကြီးသူ စသဖြင့် ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။

လင်းဇော်ကို (D Nae Thit)

source : World Of Buzz