ကေလးကို႐ုိက္ၿပီး KTVေခၚသြားကာ သီခ်င္းဆုိတဲ့မိခင္၊ ကေလးေသေနတာ မသိတဲ့အျဖစ္

1178

အသက္(၁)ႏွစ္ခြဲသာရွိေသးတဲ့ သမီးေလးကို ဆုိးဆုိးရြားရြား ႐ုိက္ႏွက္ၿပီး၊ သူငယ္ခ်င္းေတြနဲ႔အတူ ကာရာအုိေကဆုိင္ကို ေခၚသြားကာ သီခ်င္းဆုိတဲ့ အသက္(၁၇)ႏွစ္အရြယ္ မိခင္ဟာ သီခ်င္းကိုသာ သူငယ္ခ်င္းေတြနဲ႔ သံၿပိဳင္သီဆုိေနခဲ့ၿပီး၊ ကေလးေသေနတာကို မရိပ္မိခဲ့ပါဘူး။

ဒီအျဖစ္အပ်က္ဟာ ထုိင္ဝမ္ႏုိင္ငံမွာ (၂၀၁၉)၊ ဇန္နဝါရီ (၁၅)ရက္က ျဖစ္ခဲ့တာပါ။ ကေလးမေလးက ႏုိ႔ေသာက္ဖုိ႔ ျငင္းဆန္လုိ႔ အခုလုိ ႐ုိက္ႏွက္ဆုံးမခဲ့တာလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ အျခားသတင္းမွာေတာ့ သူမရဲ႕ ေကာ္စမက္တစ္ေတြကို ေမွာက္ပစ္လုိ႔လည္း ဆုိထားပါတယ္။

သတင္းမွာေတာ့ သူမ အသက္(၁၆)ႏွစ္၊ ဖခင္က အသက္(၂၀)မွာ ဒီသမီးေလးကို ေမြးခဲ့တာျဖစ္ၿပီး၊ သမီးေမြးၿပီး သိပ္မၾကာခင္မွာ လင္မယားကြဲသြားၾကတာပါ။ ဒီကေလးဟာ မိခင္ျဖစ္သူအတြက္ေတာ့ သူမဘဝရဲ႕ အေႏွာက္အယွက္လုိ႔ ျမင္လာခဲ့ပုံရတယ္လုိ႔လည္း သတင္းေတြက ဆုိပါတယ္။

ေယာက္်ားနဲ႔ကြဲၿပီး၊ သူမရဲ႕ ေဆြမ်ိဳးေတာ္စပ္သူ အမ်ိဳးသမီးငယ္(၃)ဦးနဲ႔ တစ္ခန္းတည္း စုေနခဲ့ၿပီး၊ အဲဒီအခန္းမွာ (၂၇)ႏွစ္အရြယ္ တကၠစီေမာင္းသူတစ္ဦးလည္း အတူေနပါတယ္တဲ့။ သူတုိ႔နဲ႔ ဘယ္လုိေတာ္စပ္တယ္ဆုိတာေတာ့ သတင္းမွာ မေရးထားပါဘူး။

အခင္းျဖစ္တဲ့ညမွာ ကေလးကို ေက်ာကုပ္တဲ့ အသားေခ်ာင္းနဲ႔ ျပင္းထန္စြာ ႐ုိက္ႏွက္ခဲ့ပါတယ္။ ေခါင္းကို ႏွစ္ခ်က္သုံးခ်က္ အားရွိသေလာက္ ဆင့္ရုိက္ခဲ့လုိ႔ ကေလးမေလး သတိေမ့သြားတာကုိ သူမက အိပ္ေပ်ာ္သြားတယ္လုိ႔ ထင္ခဲ့ပုံပါ။ ဒီလုိနဲ႔ ကာရာအုိေကမွာ သူမရဲ႕သူငယ္ခ်င္းေတြနဲ႔ ကဲလုိ႔ဝၿပီးမွ-

သမီးေသတာကို သိရတာပါတဲ့။ ကေလးအေမကိုေတာ့ ရဲက လူသတ္မႈနဲ႔ စြဲခ်က္တင္ခဲ့ပါတယ္။ အဆုိပါ မိခင္အေနနဲ႔ ေထာင္အနည္းဆုံး (၁၀)ႏွစ္အထိ ခ်မွတ္ခံရႏုိင္ေၾကာင္း သိရပါတယ္။ လူမႈကြန္ရက္မွာေတာ့ အဲဒီတရားခံကို သိတဲ့သူတစ္ခ်ိဳ႕က သူ႕ကိုယ္သူ အလွျပင္ဖုိ႔သာသိၿပီး၊ ကေလးကို ဘယ္လုိထိန္းရမယ္ဆုိတာ မသိတဲ့သူလုိ႔ ဆုိေနပါတယ္။

ေနသူရိန္ (D Nae Thit)

source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၁)နှစ်ခွဲသာရှိသေးတဲ့ သမီးလေးကို ဆိုးဆိုးရွားရွား ရိုက်နှက်ပြီး၊ သူငယ်ချင်းတွေနဲ့အတူ ကာရာအိုကေဆိုင်ကို ခေါ်သွားကာ သီချင်းဆိုတဲ့ အသက်(၁၇)နှစ်အရွယ် မိခင်ဟာ သီချင်းကိုသာ သူငယ်ချင်းတွေနဲ့ သံပြိုင်သီဆိုနေခဲ့ပြီး၊ ကလေးသေနေတာကို မရိပ်မိခဲ့ပါဘူး။

ဒီအဖြစ်အပျက်ဟာ ထိုင်ဝမ်နိုင်ငံမှာ (၂၀၁၉)၊ ဇန်နဝါရီ (၁၅)ရက်က ဖြစ်ခဲ့တာပါ။ ကလေးမလေးက နို့သောက်ဖို့ ငြင်းဆန်လို့ အခုလို ရိုက်နှက်ဆုံးမခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အခြားသတင်းမှာတော့ သူမရဲ့ ကော်စမက်တစ်တွေကို မှောက်ပစ်လို့လည်း ဆိုထားပါတယ်။

သတင်းမှာတော့ သူမ အသက်(၁၆)နှစ်၊ ဖခင်က အသက်(၂၀)မှာ ဒီသမီးလေးကို မွေးခဲ့တာဖြစ်ပြီး၊ သမီးမွေးပြီး သိပ်မကြာခင်မှာ လင်မယားကွဲသွားကြတာပါ။ ဒီကလေးဟာ မိခင်ဖြစ်သူအတွက်တော့ သူမဘဝရဲ့ အနှောက်အယှက်လို့ မြင်လာခဲ့ပုံရတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ယောက်ျားနဲ့ကွဲပြီး၊ သူမရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးငယ်(၃)ဦးနဲ့ တစ်ခန်းတည်း စုနေခဲ့ပြီး၊ အဲဒီအခန်းမှာ (၂၇)နှစ်အရွယ် တက္ကစီမောင်းသူတစ်ဦးလည်း အတူနေပါတယ်တဲ့။ သူတို့နဲ့ ဘယ်လိုတော်စပ်တယ်ဆိုတာတော့ သတင်းမှာ မရေးထားပါဘူး။

အခင်းဖြစ်တဲ့ညမှာ ကလေးကို ကျောကုပ်တဲ့ အသားချောင်းနဲ့ ပြင်းထန်စွာ ရိုက်နှက်ခဲ့ပါတယ်။ ခေါင်းကို နှစ်ချက်သုံးချက် အားရှိသလောက် ဆင့်ရိုက်ခဲ့လို့ ကလေးမလေး သတိမေ့သွားတာကို သူမက အိပ်ပျော်သွားတယ်လို့ ထင်ခဲ့ပုံပါ။ ဒီလိုနဲ့ ကာရာအိုကေမှာ သူမရဲ့သူငယ်ချင်းတွေနဲ့ ကဲလို့ဝပြီးမှ-

သမီးသေတာကို သိရတာပါတဲ့။ ကလေးအမေကိုတော့ ရဲက လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ အဆိုပါ မိခင်အနေနဲ့ ထောင်အနည်းဆုံး (၁၀)နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။ လူမှုကွန်ရက်မှာတော့ အဲဒီတရားခံကို သိတဲ့သူတစ်ချို့က သူ့ကိုယ်သူ အလှပြင်ဖို့သာသိပြီး၊ ကလေးကို ဘယ်လိုထိန်းရမယ်ဆိုတာ မသိတဲ့သူလို့ ဆိုနေပါတယ်။

နေသူရိန် (D Nae Thit)

source : World Of Buzz