သရက္ျမိဳ႕ ေလ်ာင္းေတာ္မူဘုရားေရွ႕အလွဴခံပုံးခိုးယူခံရ

219

သရက္ျမိဳ႕သမိုင္းဝင္ သတၱဌာနဘုရားကုန္းေတာ္ေပၚရွိ ဂႏၶကုဋီတိုက္ ေလ်ာင္းေတာ္မူဘုရားေရွ့ရွိ အလွဴခံပုံးႏွစ္လုံးအား ယေန့ နံနက္ ၂ နာရီခြဲ႔ခန္႔က ဝင္ေရာက္ခိုးယူခံခဲ့ရေၾကာင္း ေဂါပကအဖြဲ႔ထံမွ သိရသည္။

သရက္ျမိဳ႕နယ္လံုးဆိုင္ရာ သတၱဌာနဘုရားႀကီးအတြင္းရွိ အလွဴခံပုံးမ်ားအား လိုက္လံစစ္ေဆးရာ သတၱဌာန ဘုရားႀကီးအတြင္းရွိ ေလ်ာင္းေတာ္မူ ဂႏၶကုဋီတိုက္ေလ်ာင္းေတာ္မူဘုရားမ်က္ႏွာမူရာ ေရွ့မ်က္ႏွာစာ၏ ေျမာက္ဘက္ အစြန္ဆံုးရွိ အလွဴခံပုံးအား မေတြ႔ရွိ၍

ဘုရားဝန္းအတြင္း လိုက္လံၾကည့္ရႈ႕စစ္ေဆးရာ ဘုရားႀကီးေျမာက္ဘက္ အိမ္သာသံုး ေရကန္အနီးတြင္ အလွဴခံပံုးအား မွန္ခြဲလ်ွက္ေတြ႔ရွိရျပီး အလွူခံပုံးအတြင္းမွ အလွဴေငြခန့္မွန္း ၃၅၀၀၀/ ၄၀၀၀၀/ ခန္႔ ေပ်ာက္ဆံုးေနေၾကာင္း သိရွိရသည္။

အလွဴခံပံုးေဖာက္ထြင္းခိုးယူခံရမႈႏွင့္ ပတ္သက္၍ CCTV အားျပန္လည္ၾကည့္ရႈ႕ရာ ၂၅/၇/၂၀၁၉ နံနက္ ၂ နာရီ ခြဲခန္႔က မ်က္ႏွာအား အဝတ္မ်ားျခံု၍ အလွဴခံပံုးအား လူငယ္ (၂) ဦး ဝင္ေရာက္ ခိုးယူသည္ကို တပ္ဆင္ထားေသာ CCTV မွ ေတြ့ရွိရသျဖင့္

သတၱဌာနဘုရားကုန္းေတာ္ ဂႏၶကုဋီတိုက္ ေလ်ာင္းေတာ္မွဳဘုရားေရွ့ရွိ အလွဴခံပုံးအား ဝင္ေရာက္ခိုးယူသူမ်ားကုိ အေရးယူေပးပါရန္ အမႈဖြင့္လွစ္ တိုင္ၾကား ခဲ့သျဖင့္ သရက္ရဲစခန္းတြင္ ဥပေဒပုဒ္မ ၃၈၀/၂၉၅ အရ အမႈဖြင့္စံုစမ္း စစ္ေဆးလ်ွက္ရွိေၾကာင္းသရက္ရဲစခန္းမွ သိရသည္။

သတင္းႏွင့္ ဓာတ္ပုံ – ေအာင္ႀကီး  ေျမလတ္အသံ

Unicode

သရက်မြို့သမိုင်းဝင် သတ္တဌာနဘုရားကုန်းတော်ပေါ်ရှိ ဂန္ဓကုဋီတိုက် လျောင်းတော်မူဘုရားရှေ့ရှိ အလှူခံပုံးနှစ်လုံးအား ယနေ့ နံနက် ၂ နာရီခွဲ့ခန့်က ဝင်ရောက်ခိုးယူခံခဲ့ရကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီးအတွင်းရှိ အလှူခံပုံးများအား လိုက်လံစစ်ဆေးရာ သတ္တဌာန ဘုရားကြီးအတွင်းရှိ လျောင်းတော်မူ ဂန္ဓကုဋီတိုက်လျောင်းတော်မူဘုရားမျက်နှာမူရာ ရှေ့မျက်နှာစာ၏ မြောက်ဘက် အစွန်ဆုံးရှိ အလှူခံပုံးအား မတွေ့ရှိ၍

ဘုရားဝန်းအတွင်း လိုက်လံကြည့်ရှု့စစ်ဆေးရာ ဘုရားကြီးမြောက်ဘက် အိမ်သာသုံး ရေကန်အနီးတွင် အလှူခံပုံးအား မှန်ခွဲလျှက်တွေ့ရှိရပြီး အလှူခံပုံးအတွင်းမှ အလှူငွေခန့်မှန်း ၃၅၀ဝ၀/ ၄၀ဝ၀ဝ/ ခန့် ပျောက်ဆုံးနေကြောင်း သိရှိရသည်။

အလှူခံပုံးဖောက်ထွင်းခိုးယူခံရမှုနှင့် ပတ်သက်၍ CCTV အားပြန်လည်ကြည့်ရှု့ရာ ၂၅/၇/၂၀၁၉ နံနက် ၂ နာရီ ခွဲခန့်က မျက်နှာအား အဝတ်များခြုံ၍ အလှူခံပုံးအား လူငယ် (၂) ဦး ဝင်ရောက် ခိုးယူသည်ကို တပ်ဆင်ထားသော CCTV မှ တွေ့ရှိရသဖြင့် သတ္တဌာနဘုရားကုန်းတော် ဂန္ဓကုဋီတိုက် လျောင်းတော်မှုဘုရားရှေ့ရှိ အလှူခံပုံးအား ဝင်ရောက်ခိုးယူသူများကို အရေးယူပေးပါရန် အမှုဖွင့်လှစ် တိုင်ကြား ခဲ့သဖြင့် သရက်ရဲစခန်းတွင် ဥပဒေပုဒ်မ ၃၈၀/၂၉၅ အရ အမှုဖွင့်စုံစမ်း စစ်ဆေးလျှက်ရှိကြောင်းသရက်ရဲစခန်းမှ သိရသည်။

သတင်းနှင့် ဓာတ်ပုံ – အောင်ကြီး  မြေလတ်အသံ