တစ္ေန႔ကို ေရ(၈)ခြက္ထက္ ပိုေသာက္သင့္လား … ေရဓာတ္,လုိ/မလုိ ဘယ္လုိသိႏုိင္မလဲ …?

286

ပုံမွန္အားျဖင့္ေတာ့ တစ္ေန႔ကို ေရႏွစ္လီတာနဲ႔ညီမွ်တဲ့ ေရ(၈)ခြက္ေသာက္ဖို႔ ညႊန္ၾကားေလ့ရွိၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္းက်ေတာ့ ကၽြန္ေတာ္တို႔ဟာ ေရရွစ္ခြက္ထိ ေသာက္ဖို႔ရာ မလိုအပ္ေၾကာင္းကို ေလာေလာဆယ္ ေလ့လာေတြ႔ရွိခ်က္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

ေန႔စဥ္ ေရပမာဏမ်ားမ်ား ေသာက္ဖို႔ဆိုတဲ့ တိုက္တြန္းခ်က္က တစ္ဦးခ်င္းဆီမွာ ကြဲျပားႏိုင္တာေၾကာင့္ လြဲေခ်ာ္မႈ နည္းနည္းပါးပါး ရွိေနပါတယ္။ အာဟာရပိုင္းဆိုင္ရာ ေျဖရွင္းေပးေရးကုမၼဏီကို တည္ေထာင္သူ Jessica Fishman Levinson က အရည္ပမာဏလိုအပ္ခ်က္က လူတစ္ေယာက္ရဲ႕-

အသက္အရြယ္၊ လိင္၊ လႈပ္ရွားမႈပမာဏအျပင္ မိမိေနထိုင္ရာ ေနရာေဒသနဲ႔ပါသက္ ဆိုင္ေနေၾကာင္း သူရဲ႕ ေျပာျပခ်က္ကုိ ဂ်ာကာတာသတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။ တစ္ေန႔ကို လူတစ္ေယာက္ ေရပမာဏ ဘယ္ေလာက္ထိ လိုအပ္တယ္ဆုိတာကို တြက္ခ်က္ၾကည့္ လိုက္တဲ့အခါ-

လူတစ္ေယာက္ရဲ႕ ေန႔စဥ္လႈပ္ရွားမႈနဲ႔ ေရပမာဏေသာက္သုံးမႈကို ထည့္တြက္ထားပါတယ္။ ေဆးဝါးကုသေရးဌာနက အမ်ိဳးသမီးတစ္ေယာက္ဟာ ေရေသာက္ဖို႔ မလိုဘူးဆိုရင္ေတာင္ မွ ေရလီတာ (၂.၇)လီတာ ေသာက္သုံးသင့္တယ္လို႔ တိုက္တြန္းေလ့ ရွိပါတယ္။

ဘာေၾကာင့္လဲဆုိေတာ့ ေန႔စဥ္ေသာက္သုံးတဲ့ ေရပမာဏက ေရဓာတ္ပါဝင္တဲ့ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးလုိမ်ိဳး အစားအစာကေန ရရွိေနတာေၾကာင့္ ျဖစ္ပါတယ္။ Levinson က ကၽြန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္က ေရဆာေလာင္မႈ၊ အစားအစာ စားေသာက္လိုမႈကေန မိမိဘာသာမိမိ-

ေရဓာတ္ရရွိသလိုမ်ိဳး အစားအေသာက္စတာေတြကေန ေရဓာတ္ကို စုပ္ယူေနပါတယ္။ ဒါေပမယ့္ အရက္၊ ကညြတ္နဲ႔ အငန္အစားအစာေတြက ေရကို ပိုမိုေသာက္သုံးဖို႔ လိုအပ္ပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဆားငန္တဲ့ အစားအေသာက္က ေရဆာမႈကို ျဖစ္ေစပါတယ္။

ေရေသာက္သုံးမႈ ကို ေစာင့္ၾကည့္နိုင္ရမယ္ဆုိတာေၾကာင့္ ေရဓာတ္ကို ျပန္လည္ျဖည့္တင္းရမယ္ဆိုတဲ့ အယူအဆကဟာ နားညီးေအာင္ ေျပာေနတာေတာ့ မဟုတ္ပါဘူး။ ေရကို ဆာမွ ေသာက္မွာလား၊ သို႔မဟုတ္ ေရကို ပိုေသာက္ဖို႔ လိုအပ္လားဆိုတာကို သိဖို႔ မိမိတို႔ ဆီးရဲ႕အေရာင္ကို ၾကည့္ရပါမယ္။

ဒါမွ်သာမဟုတ္ပါဘူး။ ပုံမွန္အျမင္ေတြ မႈံဝါးလာၿပီဆိုရင္ ဒါ ေရေသာက္ဖို႔ အခ်က္ျပတာပါပဲ။ ေနာက္ၿပီး ေအာက္ပါေဖာ္ျပပါအရာေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေရဓာတ္လုိအပ္ေနတာကို ျပသေနတဲ့ လကၡဏာေတြ ျဖစ္ပါတယ္။

၁။ ျပင္းျပင္းထန္ထန္ ဆာေလာင္လာမႈ၊
၂။ မသိမသာေခါင္းကိုက္လာမႈ၊
၃။ ၾကြက္သားမ်ား အားနည္းလာမႈ၊ (သို႔) ၾကြက္တက္မႈ၊
၄။ အာေခါင္ေျခာက္ၿပီး အသက္႐ွဴ ခက္ခဲလာမႈ၊

အထက္ပါလကၡဏာေတြကို သတိထားၿပီးေတာ့ ကၽြန္ေတာ္တုိ႔ ခႏၶာကိုယ္က ေရဓာတ္လိုအပ္ေနၿပီဆိုတာကို လက္ခံရပါမယ္။ ဒါအျပင္ ဆာေလာင္မႈကို ခံစားေနရတာကလည္း ေရဓာတ္လိုအပ္ေနတာနဲ႔ ဆက္စပ္ေနတာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက အသင့္သုံးအစားအစာေတြကို အလြန္အကၽြံ စားၾကပါတယ္။

ဒါေပမယ့္ တကယ္က်ေတာ့ သူတို႔ ေရဓာတ္ကုိ အလုံအေလာက္ မရရွိၾကပါဘူး။ ဒါေၾကာင့္မို႔ ေရဓာတ္ကို ျဖည့္တင္းျခင္းက မိမိတို႔ရဲ႕ က်န္းမာေရးကို ေကာင္းမြန္ေစမယ့္ အဓိကအခ်က္အျဖစ္လည္း ပါဝင္ပါတယ္။ ကိုယ့္မွာ ေရဓာတ္ဘယ္ေလာက္လုိေနတာကို ဆရာဝန္ေတြထက္ ကိုယ္က ပုိသိမွာျဖစ္ပါတယ္။

မင္းႏြယ္ခန္႔ (D Nae Thit)

source : The Sun

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ပုံမှန်အားဖြင့်တော့ တစ်နေ့ကို ရေနှစ်လီတာနဲ့ညီမျှတဲ့ ရေ(၈)ခွက်သောက်ဖို့ ညွှန်ကြားလေ့ရှိကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ဟာ ရေရှစ်ခွက်ထိ သောက်ဖို့ရာ မလိုအပ်ကြောင်းကို လောလောဆယ် လေ့လာတွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

နေ့စဉ် ရေပမာဏများများ သောက်ဖို့ဆိုတဲ့ တိုက်တွန်းချက်က တစ်ဦးချင်းဆီမှာ ကွဲပြားနိုင်တာကြောင့် လွဲချော်မှု နည်းနည်းပါးပါး ရှိနေပါတယ်။ အာဟာရပိုင်းဆိုင်ရာ ဖြေရှင်းပေးရေးကုမ္မဏီကို တည်ထောင်သူ Jessica Fishman Levinson က အရည်ပမာဏလိုအပ်ချက်က လူတစ်ယောက်ရဲ့-

အသက်အရွယ်၊ လိင်၊ လှုပ်ရှားမှုပမာဏအပြင် မိမိနေထိုင်ရာ နေရာဒေသနဲ့ပါသက် ဆိုင်နေကြောင်း သူရဲ့ ပြောပြချက်ကို ဂျာကာတာသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ တစ်နေ့ကို လူတစ်ယောက် ရေပမာဏ ဘယ်လောက်ထိ လိုအပ်တယ်ဆိုတာကို တွက်ချက်ကြည့် လိုက်တဲ့အခါ-

လူတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ ရေပမာဏသောက်သုံးမှုကို ထည့်တွက်ထားပါတယ်။ ဆေးဝါးကုသရေးဌာနက အမျိုးသမီးတစ်ယောက်ဟာ ရေသောက်ဖို့ မလိုဘူးဆိုရင်တောင် မှ ရေလီတာ (၂.၇)လီတာ သောက်သုံးသင့်တယ်လို့ တိုက်တွန်းလေ့ ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ နေ့စဉ်သောက်သုံးတဲ့ ရေပမာဏက ရေဓာတ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးလိုမျိုး အစားအစာကနေ ရရှိနေတာကြောင့် ဖြစ်ပါတယ်။ Levinson က ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ရေဆာလောင်မှု၊ အစားအစာ စားသောက်လိုမှုကနေ မိမိဘာသာမိမိ-

ရေဓာတ်ရရှိသလိုမျိုး အစားအသောက်စတာတွေကနေ ရေဓာတ်ကို စုပ်ယူနေပါတယ်။ ဒါပေမယ့် အရက်၊ ကညွတ်နဲ့ အငန်အစားအစာတွေက ရေကို ပိုမိုသောက်သုံးဖို့ လိုအပ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ ဆားငန်တဲ့ အစားအသောက်က ရေဆာမှုကို ဖြစ်စေပါတယ်။

ရေသောက်သုံးမှု ကို စောင့်ကြည့်နိုင်ရမယ်ဆိုတာကြောင့် ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရမယ်ဆိုတဲ့ အယူအဆကဟာ နားညီးအောင် ပြောနေတာတော့ မဟုတ်ပါဘူး။ ရေကို ဆာမှ သောက်မှာလား၊ သို့မဟုတ် ရေကို ပိုသောက်ဖို့ လိုအပ်လားဆိုတာကို သိဖို့ မိမိတို့ ဆီးရဲ့အရောင်ကို ကြည့်ရပါမယ်။

ဒါမျှသာမဟုတ်ပါဘူး။ ပုံမှန်အမြင်တွေ မှုံဝါးလာပြီဆိုရင် ဒါ ရေသောက်ဖို့ အချက်ပြတာပါပဲ။ နောက်ပြီး အောက်ပါဖော်ပြပါအရာတွေနဲ့ ပတ်သက်ပြီးတော့လည်း ရေဓာတ်လိုအပ်နေတာကို ပြသနေတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

၁။ ပြင်းပြင်းထန်ထန် ဆာလောင်လာမှု၊
၂။ မသိမသာခေါင်းကိုက်လာမှု၊
၃။ ကြွက်သားများ အားနည်းလာမှု၊ (သို့) ကြွက်တက်မှု၊
၄။ အာခေါင်ခြောက်ပြီး အသက်ရှူ ခက်ခဲလာမှု၊

အထက်ပါလက္ခဏာတွေကို သတိထားပြီးတော့ ကျွန်တော်တို့ ခန္ဓာကိုယ်က ရေဓာတ်လိုအပ်နေပြီဆိုတာကို လက်ခံရပါမယ်။ ဒါအပြင် ဆာလောင်မှုကို ခံစားနေရတာကလည်း ရေဓာတ်လိုအပ်နေတာနဲ့ ဆက်စပ်နေတာကြောင့် လူတော်တော်များများက အသင့်သုံးအစားအစာတွေကို အလွန်အကျွံ စားကြပါတယ်။

ဒါပေမယ့် တကယ်ကျတော့ သူတို့ ရေဓာတ်ကို အလုံအလောက် မရရှိကြပါဘူး။ ဒါကြောင့်မို့ ရေဓာတ်ကို ဖြည့်တင်းခြင်းက မိမိတို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေမယ့် အဓိကအချက်အဖြစ်လည်း ပါဝင်ပါတယ်။ ကိုယ့်မှာ ရေဓာတ်ဘယ်လောက်လိုနေတာကို ဆရာဝန်တွေထက် ကိုယ်က ပိုသိမှာဖြစ်ပါတယ်။

မင်းနွယ်ခန့် (D Nae Thit)

source : The Sun