ခင်ပွန်း စိတ်လေနေမှာစိုးလို့၊ နောက်မိန်းမယူဖို့ ကိုယ်တိုင်ရှာပေးခဲ့တဲ့ ဇနီးသည်

2206

မေလးရွားႏုိင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာ ခင္ပြန္းသည္ စိတ္ေလေနမွာစုိးလုိ႔၊ ဒုတိယ မိန္းမတစ္ေယာက္ ထပ္ယူဖုိ႔ သူမကုိယ္တုိင္ ရွာေပးခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီသတင္းဟာ လူမႈကြန္ရက္ေပၚမွာ ဟုိးေလးတစ္ေက်ာ္ ျဖစ္ခဲ့ၿပီး၊ အဲဒီအမိ်ဳးသားကို အားက်သူေတြ တစ္ပုံႀကီးပါ။

ဇနီးသည္ရဲ႕အမည္မွာ Khuzatul Atiqah  ျဖစ္ၿပီး၊ သူမ ကိုယ္ဝန္စၿပီးရွိကတည္းက ခင္ပြန္းသည္ကို လုိအပ္တဲ့ဂ႐ုစုိက္မႈေတြ မလုပ္ႏုိင္မွာ စုိးခဲ့ပါတယ္။ Atiqah က သူမအေနနဲ႔ ဗုိက္ထဲက ကေလးကို အထူးဂ႐ုစုိက္ေနတဲ့အခ်ိန္ ခင္ပြန္းသည္ စိတ္ေလမွာကို အလြန္စုိးရိမ္ခဲ့ပါတယ္။


ဒီလုိနဲ႔ Atiqah ဟာ ေနာက္ထပ္ဇနီးျဖစ္လာမယ့္ အမ်ိဳးသမီးကို ကိုယ္တုိင္ရွာပုံေတာ္ဖြင့္ခဲ့ရာ၊ လအနည္းငယ္အၾကာမွာ အထူးသင့္ေတာ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕ခဲ့ပါေတာ့တယ္။ အဲဒီအမိ်ဳးသမီးကလည္း ယဥ္ယဥ္ေလးနဲ႔ အလြန္လွပသူျဖစ္ၿပီး-

မယားဝတၱရားအျပင္ ေအာက္သက္ေက်သူ အမ်ိဳးသမီးငယ္တစ္ဦး ျဖစ္ခဲ့ပါတယ္။ အလုပ္ပင္ပင္ပန္းပန္း လုပ္ၿပီး ေငြရွာေနတဲ့ ခင္ပြန္းသည္အတြက္ ညည္းေငြ႕ေနတဲ့ စိတ္ဖိအားေတြကုိ ဒီအမ်ိဳးသမီးငယ္ေလးက စြမ္းေဆာင္ရည္ျပည့္ဝစြာနဲ႔ ဖယ္ရွားေပးႏုိင္မယ္လုိ႔ Atiqah က ယူဆခဲ့ပါတယ္။

ဒုတိယဇနီးရဲ႕အမည္ကေတာ့ Nur Fathonah ပါ။ သူမနဲ႔ Atiqah တုိ႔ဟာ လူမႈကြန္ရက္မွာ သူငယ္ခ်င္းေတြအျဖစ္ သိခဲ့ၾကပါတယ္။ တကယ္ေတာ့ Nur ဟာ တစ္ခုလပ္အမ်ိဳးသမီးတစ္ေယာက္ပါ။ ခင္ပြန္းနဲ႔ကြာရွင္းၿပီး၊ ကေလးႏွစ္ေယာက္နဲ႔ ဘဝကို ႐ုန္းကန္ေနရသူပါ။

Nur ဟာ Atiqah ရဲ႕ပြင့္လင္းတဲ့ ကမ္းလွမ္းမႈကို ရက္ေတာ္ေတာ္ၾကာေအာင္ စဥ္းစားၿပီး၊ ေနာက္ဆုံး လက္ခံလုိက္ပါတယ္။ ေငြေၾကးခ်မ္းသာတဲ့ Atiqah မိသားစုက Nur နဲ႔ ကေလးေတြကို အကုန္လုံး ေစာင့္ေရွာက္ေပးဖုိ႔ သေဘာတူညီခဲ့ၿပီး၊ တစ္အိမ္တည္းမွာ ေအးခ်မ္းစြာ အတူေနၾကပါမယ္တဲ့။

နတ္စည္ေတာ္ (D Nae Thit)

source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည် စိတ်လေနေမှာစိုးလို့၊ ဒုတိယ မိန်းမတစ်ယောက် ထပ်ယူဖို့ သူမကိုယ်တိုင် ရှာပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းဟာ လူမှုကွန်ရက်ပေါ်မှာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ပြီး၊ အဲဒီအမျိုးသားကို အားကျသူတွေ တစ်ပုံကြီးပါ။

ဇနီးသည်ရဲ့အမည်မှာ Khuzatul Atiqah  ဖြစ်ပြီး၊ သူမ ကိုယ်ဝန်စပြီးရှိကတည်းက ခင်ပွန်းသည်ကို လိုအပ်တဲ့ဂရုစိုက်မှုတွေ မလုပ်နိုင်မှာ စိုးခဲ့ပါတယ်။ Atiqah က သူမအနေနဲ့ ဗိုက်ထဲက ကလေးကို အထူးဂရုစိုက်နေတဲ့အချိန် ခင်ပွန်းသည် စိတ်လေမှာကို အလွန်စိုးရိမ်ခဲ့ပါတယ်။

ဒီလိုနဲ့ Atiqah ဟာ နောက်ထပ်ဇနီးဖြစ်လာမယ့် အမျိုးသမီးကို ကိုယ်တိုင်ရှာပုံတော်ဖွင့်ခဲ့ရာ၊ လအနည်းငယ်အကြာမှာ အထူးသင့်တော်တဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ပါတော့တယ်။ အဲဒီအမျိုးသမီးကလည်း ယဉ်ယဉ်လေးနဲ့ အလွန်လှပသူဖြစ်ပြီး-

မယားဝတ္တရားအပြင် အောက်သက်ကျေသူ အမျိုးသမီးငယ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အလုပ်ပင်ပင်ပန်းပန်း လုပ်ပြီး ငွေရှာနေတဲ့ ခင်ပွန်းသည်အတွက် ညည်းငွေ့နေတဲ့ စိတ်ဖိအားတွေကို ဒီအမျိုးသမီးငယ်လေးက စွမ်းဆောင်ရည်ပြည့်ဝစွာနဲ့ ဖယ်ရှားပေးနိုင်မယ်လို့ Atiqah က ယူဆခဲ့ပါတယ်။

ဒုတိယဇနီးရဲ့အမည်ကတော့ Nur Fathonah ပါ။ သူမနဲ့ Atiqah တို့ဟာ လူမှုကွန်ရက်မှာ သူငယ်ချင်းတွေအဖြစ် သိခဲ့ကြပါတယ်။ တကယ်တော့ Nur ဟာ တစ်ခုလပ်အမျိုးသမီးတစ်ယောက်ပါ။ ခင်ပွန်းနဲ့ကွာရှင်းပြီး၊ ကလေးနှစ်ယောက်နဲ့ ဘဝကို ရုန်းကန်နေရသူပါ။

Nur ဟာ Atiqah ရဲ့ပွင့်လင်းတဲ့ ကမ်းလှမ်းမှုကို ရက်တော်တော်ကြာအောင် စဉ်းစားပြီး၊ နောက်ဆုံး လက်ခံလိုက်ပါတယ်။ ငွေကြေးချမ်းသာတဲ့ Atiqah မိသားစုက Nur နဲ့ ကလေးတွေကို အကုန်လုံး စောင့်ရှောက်ပေးဖို့ သဘောတူညီခဲ့ပြီး၊ တစ်အိမ်တည်းမှာ အေးချမ်းစွာ အတူနေကြပါမယ်တဲ့။

နတ်စည်တော် (D Nae Thit)

source : World Of Buzz