Fast and Furious 9 ဇာတ်ကားရိုက်ကွင်းမှာ၊ စတန့်သရုပ်ဆောင် ပြင်းထန်စွာဒဏ်ရာရ

134





လင်းဇော်ကို (D Nae Thit)

source : Metro

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ပရိသတ်အကြိုက် ဇာတ်ကားတစ်ခုဖြစ်တဲ့ Fast and Furious 9 ဇာတ်ကားဟာ (၂၀၂၀) မေလလောက်မှာ ပြသနိုင်မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရိုက်ကူးမှုမှာ Warner Bros Studios မှာ ရိုက်ကူးနေတာဖြစ်ပြီး၊ စတန့်သရုပ်ဆောင်တစ်ဦး ပြင်းထန်စွာ-

ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီစတန့်သရုပ်ဆောင်ဟာ အမြင့်ကနေပြုတ်ကျခဲ့တာဖြစ်ပြီး၊ ဒဏ်ရာပြင်းထန်မှုကြောင့် လေကြောင်းသူနာပြုယာဉ်နဲ့ ဆေးရုံပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။ စတန့်သမားဟာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သတိမေ့သွားတယ်လို့ သိရပါတယ်။

အခင်းဖြစ်ချိန် ရိုက်ကွင်းမှာ စတန့်သမားရဲ့ မိသားစုတွေလည်း လာရောက်ကြည့်ရှုနေခဲ့ကြောင်း သိရပြီး၊ ပြင်းထန်တဲ့ မတော်တဆမှုကြောင့် အားလုံးဟာ ထိတ်ထိတ်ပြာပြာ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပြီးနောက် ချက်ချင်းဆိုသလို ရိုက်ကွင်းအဖွဲ့ဝင်တွေက-

ရဲနဲ့ အရေးပေါ်သူနာပြုဌာနကို ဆက်သွယ်ခဲ့ပါတယ်။ Warner Bros Studios စတူရီယိုဟာ ဟက်ဖို့ရှိုင်းယား၊ Leavesden မှာ တည်ရှိပါတယ်။ လက်ရှိအချိန်ထိ တာဝန်ရှိသူတွေဘက်က စတန့်သမားရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

လင်းဇော်ကို (D Nae Thit)

source : Metro