ရည်းစားကိုအလုပ်ထုတ်လို့ဆိုပြီး ဆိုင်ရှင်ကို ဓါးနဲ့ ဝင်ခုတ်

1789

ပဲခူးတုိင္းေဒသႀကီးအေနာက္ပုိင္း ျပည္ခရုိင္၊ ေရႊေတာင္ၿမိဳ႕နယ္ သရက္ေတာရပ္ကြက္၊ တရားရုံးလမ္းေထာင့္ႏွင့္ ရန္ကုန္- ျပည္ကားလမ္းမႀကီးေဘးရွိ ကုန္စုံဆုိင္တြင္ ယမန္ေန႔က ေန႔လည္ ၁ နာရီခန္႔က ဒါးခုတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဒါးခုတ္ခံရသူ ဆုိင္ပုိင္ရွင္ ဦးေဇယ်ာညြန္႔မွ ” က်ေနာ္နဲ႔လည္း မရင္းႏွီးဘူး သိလည္းမသိဘူး။ ဘာေၾကာင့္ျဖစ္လဲဆုိတာ ရဲေတြရဲ့ေျပာၾကားခ်က္အရေတာ့ ဒီဆုိင္က အလုပ္သမားတေယာက္ကုိ သူကႀကိဳက္တယ္ေပါ့၊ အဲအလုပ္သမားက အလုပ္ထြက္သြားေတာ့ က်ေနာ္က ထုတ္တယ္ဆုိၿပီး က်ေနာ္ကုိ မဲေနတဲ့သေဘာရွိပါတယ္။” ဟု ေျပာသည္။


အဆုိပါကုန္စုံဆုိင္မွာ ေရႊေတာင္ၿမိဳ႕နယ္ တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ ဦးညြန္႔ေဝ၏ ေနအိမ္ကုန္စုံဆုိင္ျဖစ္ၿပီး ဒါျဖင့္အခုတ္ခံရသူမွာ လႊတ္ေတာ္ကုိယ္စားလွယ္၏သာျဖစ္သူ ဦးေဇယ်ာညြန္႔၏ ဘယ္ဘက္လက္အား ဒါးျဖင့္ ၃ ခ်က္ အခုတ္ခံရျခင္းျဖစ္ၿပီး၊ တရားဥပေဒအရ ျပစ္မႈက်ဴးလြန္သူကုိ ေရႊေတာင္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္းသိရသည္။

“ခုတ္တဲ့သူက ေရႊေတာင္ၿမိဳ႕နယ္ သရက္ေတာရပ္ကြက္ ႏွပ္တန္းလမ္းမွာေနတဲ့ ဘုထစ္(ေခၚ) ဟိန္းထက္စုိး အရွည္ ၂ ေတာင္ေလာက္ရွိတဲ့ ကုိင္းခုတ္ဒါးကုိကုိင္ၿပီး ေနအိမ္ထဲကုိဝင္သြားၿပီး ကုိေဇယ်ာညြန္႔ကုိ မအိေရႊစင္ရွိလားေမးတယ္။

မရွိေၾကာင္းနဲ႔ ကုိင္းခုတ္ဒါးကုိ ခ်ဖုိ႔ေျပာတဲ့အခ်ိန္မွာ ဘုထစ္က ဆဲဆုိၿပီး အသင့္ပါလာတဲ့ ကုိင္းခုတ္ဒါးနဲ႔ ဦးေဇယ်ာညြန္႔ကိုခုတ္ေတာ့ လက္ဝဲဘက္ လက္ဝါးေစာင္းမွာ တလက္မေလာက္ ျပတ္ရွဒဏ္ရာရယ္၊ ဝဲဘက္တေဒါင္မွာ လက္မဝက္ေလာက္ ျပတ္ရွဒဏ္ရာနဲ႔ ျပင္ပလူနာ(မစုိးရိမ္ရ) အဲဒိလုိ ဒဏ္ရာရရွိခဲ့တယ္” ဟု ျပည္ခရုိင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးသန္႔ဆင့္က ေျပာသည္။

ျပစ္မႈက်ူးလြန္သူ ဘုထစ္ (ေခၚ) ဟိန္းထက္စုိးအား ဦးေဇယ်ာညြန္႔မွ ေရႊေတာင္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းတြင္ ယမန္ေန႔ညေန ၅ နာရီခန္႔က အမႈဖြင့္ထားၿပီး၊ ျပစ္မႈက်ဴလြန္သူအား ရာဇသတ္ႀကီးပုဒ္မ ၄၅၂၊ ၃၂၄ ႏွင့္ ၂၉၄ တုိ႔ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

ေျမလတ္အသံ ( D Nae Thit )

Unicode

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ တရားရုံးလမ်းထောင့်နှင့် ရန်ကုန်- ပြည်ကားလမ်းမကြီးဘေးရှိ ကုန်စုံဆိုင်တွင် ယမန်နေ့က နေ့လည် ၁ နာရီခန့်က ဒါးခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒါးခုတ်ခံရသူ ဆိုင်ပိုင်ရှင် ဦးဇေယျာညွန့်မှ ” ကျနော်နဲ့လည်း မရင်းနှီးဘူး သိလည်းမသိဘူး။ ဘာကြောင့်ဖြစ်လဲဆိုတာ ရဲတွေရဲ့ပြောကြားချက်အရတော့ ဒီဆိုင်က အလုပ်သမားတယောက်ကို သူကကြိုက်တယ်ပေါ့၊ အဲအလုပ်သမားက အလုပ်ထွက်သွားတော့ ကျနော်က ထုတ်တယ်ဆိုပြီး ကျနော်ကို မဲနေတဲ့သဘောရှိပါတယ်။” ဟု ပြောသည်။

အဆိုပါကုန်စုံဆိုင်မှာ ရွှေတောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေ၏ နေအိမ်ကုန်စုံဆိုင်ဖြစ်ပြီး ဒါဖြင့်အခုတ်ခံရသူမှာ လွှတ်တော်ကိုယ်စားလှယ်၏သာဖြစ်သူ ဦးဇေယျာညွန့်၏ ဘယ်ဘက်လက်အား ဒါးဖြင့် ၃ ချက် အခုတ်ခံရခြင်းဖြစ်ပြီး၊ တရားဥပဒေအရ ပြစ်မှုကျူးလွန်သူကို ရွှေတောင်မြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

“ခုတ်တဲ့သူက ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် နှပ်တန်းလမ်းမှာနေတဲ့ ဘုထစ်(ခေါ်) ဟိန်းထက်စိုး အရှည် ၂ တောင်လောက်ရှိတဲ့ ကိုင်းခုတ်ဒါးကိုကိုင်ပြီး နေအိမ်ထဲကိုဝင်သွားပြီး ကိုဇေယျာညွန့်ကို မအိရွှေစင်ရှိလားမေးတယ်။

မရှိကြောင်းနဲ့ ကိုင်းခုတ်ဒါးကို ချဖို့ပြောတဲ့အချိန်မှာ ဘုထစ်က ဆဲဆိုပြီး အသင့်ပါလာတဲ့ ကိုင်းခုတ်ဒါးနဲ့ ဦးဇေယျာညွန့်ကိုခုတ်တော့ လက်ဝဲဘက် လက်ဝါးစောင်းမှာ တလက်မလောက် ပြတ်ရှဒဏ်ရာရယ်၊ ဝဲဘက်တဒေါင်မှာ လက်မဝက်လောက် ပြတ်ရှဒဏ်ရာနဲ့ ပြင်ပလူနာ(မစိုးရိမ်ရ) အဲဒိလို ဒဏ်ရာရရှိခဲ့တယ်” ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန့်ဆင့်က ပြောသည်။

ပြစ်မှုကျူးလွန်သူ ဘုထစ် (ခေါ်) ဟိန်းထက်စိုးအား ဦးဇေယျာညွန့်မှ ရွှေတောင်မြို့နယ် မြို့မရဲစခန်းတွင် ယမန်နေ့ညနေ ၅ နာရီခန့်က အမှုဖွင့်ထားပြီး၊ ပြစ်မှုကျူလွန်သူအား ရာဇသတ်ကြီးပုဒ်မ ၄၅၂၊ ၃၂၄ နှင့် ၂၉၄ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြေလတ်အသံ