ျမန္မာကေလးငယ္မ်ားအား သူေတာင္းစားအျဖစ္ ခိုင္းစားေနသည့္ ဂိုဏ္းအား ဖမ္းဆီး

810

ခ်င္းမိုင္ျမိဳ ့ ကေလးနဲ ့ အမ်ိဳးသမီးေစာင့္ေ၇ွာက္ေရးအဖြဲ ့ လူကုန္ကူးတိုက္ဖ်က္ေရး အဖြဲ ့နဲ ့ အမွတ္ (၅) ေဒသ ရဲတပ္ဖြဲ ့၀င္ေတြ ပူးေပါင္းေဖၚထုတ္ဖမ္းဆီးလိုက္တဲ့ လူကုန္ကူး သူေတာင္းစားဂိုဏ္း ကေန ျမန္မာကေလ;ငယ္ (၁၀) ဦးကို ကယ္တင္နိုင္ခဲ့ေၾကာင္း

ဒုရဲမွဴး ထိရဘုန္း အင္ထရလစ္ထိုင္းနဲ ့ ျမန္မာနိုင္ငံသားေတြ ပါ၀င္တဲ့ သူေတာင္းစားဂိုဏ္းဟာ ခ်င္းမိုင္ျမိဳ ့ ထဆာလာ ရပ္ကြက္မွာ အိမ္ခန္းငွားျပီး ျမန္မာနိုင္ငံက ကေလး ငယ္ေတြကို နည္းမ်ိဳးစံုနဲ ့ ၇ွာေဖြ စုေဆာင္းျပီး သူေတာင္းစားအျဖစ္ တေန ့ေန ့စားခ ဘတ္ေငြ(၆၀)ေပးကာခိုင္းစားေနၾကတာျဖစ္ပါတယ္။

ရဲတပ္ဖြဲ ့ကဖမ္းဆီးလိုက္တဲ့ သူေတာင္းစားလူကုန္ကူးဂိုဏ္း၀င္ျမန္မာနိုင္ငံသား (၆) ဦးမွာ အမ်ိဳးသမီး သံုးဦး ပါ၀င္ေနတာေတြ ့ရပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ ထိုင္းနိုင္ငံသား နိုင္အူဘြန္ နဲ ့ ထိုင္းနိုင္ငံသူThidarat Chada အသက္ ၁၆ ႏွစ္ ကိုလည္း ပူးေပါင္း ၾကံစည္မွုနဲ ့ ဖမ္းဆီးခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းနိုင္ငံမ်ာ သူေတာင္းစား ထိမ္းခ်ဳပ္ေရး ဥေပဒ Act BE 2559 (၂၀၁၆) အရ လမ္းမေစ်းနဲ ့ လူျမင္ကြင္း မည္သည့္ေနရာမွာမဆို ေငြေၾကးေတာင္းစားသူမ်ားကို ဖမ္းဆီးျပီး ေထာင္ဒဏ္တလနဲ ့ ဒဏ္ေငြ ဘတ္၁၀၀၀ ၊ခုလို လူကုန္ကူးလာျပီး ေတာင္းစားခိုင္းသူ ေတြကို ေထာင္ဒဏ္ (၃)နွစ္နဲ ့ ဒဏ္ေငြ ၃၀၀၀၀ အထိ ျပစ္ဒဏ္ခ်မွတ္မွာျဖစ္ပါတယ္။

ယခုရက္ပိုင္းအတြင္း ခ်င္းမိုင္ ေစ်းေတြမွာ ေတာင္းစားေနတဲ့ ျမန္မာနိုင္ငံသား သံုးဦးကို စတင္ဖမ္းဆီး စစ္ေဆးခဲ့ရာက ခုလို သူေတာင္းစားဂိုဏ္း၀င္ေတြနဲ ့ ကေလးေတြကိုထမ္းထားတဲ့ ေနရာကို ေဖၚထုတ္နိုင္ခဲ့တာျဖစ္ပါတယ္။အသက္(၂) နွစ္ကေန (၇) နွစ္အရြယ္ ျမန္မာကေလးငယ္ေတြကို နံနက္ပိုင္း ေစ်းေတြမွာ ေနရာခ်ေပးျပီး တေနကုန္ ေတာင္းစားခိုင္းေနတာၾကတာပါ၊

SAW

Unicode

ချင်းမိုင်မြို ့ ကလေးနဲ ့ အမျိုးသမီးစောငေ့်၇ှာက်ရေးအဖွဲ ့ လူကုန်ကူးတိုက်ဖျက်ရေး အဖွဲ ့နဲ ့ အမှတ် (၅) ဒေသ ရဲတပ်ဖွဲ ့ဝင်တွေ ပူးပေါင်းဖေါ်ထုတ်ဖမ်းဆီးလိုက်တဲ့ လူကုန်ကူး သူတောင်းစားဂိုဏ်း ကနေ မြန်မာကလေ;ငယ် (၁၀) ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း

ဒုရဲမှူး ထိရဘုန်း အင်ထရလစ်ထိုင်းနဲ ့ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ သူတောင်းစားဂိုဏ်းဟာ ချင်းမိုင်မြို ့ ထဆာလာ ရပ်ကွက်မှာ အိမ်ခန်းငှားပြီး မြန်မာနိုင်ငံက ကလေး ငယ်တွေကို နည်းမျိုးစုံနဲ ့ ၇ှာဖွေ စုဆောင်းပြီး သူတောင်းစားအဖြစ် တနေ ့နေ ့စားခ ဘတ်ငွေ(၆၀)ပေးကာခိုင်းစားနေကြတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ ့ကဖမ်းဆီးလိုက်တဲ့ သူတောင်းစားလူကုန်ကူးဂိုဏ်းဝင်မြန်မာနိုင်ငံသား (၆) ဦးမှာ အမျိုးသမီး သုံးဦး ပါဝင်နေတာတွေ ့ရပါတယ်။ အသက် ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသား နိုင်အူဘွန် နဲ ့ ထိုင်းနိုင်ငံသူThidarat Chada အသက် ၁၆ နှစ် ကိုလည်း ပူးပေါင်း ကြံစည်မှုနဲ ့ ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံမျာ သူတောင်းစား ထိမ်းချုပ်ရေး ဥပေဒ Act BE 2559 (၂၀၁၆) အရ လမ်းမဈေးနဲ ့ လူမြင်ကွင်း မည်သည့်နေရာမှာမဆို ငွေကြေးတောင်းစားသူများကို ဖမ်းဆီးပြီး ထောင်ဒဏ်တလနဲ ့ ဒဏ်ငွေ ဘတ်၁၀ဝ၀ ၊ခုလို လူကုန်ကူးလာပြီး တောင်းစားခိုင်းသူ တွေကို ထောင်ဒဏ် (၃)နှစ်နဲ ့ ဒဏ်ငွေ ၃၀ဝ၀ဝ အထိ ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း ချင်းမိုင် ဈေးတွေမှာ တောင်းစားနေတဲ့ မြန်မာနိုင်ငံသား သုံးဦးကို စတင်ဖမ်းဆီး စစ်ဆေးခဲ့ရာက ခုလို သူတောင်းစားဂိုဏ်းဝင်တွေနဲ ့ ကလေးတွေကိုထမ်းထားတဲ့ နေရာကို ဖေါ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။အသက်(၂) နှစ်ကနေ (၇) နှစ်အရွယ် မြန်မာကလေးငယ်တွေကို နံနက်ပိုင်း ဈေးတွေမှာ နေရာချပေးပြီး တနေကုန် တောင်းစားခိုင်းနေတာကြတာပါ၊

SAW