မိုင်(၁၅၀၀) ခရီးနှင်ပြီး၊ အဝေးကချစ်သူကို Surprise လုပ်ဖို့ ကြိုးစားခဲ့သော်လည်း …

3082









နတ်စည်တော် (D Nae Khit)

ယူနီကုဒ်ဖြင့်ဖတ်ရန်-

တစ်ယောက်နဲ့တစ်ယောက် မိုင်းပေါင်း ဘယ်လောက်ပဲ ဝေးနေပါစေ Long-distance relationship ကို ပိုင်ဆိုင်ထားသူတွေအဖို့ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိတယ်လို့ ယုံကြည်နေရရင်၊ ဘယ်လောက်ဝေးဝေး နီးနီးလေးလို့ ခံစားရမှာပါ။

ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ နီးနေပါစေ၊ သစ္စာမရှိဖောက်ပြန်နေရင်၊ ကမ္ဘာခြားတဲ့အထိ ဝေးစေတတ်ပါတယ်။ အခုလည် LDRS ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ မိုင်(၁၅၀၀)အဝေးမှာနေတဲ့ ချစ်သူကို Surprise လုပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ကံမကောင်းခြင်းများစွာနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။ ဒီအဖြစ်အပျက်ကို တရုတ်အခြေစိုက် တွစ်တာအသုံးပြုသူတစ်ဦးက တင်ထားတာဖြစ်ပြီး၊ တစ်ရုတ်လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာ အများစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ပို့စ်တင်ထားတဲ့ Date ကတော့ ဇူလိုင်(၁၈)ရက်၊ မနက် ညပိုင်း (၉.၃၃) ဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူတွေရဲ့ အမည်နာမတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဖြစ်စဉ်မှာ အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူကို Surprise လုပ်ဖို့ ကီလိုမီတာ (၂၄၀၀)ကနေ ခရီးနှင်ခဲ့ပါတယ်။

မိုင်အားဖြင့်ဆိုရင်တော့ (၁၄၉၁)မိုင်ဖြစ်ပြီး၊ မိုင်(၁၅၀၀)နီးပါး ခရီးနှင်ခဲ့ရတဲ့သဘောပါ။ သူဟာ ဝက်ဝံဝတ်စုံနဲ့ ချစ်သူရှိရာကိုသွားပြီး ပျော်စရာအကောင်းဆုံး Surprise လုပ်ဖို့ ကြိုးစားခဲ့သော်လည်း၊ ချစ်သူက တစ်ခြားအမျိုးသားနဲ့အတူ အကြည်ဆိုက်၊ သူ လိုက်လာတာကို မသိခဲ့ပါဘူး။

ကွယ်ရာမှာ ဖောက်ပြန်နေတဲ့ ကောင်မလေးသိသွားအောင် သူ ဦးခေါင်းစွပ်ကို ချွတ်ပြီး၊ သူတို့အတွဲကို မယုံနိုင်စွာ ငေးကြည့်နေပါတယ်။ အဲဒီတော့မှ ကောင်မလေးက သူမရဲ့ချစ်သူ သူမရှိရာကို လိုက်လာခဲ့တယ်ဆိုတာ သိလိုက်တာပါ။ သူမ အဲဒီအမျိုးသား ဝမ်းနည်းစွာ ထွက်သွားတဲ့နောက်ကို-

အမောတကောနဲ့လိုက်ပြီး ပွေ့ဖက် ဖြောင်းဖြခဲ့သော်လည်း ပျက်စီးသွားတဲ့ယုံကြည်မှုဟာ တစ်ခြား ဘာနဲ့မှ ဖြေဆေးထိုးလို့မရတဲ့ အဆိပ်အတောက်လိုပါဘဲ။ လူမှုကွန်ရက်မှာတော့ အသည်းကွဲသွားတဲ့ အမျိုးသားကို ဖောက်ပြန်သူကို စွန့်ပစ်ဖို့ တိုက်တွန်းကြသလို၊ တကယ်ချစ်သူနဲ့ တွေ့ပါစေလို့ ဆုတွေ တောင်းပေးနေကြပါတယ်။

နတ်စည်တော် (D Nae Khit)