မုဒိန်းတရားခံကို ထောင်(၄၅)ရက်ပဲ ချတဲ့တရားသူကြီးကို တရားလို မှ မျက်ခွက်ဖြတ်ရိုက်
404
Maria ရဲ့အစ်ကို
လင်းဇော်ကို (D Nae Thit)
source : Mirror
ယူနီကုဒ်ဖြင့်ဖတ်ရန်-
အဓမ္မကျင့်ခံရတဲ့ တရားလိုအမျိုးသမီးတစ်ဦးဟာ တရားသူကြီးရဲ့ ဘက်လိုက်မှုမကင်းတဲ့ စီရင်ချက်ကို မကျေမနပ်ဖြစ်ပြီး၊ တရားသူကြီးရဲ့ မျက်ခွက်ကို ဖြတ်ရိုက်ပစ်ခဲ့ကြောင်း သိရပါတယ်။ တရားလိုအမျိုးသမီးရဲ့အမည်မှာ Maria Crow ဖြစ်ပြီး အသက် (၃၁)နှစ်ပါ။ (တရားသူကြီးကို ရိုက်ဖို့ကြိုးစားပေမယ့် ဘေးကလူတွေက ဝိုင်းဆွဲလို့ မထိဘူးလို့လည်း ဆိုပါတယ်။
တရားခံအမည်ကတော့ Jared Bates ဖြစ်ပြီး၊ အသက်(၂၉)နှစ်ဖြစ်ပါတယ်။ Maria ဟာ (၂၀၁၈)ခုနှစ် ဇွန်လမှာ အရက်မူးနေတဲ့ Jared ရဲ့ အဓမ္မကျင့်ခြင်းကို ခံခဲ့ရပါတယ်။ ထိုစဉ်က Maria ဟာ အမေရိကန် Colorado ပြည်နယ်၊
Denver မြို့က သူမရဲ့နေအိမ်မှာ ရှိနေတုန်း Jared က ရောက်လာပြီး ဓားထောက်ပြီး သူမကို အဓမ္မကျင့်ခဲ့တာပါ။ ဒီအတွက် Maria ကိုယ်တိုင် တရားလို ပြုလုပ်တရားစွဲဆိုခဲ့ရာ၊ တရားသူကြီး John Madden က အမှုကို လက်ခံကြားနာခဲ့ပါတယ်။ Jared ဟာ Maria ရဲ့မောင်လေးနဲ့ သူငယ်ချင်း အရင်းတွေ ဖြစ်ပါတယ်။
Jared ကို ပြစ်မှုကျူးလွန်ပြီး နာရီပိုင်းအကြာမှာ ရဲက ဖမ်းဆီးခဲ့ပြီး၊ မုဒိမ်းမှုအပါအဝုင် ပုဒ်မ(၆)ခုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အမှုအသွားအလာအရ Jared ဟာ အမှုက ခိုင်လုံနေတဲ့အတွက် ထောင်ဒဏ် အနည်းဆုံး (၁၅)နှစ်ထိ ချမှတ်ခံရဖို့ ရှိပါတယ်။
ဒါပေမယ့် စီရင်ချက်မချမီမှာ Jared က မုဒိမ်းမှုနဲ့စွဲချက်တင်ထားတာကို လိင်ပိုင်းနှောက်ယှက်မှုနဲ့ ပြောင်းပြီးစွဲချက်တင်ဖို့ အယူခံဝင်ခဲ့ရာ၊ တရားသူကြီး John က အံ့အားသင့်ဖွယ်အနိုင်ပေးခဲ့ပါတယ်။ ဒီမှာတင်ပဲ အငြင်းပွားမှုတွေ ဖြစ်လာခဲ့ပြီး၊ တရားသူကြီးက ပြူကျင့်ခံရသူရဲ့ နစ်နာမှုတွေကို ထည့်မတွက်ဘဲ-
တရားခံ Jared ကို ဆိုင်းငံထောင်ဒဏ် (၅)နှစ်အစား၊ ထောင်ဒဏ်(၄၅)ရက်သာ ကျခံစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ကြောင့် Colorado Judicial Department အဖွဲ့မှ Judicial Code of Conduct ဝတ္တရားအရ John ရာထူးက ဆိုင်းငံ့ပြီး အမှုတွေ ကိုင်တွယ်ဆုံးဖြတ်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ ဒီအမှုကိုလည်း ပြန်လည်သုံးသပ်နေပြီး၊
လင်းဇော်ကို (D Nae Thit)
source : Mirror