ပြဲတစ္ခုမွာ ဓားနဲ႔ထုိးခံရလုိ႔ အေရးေပၚေဆး႐ုံတက္ေနရတဲ့ မင္းသား Simon Yam

153

အသက္(၆၄)ႏွစ္အရြယ္ မင္းသား Simon Yam ဟာ ႐ိႈးပြဲတစ္ခုမွာ ပရိသတ္တစ္ဦးရဲ႕ ဓားနဲ႔ထုိးတုိက္ခုိက္ျခင္းကို ခံခဲ့ရၿပီး၊ အေရးေပၚေဆး႐ုံတက္ေရာက္ခဲ့ရေၾကာင္း သိရပါတယ္။ Yam ဟာ တ႐ုတ္ႏုိင္ငံအေရွ႕ပုိင္းက အေရာင္းျမင့္တင္ေရးပြဲတစ္ခုကို ၿပီးခဲ့တဲ့ စေနေန႔က တက္ေရာက္ခဲ့တာပါ။

အဆုိပါပြဲကို တရုတ္ႏုိင္ငံ၊ ဂြမ္ေဒါင္စီရင္စု၊ Zhongshan မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး Beijing Easyhome စတုိးဆုိင္ဖြင့္ပြဲတစ္ခုလုိ႔ သိရပါတယ္။ သူဟာ ဓားနဲ႔ထုိးခံရခ်င္းမွာပဲ အေရးေပၚေဆး႐ုံ တက္ေရာက္ခဲ့ရပါတယ္။ သူဟာ အဲဒီညေလယာဥ္နဲ႔ ေဟာင္ေကာင္ကို အျမန္ျပန္လာခဲ့ၿပီး-

Adventist Hospital ေဆး႐ုံမွာ ဓားထုိးခံရတဲ့ဒဏ္ရာကို ဆက္လက္ကုသခဲ့ရေၾကာင္း သိရပါတယ္။ သူ႕အနီးမွာ ေလာေလာဆယ္ သက္ေတာ္ေစာင့္ (၃)ေယာက္ ေခၚယူထားရေၾကာင္း သိရၿပီး၊ ဒဏ္ရာအေျခအေနကေတာ့ အသက္အႏၱရာယ္ စုိးရိမ္ရေလာက္သည္အထိ မရွိပါဘူးတဲ့။

Yam ဟာ ဝမ္းဗုိက္မွာ (၃)စင္တီမီတာအနက္၊ (၂)စင္တီမီတာ အက်ယ္ရွိတဲ့ ဓားဒဏ္ရာ ရရွိခဲ့သလုိ၊ လက္ကိုလည္း ဓားနဲ႔ ထိခဲ့ေၾကာင္း သိရပါတယ္။ တရားခံကို ခ်က္ခ်င္းဆုိသလုိ ဖမ္းဆီးႏုိင္ခဲ့ၿပီး၊ နာမည္မွာ Chan လုိ႔ သိရပါတယ္။ သူ႕အသက္ကေတာ့ (၅၃)ႏွစ္ပါတဲ့။

၎တရားခံဟာ စိတ္ကစဥ့္ကလ်ား ေဝဒနာကို ခံစားေနရသူလုိ႔ သိရပါတယ္။ Yam ရဲ႕ ကုမၸဏီျဖစ္တဲ့ Emperor Entertainment Group ကေတာ့ မင္းသား Yam ရဲ႕အေျခအေနကို ဆက္တုိက္သတင္းထုတ္ျပန္ေနၿပီး၊ အေရးေပၚ ခြဲစိတ္ကုသမႈေၾကာင့္ တစ္ျခားစုိးရိမ္စရာမလုိေတာ့ဘူးလုိ႔ ေျပာပါတယ္။

လင္းေဇာ္ကို (D Nae Thit)

source : AsiaOne

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၆၄)နှစ်အရွယ် မင်းသား Simon Yam ဟာ ရှိုးပွဲတစ်ခုမှာ ပရိသတ်တစ်ဦးရဲ့ ဓားနဲ့ထိုးတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး၊ အရေးပေါ်ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရပါတယ်။ Yam ဟာ တရုတ်နိုင်ငံအရှေ့ပိုင်းက အရောင်းမြင့်တင်ရေးပွဲတစ်ခုကို ပြီးခဲ့တဲ့ စနေနေ့က တက်ရောက်ခဲ့တာပါ။

အဆိုပါပွဲကို တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်စီရင်စု၊ Zhongshan မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Beijing Easyhome စတိုးဆိုင်ဖွင့်ပွဲတစ်ခုလို့ သိရပါတယ်။ သူဟာ ဓားနဲ့ထိုးခံရချင်းမှာပဲ အရေးပေါ်ဆေးရုံ တက်ရောက်ခဲ့ရပါတယ်။ သူဟာ အဲဒီညလေယာဉ်နဲ့ ဟောင်ကောင်ကို အမြန်ပြန်လာခဲ့ပြီး-

Adventist Hospital ဆေးရုံမှာ ဓားထိုးခံရတဲ့ဒဏ်ရာကို ဆက်လက်ကုသခဲ့ရကြောင်း သိရပါတယ်။ သူ့အနီးမှာ လောလောဆယ် သက်တော်စောင့် (၃)ယောက် ခေါ်ယူထားရကြောင်း သိရပြီး၊ ဒဏ်ရာအခြေအနေကတော့ အသက်အန္တရာယ် စိုးရိမ်ရလောက်သည်အထိ မရှိပါဘူးတဲ့။

Yam ဟာ ဝမ်းဗိုက်မှာ (၃)စင်တီမီတာအနက်၊ (၂)စင်တီမီတာ အကျယ်ရှိတဲ့ ဓားဒဏ်ရာ ရရှိခဲ့သလို၊ လက်ကိုလည်း ဓားနဲ့ ထိခဲ့ကြောင်း သိရပါတယ်။ တရားခံကို ချက်ချင်းဆိုသလို ဖမ်းဆီးနိုင်ခဲ့ပြီး၊ နာမည်မှာ Chan လို့ သိရပါတယ်။ သူ့အသက်ကတော့ (၅၃)နှစ်ပါတဲ့။

၎င်းတရားခံဟာ စိတ်ကစဉ့်ကလျား ဝေဒနာကို ခံစားနေရသူလို့ သိရပါတယ်။ Yam ရဲ့ ကုမ္ပဏီဖြစ်တဲ့ Emperor Entertainment Group ကတော့ မင်းသား Yam ရဲ့အခြေအနေကို ဆက်တိုက်သတင်းထုတ်ပြန်နေပြီး၊ အရေးပေါ် ခွဲစိတ်ကုသမှုကြောင့် တစ်ခြားစိုးရိမ်စရာမလိုတော့ဘူးလို့ ပြောပါတယ်။

လင်းဇော်ကို (D Nae Thit)

source : AsiaOne