သရုပ္ေဆာင္ေအာင္ေဇာ္ ရုတ္တရက္ကြယ္လြန္

215

ျမင္းျခံသား သရုပ္ေဆာင္ေအာင္ေဇာ္ ကြယ္လြန္

ျမန္မာ့ရုပ္ရွင္ေလာကရဲ႕အႏုပညာေလာက ၾကယ္တစ္ပြင့္ျဖစ္တဲ့ သရုပ္ေဆာင္ေအာင္ေဇာ္ဟာ ယေန႔ ဇူလိုင္လ ၂၁ရက္ေန႔ ၂၀၁၉ခုနွစ္မွာ ႏွလံုးေရာဂါနဲ႔ရုတ္တရက္ကြယ္လြန္သြားေၾကာင္းသိရပါတယ္။ ရုပ္ရွင္သရုပ္ေဆာင္ ဦးေအာင္ေဇာ္ဟာ ျမင္းျခံဇာတိျဖစ္ျပီး လြန္ခဲ့တဲ့ ၁၇ရက္ေန႔ကလည္း သူရဲ႕ လူမွဳကြန္ယက္ Facebook စာမ်က္နွာေပၚမွာ ေနမေကာင္းေၾကာင္းေရးသားျပီး ဓာတ္ပံုတင္ထားခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ ပရိတ္သတ္ေတြကလည္း သူ႕အတြက္စိတ္ပူေပးခဲ့ၾကပါေသးတယ္။

ဒီေန႔မွာေတာ့ စိတ္မေကာင္းစြာနဲ႔ ရုပ္ရွင္သရုပ္ေဆာင္ဦးေအာင္ေဇာ္တစ္ေယာက္ ကြယ္လြန္သြားတယ္ဆိုတာကို သားျဖစ္သူ ရုပ္ရွင္သရုပ္ေဆာင္ စူးရွက လူမွဳကြန္ယက္ Facebook စာမ်က္ႏွာေပၚကေန အေဖဆံုးျပီလို႔ တင္ခဲ့ျပီး ၀မ္းနည္းစြာအသိေပးခဲ့တာပါ။ ပရိတ္သတ္ေတြကလည္း မိသားစုနဲ႔ထပ္တူ၀မ္းနည္းေၾကကြဲေၾကာင္း မွတ္ခ်က္ေတြကို အဲ့ဒီအသိေပးတဲ့စာေအာက္မွာ ေရးသားျပီး သူတို႔ရဲ႕စိတ္မေကာင္းေၾကာင္းကိုျပသခဲ့ၾကပါတယ္။

ရုပ္ရွင္သရုပ္ေဆာင္ဦးေအာင္ေဇာ္ဟာ ၁၉၇၁ခုႏွစ္မွာေမြးဖြားခဲ့သူျဖစ္ျပီး အခုကြယ္လြန္ခ်ိန္မွာ အသက္ ၄၈၀န္းက်င္ရွိျပီပဲျဖစ္ပါတယ္။ သူဟာႏွင္းဆီဇာတ္ကား စီအိုင္ဒီဘေကာင္းဇာတ္ကားေတြနဲ႔ သရုပ္ေဆာင္ေနရာမွာ ပရိတ္သတ္ေတြရဲ႕အားေပးမွဳကိုရရွိထားျပီး သားျဖစ္သူစူးရွဟာလည္း ရုပ္ရွင္သရုပ္ေဆာင္တစ္ဦးအေနနဲ႔ ေသြးဆိုးဆိုတဲ့ဇာတ္ကားအပါအ၀င္ အျခားဇာတ္ကားနဲ႔သီခ်င္းဗီဒီယိုေတြကို ရိုက္ကူးထားတဲ့မင္းသားတစ္လက္လဲျဖစ္ပါတယ္။

Yenin Phawah-AlinnMyay (အလင္းေျမ)

Unicode

မြင်းခြံသား သရုပ်ဆောင်အောင်ဇော် ကွယ်လွန်

မြန်မာ့ရုပ်ရှင်လောကရဲ့အနုပညာလောက ကြယ်တစ်ပွင့်ဖြစ်တဲ့ သရုပ်ဆောင်အောင်ဇော်ဟာ ယနေ့ ဇူလိုင်လ ၂၁ရက်နေ့ ၂၀၁၉ခုနှစ်မှာ နှလုံးရောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားကြောင်းသိရပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ဦးအောင်ဇော်ဟာ မြင်းခြံဇာတိဖြစ်ပြီး လွန်ခဲ့တဲ့ ၁၇ရက်နေ့ကလည်း သူရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာပေါ်မှာ နေမကောင်းကြောင်းရေးသားပြီး ဓာတ်ပုံတင်ထားခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် ပရိတ်သတ်တွေကလည်း သူ့အတွက်စိတ်ပူပေးခဲ့ကြပါသေးတယ်။

ဒီနေ့မှာတော့ စိတ်မကောင်းစွာနဲ့ ရုပ်ရှင်သရုပ်ဆောင်ဦးအောင်ဇော်တစ်ယောက် ကွယ်လွန်သွားတယ်ဆိုတာကို သားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် စူးရှက လူမှုကွန်ယက် Facebook စာမျက်နှာပေါ်ကနေ အဖေဆုံးပြီလို့ တင်ခဲ့ပြီး ဝမ်းနည်းစွာအသိပေးခဲ့တာပါ။ ပရိတ်သတ်တွေကလည်း မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲကြောင်း မှတ်ချက်တွေကို အဲ့ဒီအသိပေးတဲ့စာအောက်မှာ ရေးသားပြီး သူတို့ရဲ့စိတ်မကောင်းကြောင်းကိုပြသခဲ့ကြပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ဦးအောင်ဇော်ဟာ ၁၉၇၁ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး အခုကွယ်လွန်ချိန်မှာ အသက် ၄၈၀န်းကျင်ရှိပြီပဲဖြစ်ပါတယ်။ သူဟာနှင်းဆီဇာတ်ကား စီအိုင်ဒီဘကောင်းဇာတ်ကားတွေနဲ့ သရုပ်ဆောင်နေရာမှာ ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားပြီး သားဖြစ်သူစူးရှဟာလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအနေနဲ့ သွေးဆိုးဆိုတဲ့ဇာတ်ကားအပါအဝင် အခြားဇာတ်ကားနဲ့သီချင်းဗီဒီယိုတွေကို ရိုက်ကူးထားတဲ့မင်းသားတစ်လက်လဲဖြစ်ပါတယ်။

Yenin Phawah-AlinnMyay (အလင်းမြေ)