တုပ္ေကြးကုိေတာ့ အႏုိင္မတုိက္ႏုိင္ရွာတဲ့ တုိက္ကြမ္ဒုိ ခါးပတ္နက္ခ်န္ပီယံ ေကာင္ေလး

519

သက္ငယ္တမ္း တုိက္ကြမ္ဒုိၿပိဳင္ပြဲေတြမွာ ၿပိဳင္ဘက္ေတြကို အလဲထုိးႏုိင္ခဲ့တဲ့ အသက္(၉)ႏွစ္အရြယ္ တုိက္ကြမ္ဒုိခါးပတ္နက္ခ်ံပီယံ ေကာင္ေလးတစ္ေယာက္ကေတာ့၊ တုပ္ေကြးဆုိတဲ့ ေရာဂါဆုိးနဲ႔ ရင္ဆုိင္ရာမွာ အလဲမထုိးႏုိင္ပဲ သခၤါရသေဘာတရားကို အေစာႀကီး ျပသသြားရွာပါတယ္။

ကေလးရဲ႕နာမည္ကေတာ့ Tristan Lang ျဖစ္ၿပီး၊ သူဟာ Adenovirus virus ကူးစက္ခံရၿပီးေနာက္၊ ျပင္းထန္တုပ္ေကြးေရာဂါကို ခံစားခဲ့ရတာပါ။ အဲဒီဗုိင္းရပ္ေၾကာင္ အေမရိကန္မွာ မၾကာေသးခင္က လူ(၁၁)ဦး ေသဆုံးခဲ့ရပါတယ္။ Tristan ရဲ႕မိဘေတြကိုယ္တုိင္က သူနာျပဳေတြ ျဖစ္ၾကေသာ္လည္း-

သူတုိ႔သားေလးရဲ႕ ျပင္းထန္တဲ့ ေရာဂါကုိေတာ့ သက္သာေအာင္ ျပဳစုႏုိင္ျခင္း မရွိခဲ့ပါဘူး။ Tristan ဟာ တုိက္ကြမ္ဒုိၿပိဳင္ပြဲအတြက္ အားသြန္ခြန္စုိက္ ႀကိဳးစားခဲ့ၿပီး၊ ၿပိဳင္ပြဲမွာ ခါးပတ္နက္ ရယူႏုိင္ခဲ့ပါတယ္။ ဒီၿပိဳင္ပြဲၿပီးေနာက္ သူဟာ ခ်က္ခ်င္း အိပ္ယာထဲ လဲခဲ့ပါတယ္။

မိဘေတြျဖစ္တဲ့ Belle နဲ႔ Mark ကေတာ့ သူတုိ႔ကေလး ၿပိဳင္ပြဲမွာ တအားႀကိဳးစားခဲ့လုိ႔ ပင္ပန္းၿပီး အိပ္ယာထဲ လဲတာလုိ႔ ထင္ခဲ့ပါတယ္။ ဒါေပမယ့္ Tristan ဟာ Adenovirus virus ေၾကာင့္ ဖ်ားနာတုပ္ေကြးျဖစ္ေနတာကို မိဘေတြက မရိပ္မိခဲ့တာပါ။

ေနာက္ဆုံးေတာ့ ကေလးဟာ သတိလစ္သည္အထိ ကုိယ့္အပူရွိန္ေတြ တက္လာခဲ့ပါတယ္။ ေအာ့အန္ျခင္း၊ ေခါင္းျပင္းထန္စြာကိုက္ျခင္းေတြ ျဖစ္လာခဲ့ပါတယ္။ ေနာက္ဆုံးေတာ့ မိဘေတြလည္း မ်က္လုံးျပဴးမ်က္ဆံျပဴးနဲ႔ ကေလးကို ေဆး႐ုံပုိ႔ေပးခဲ့ရာ၊ ေရာဂါကို စစ္ေဆးရာ အေတာ္ၾကာမွာ ရွားပါးဗုိင္းရပ္စ္ကူးတာကို သိခဲ့ရတာပါ။

ေနာက္ေတာ့ ကေလးကို ေဆးေကာင္းဝါးေကာင္းေတြနဲ႔ ကယ္တင္ဖုိ႔ ႀကိဳစားခဲ့ေပမယ့္၊ ကေလးက သူ႕နာမည္ေတာင္ သူ မမွတ္မိႏုိင္ေတာ့သလုိ၊ နာရီပုိင္းအတြင္းမွာပင္ ဦးေႏွာက္က အလုပ္မလုပ္ေတာ့ပါဘူး။ အဲဒီေန႔ ညေနပုိင္းမွာပဲ ကေလးက ေန႔ျမင္ညေပ်ာက္ ေသဆုံးသြားပါေတာ့တယ္။ ႐ုိး႐ုိးဖ်ားတာပဲဆုိၿပီး ေပါ့ဆတဲ့ မိဘေတြ သတိထားသင့္ပါတယ္။

ေနသူရိန္ (D Nae Thit)

source : UniLad

ယူနီကုဒ်ဖြင့်ဖတ်ရန်-

သက်ငယ်တမ်း တိုက်ကွမ်ဒိုပြိုင်ပွဲတွေမှာ ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့တဲ့ အသက်(၉)နှစ်အရွယ် တိုက်ကွမ်ဒိုခါးပတ်နက်ချံပီယံ ကောင်လေးတစ်ယောက်ကတော့၊ တုပ်ကွေးဆိုတဲ့ ရောဂါဆိုးနဲ့ ရင်ဆိုင်ရာမှာ အလဲမထိုးနိုင်ပဲ သင်္ခါရသဘောတရားကို အစောကြီး ပြသသွားရှာပါတယ်။

ကလေးရဲ့နာမည်ကတော့ Tristan Lang ဖြစ်ပြီး၊ သူဟာ Adenovirus virus ကူးစက်ခံရပြီးနောက်၊ ပြင်းထန်တုပ်ကွေးရောဂါကို ခံစားခဲ့ရတာပါ။ အဲဒီဗိုင်းရပ်ကြောင် အမေရိကန်မှာ မကြာသေးခင်က လူ(၁၁)ဦး သေဆုံးခဲ့ရပါတယ်။ Tristan ရဲ့မိဘတွေကိုယ်တိုင်က သူနာပြုတွေ ဖြစ်ကြသော်လည်း-

သူတို့သားလေးရဲ့ ပြင်းထန်တဲ့ ရောဂါကိုတော့ သက်သာအောင် ပြုစုနိုင်ခြင်း မရှိခဲ့ပါဘူး။ Tristan ဟာ တိုက်ကွမ်ဒိုပြိုင်ပွဲအတွက် အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီး၊ ပြိုင်ပွဲမှာ ခါးပတ်နက် ရယူနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲပြီးနောက် သူဟာ ချက်ချင်း အိပ်ယာထဲ လဲခဲ့ပါတယ်။

မိဘတွေဖြစ်တဲ့ Belle နဲ့ Mark ကတော့ သူတို့ကလေး ပြိုင်ပွဲမှာ တအားကြိုးစားခဲ့လို့ ပင်ပန်းပြီး အိပ်ယာထဲ လဲတာလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် Tristan ဟာ Adenovirus virus ကြောင့် ဖျားနာတုပ်ကွေးဖြစ်နေတာကို မိဘတွေက မရိပ်မိခဲ့တာပါ။

နောက်ဆုံးတော့ ကလေးဟာ သတိလစ်သည်အထိ ကိုယ့်အပူရှိန်တွေ တက်လာခဲ့ပါတယ်။ အော့အန်ခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်းတွေ ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးတော့ မိဘတွေလည်း မျက်လုံးပြူးမျက်ဆံပြူးနဲ့ ကလေးကို ဆေးရုံပို့ပေးခဲ့ရာ၊ ရောဂါကို စစ်ဆေးရာ အတော်ကြာမှာ ရှားပါးဗိုင်းရပ်စ်ကူးတာကို သိခဲ့ရတာပါ။

နောက်တော့ ကလေးကို ဆေးကောင်းဝါးကောင်းတွေနဲ့ ကယ်တင်ဖို့ ကြိုစားခဲ့ပေမယ့်၊ ကလေးက သူ့နာမည်တောင် သူ မမှတ်မိနိုင်တော့သလို၊ နာရီပိုင်းအတွင်းမှာပင် ဦးနှောက်က အလုပ်မလုပ်တော့ပါဘူး။ အဲဒီနေ့ ညနေပိုင်းမှာပဲ ကလေးက နေ့မြင်ညပျောက် သေဆုံးသွားပါတော့တယ်။ ရိုးရိုးဖျားတာပဲဆိုပြီး ပေါ့ဆတဲ့ မိဘတွေ သတိထားသင့်ပါတယ်။

နေသူရိန် (D Nae Thit)

source : UniLad