ေဒါက္တာေတြကို အံ့အားသင့္ေစခဲ့တဲ့ ေခါင္း(၃)လုံး ၿဂိဳဟ္သူမေလး ေမြးဖြားမႈျဖစ္စဥ္

122

အိႏၵိယႏုိင္ငံ၊ အူတာပရာဒက္ရွ္ျပည္နယ္က ေဆး႐ုံတစ္ခုမွာ ကေလးမိခင္တစ္ဦးဟာ ေခါင္း(၃)လုံးပါဝင္တဲ့ သမီးေလးတစ္ဦး ေမြးဖြားခဲ့ေၾကာင္း သိရပါတယ္။ ဒီအတြက္ ေဒါက္တာေတြက အလြန္အံ့အားသင့္ေနၿပီး ေဆးဘက္ဆုိင္ရာအရ ဘာေၾကာင့္ဒီလုိျဖစ္တယ္ဆုိတာ မရွင္းလင္းေသးပါဘူး။

ကေလးမေလးရဲ႕ မိသားစုဝင္ေတြကလည္း အေတာ္ေလး အံ့ၾသေနၿပီး၊ တစ္ခ်ိဳ႕ကလည္း ဒီကေလးမေလးကို တစ္ျခားကမာၻက ၿဂိဳဟ္သား လူဝင္စားေလးသလား ထင္မွတ္ေနပါတယ္။ မ်က္ျမင္သြားေရာက္ၾကည့္႐ႈခဲ့တဲ့ Bijji Thakur က ” ကေလးက ေခါင္းသုံးလုံးနဲ႔ … ၿဂိဳဟ္သားလုိပဲ “ဆုိၿပီး မွတ္ခ်က္ေပးပါတယ္။

မိခင္ျဖစ္သူကေတာ့ သူမ ဒီသမီးေလးကို ကုိယ္ဝန္ေဆာင္ေနစဥ္မွာ တစ္ျခား ထူးျခားမႈမခံစားရေၾကာင္းဆုိပါတယ္။ ဒီေဆး႐ုံမွာက ေဆးဘက္ဆုိင္ရာ အေထာက္အကူအနဲ႔ ေဆးဝါးေတြ စုံလင္စြာမရွိလုိ႔ သူတုိ႔သားအမိကို Etah က ခ႐ုိင္ေဆး႐ုံကုိ လႊဲေျပာင္းေပးခဲ့ပါတယ္။

District Hospital မွ Chief Medical Superintendent ျဖစ္တဲ့ ေဒါက္တာ Rajesh Thakur က ကေလးမေလးကို MRI ျဖင့္ စစ္ေဆးၾကည့္ရာ၊ ကေလးမေလးဟာ ေကာင္းမြန္ျပည့္ဝစြာ ေမြးဖြားလာသူမဟုတ္ေၾကာင္း ဆုိပါတယ္။ ကေလးမေလးရဲ႕ ေခါင္းေတြကို ခြဲစိတ္ဖယ္ရွားဖုိ႔လည္း ျပင္ဆင္ခဲ့ပါတယ္။

ေဒါက္တာ Rajesh က ဒီလုိအေျခအေနအမ်ိဳးကို Encephalocele လုိ႔ ေဆးပညာက ေခၚတယ္လုိ႔ ဆုိပါတယ္။ ဒီလုိအေျခအေနနဲ႔ ေမြးလာသူ ကေလးေတြဟာ အသက္ရွည္စြာေနထုိင္ရဖုိ႔ မလြယ္ေၾကာင္း၊ (၅၅)%သာ အသက္ရွင္သန္ေလ့ရွိတယ္လုိ႔ သိရပါတယ္။

လင္းေဇာ္ကို (D Nae Thit)

source : Mirror

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အိန္ဒိယနိုင်ငံ၊ အူတာပရာဒက်ရှ်ပြည်နယ်က ဆေးရုံတစ်ခုမှာ ကလေးမိခင်တစ်ဦးဟာ ခေါင်း(၃)လုံးပါဝင်တဲ့ သမီးလေးတစ်ဦး မွေးဖွားခဲ့ကြောင်း သိရပါတယ်။ ဒီအတွက် ဒေါက်တာတွေက အလွန်အံ့အားသင့်နေပြီး ဆေးဘက်ဆိုင်ရာအရ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာ မရှင်းလင်းသေးပါဘူး။

ကလေးမလေးရဲ့ မိသားစုဝင်တွေကလည်း အတော်လေး အံ့သြနေပြီး၊ တစ်ချို့ကလည်း ဒီကလေးမလေးကို တစ်ခြားကမ္ဘာက ဂြိုဟ်သား လူဝင်စားလေးသလား ထင်မှတ်နေပါတယ်။ မျက်မြင်သွားရောက်ကြည့်ရှုခဲ့တဲ့ Bijji Thakur က ” ကလေးက ခေါင်းသုံးလုံးနဲ့ … ဂြိုဟ်သားလိုပဲ “ဆိုပြီး မှတ်ချက်ပေးပါတယ်။

မိခင်ဖြစ်သူကတော့ သူမ ဒီသမီးလေးကို ကိုယ်ဝန်ဆောင်နေစဉ်မှာ တစ်ခြား ထူးခြားမှုမခံစားရကြောင်းဆိုပါတယ်။ ဒီဆေးရုံမှာက ဆေးဘက်ဆိုင်ရာ အထောက်အကူအနဲ့ ဆေးဝါးတွေ စုံလင်စွာမရှိလို့ သူတို့သားအမိကို Etah က ခရိုင်ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။

District Hospital မှ Chief Medical Superintendent ဖြစ်တဲ့ ဒေါက်တာ Rajesh Thakur က ကလေးမလေးကို MRI ဖြင့် စစ်ဆေးကြည့်ရာ၊ ကလေးမလေးဟာ ကောင်းမွန်ပြည့်ဝစွာ မွေးဖွားလာသူမဟုတ်ကြောင်း ဆိုပါတယ်။ ကလေးမလေးရဲ့ ခေါင်းတွေကို ခွဲစိတ်ဖယ်ရှားဖို့လည်း ပြင်ဆင်ခဲ့ပါတယ်။

ဒေါက်တာ Rajesh က ဒီလိုအခြေအနေအမျိုးကို Encephalocele လို့ ဆေးပညာက ခေါ်တယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေနဲ့ မွေးလာသူ ကလေးတွေဟာ အသက်ရှည်စွာနေထိုင်ရဖို့ မလွယ်ကြောင်း၊ (၅၅)%သာ အသက်ရှင်သန်လေ့ရှိတယ်လို့ သိရပါတယ်။

လင်းဇော်ကို (D Nae Thit)

source : Mirror