ဂဠုန်ဦးစော၏ အသုံးချခံ နယ်ရုပ်( သို့မဟုတ် )အသက်အငယ်ဆုံး လူသတ်သမား
657
Unicode
သူ့နာမည်က ရန်ကြီးအောင်။ အသက် ၁၈ – နှစ် သာရှိသေးတဲ့ သေနတ်သမား။ ဦးစော ညီတဝမ်းကွဲရဲ့သား။
နိုင်ငံတော်လုပ်ကြံမှုမှာ နောက်ဆုံးအချိန်ကျမှ သူ့ကို ရွေးချယ်ခဲ့တာ။ သူ့ရဲ့ တဇောက်ကန်း စိတ်ဓာတ်ကြောင့်ဦးစောက အရင်ကတည်းမှ သဘောကျခဲ့တယ် … ။
နိုင်ငံတော်လုပ်ကြံမှု ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ – ခုနှစ်ဒီဇင်ဘာ ၃၀ – ရက်နေ့ ခုံရုံးသဘာပတိ ဟိုက်ကုတ်တ
ရားသူကြီး ဦးကျော်မြင့်၏ စီရင်ချက်အရ လက်နက်ကိုင်ပုလိပ်များ စောင့်ကြပ်လျှက် လက်ထိပ်ခတ်ထားသောပန်းရောင်ပုဆိုး၊ အင်္က ျီအဖြူ ဝတ်ဆင်ထားသူ လူငယ်ရန်ကြီးအောင်အား ရာဇသတ်ပုဒ်မ ၃၀၂(၁) (ခ)၊ အပိုဒ်(၃၄) အရ လည်ပင်းကြိုးကွင်းစွပ် မသေမခြင်းသတ်ရန်။
ထိုသို့ သေဒဏ် အမိန့်ချပြီးနောက် ရန်ကြီးအောင်၏ဖခင်ကြီးမှာ ချစ်လှစွာသော သားလေးအတွက် မွေးစာရင်းအလိမ်နှင့်တကွ (၁၈)နှစ် မပြည့် ကလေးသာသာရှိသေးကြောင်း တရားခွင်ကို ဦးတိုက်လျှောက်ထားခဲ့တယ်။
သို့သော်လည်း ဘယ်သူမပြု မိမိမှု ဆိုသလို အထူးခုံရုံးမှအယူခံကို ပယ်ချပြီး၊ ၁၉၄၈ – ခုနှစ် မေ(၈) ရက် နံနက်အာရုဏ်တက်အချိန်တွင် ရန်ကြီးအောင်အား စိန်ကြီးနှင့်အတူ ရန်ကုန်ထောင်၌ ကြိုးပေးသတ်လိုက်ရပါသည်။
ဒေဝဒတ် ဆရာတင် ဆိုသလိုမျိုး – ဆရာက ဘုရင်ဖြစ်ရင်သူလည်း အိမ်ရှေ့မင်းသားဖြစ်မယ်လို့ ထိုစဉ်က အသိဉာဏ်မဲ့ ရန်ကြီးအောင်ဆိုသည့် လူငယ်လေးဟာ တွက်ဆထားပုံရတယ်။ ယခုတော့ ရန်ကြီးအောင်ဆိုသူဟာ သမိုင်းလည်း မလှပသလို သံသရာမှာလည်း မလှပတော့ပေ။
အသိ၊ သတိ၊ ဆင်ခြင်တုံတရားများလက်ကိုင် ထားနိုင်ကြပါစေ …  James