အိႏၵိယႏုိင္ငံ၊ မြမ္ဘုိင္းၿမိဳ႕တြင္ ေလးထပ္အေဆာက္ဦ ၿပိဳက်၊ (၂)ဦးေသ၊ ဒါဇင္ေက်ာ္ပိတ္မိေန

143

အိႏၵိယႏုိင္ငံ၊ မြမ္ဘုိင္းၿမိဳ႕က လူေနအေဆာက္ဦတစ္ခု ႐ုတ္တရက္ၿပိဳက်ခဲ့တာေၾကာင့္ (၂)ဦးေသ၊ ဒါဇင္ေက်ာ္ ပိတ္မိေနဆဲျဖစ္ေၾကာင္း သိရပါတယ္။ အဆုိပါ (၄)ထပ္အေဆာက္ဦဟာ ေဆာက္လုပ္ထားတာ သက္တမ္းအေတာ္ေလး ၾကာျမင့္ေနပုံရၿပီး-

သည္းထန္လွတဲ့ မုိးေရေတြၾကားမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြက အေတာ္ခက္ခဲေနတယ္လုိ႔ ေျပာပါတယ္။ ဒီအျဖစ္အပ်က္ဟာ Dongri လူေနဧရိယာမွာ ဒီေန႔ဇူလုိင္(၁၆)ရက္ ေဒသစံေတာ္ခ်ိန္ (၁၁.၄၀)မွာ ျဖစ္ပြားခဲ့တာပါ။ ၿပိဳက်ခဲ့တဲ့ အေဆာက္ဦကေတာ့ Kesarbai အေဆာက္ဦလုိ႔ သိရပါတယ္။

Kesarbai အေဆာက္ဦရဲ႕ အလႊာအားလုံး စုစုေပါင္းေနထုိင္သူဟာ လူေပါင္း (၅၀)ေလာက္ရွိၿပီး၊ လက္ရွိအခ်ိန္မွာေတာ့ လူ(၅)ဦးကိုသာ အသက္ရွင္လွ်က္ ကယ္ဆယ္ႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒီအထဲမွာ လသားအရြယ္ ကေလးငယ္တစ္ဦးကိုလည္း မေသမေပ်ာက္ ကယ္ထားႏုိင္ပါတယ္တဲ့။

အလြန္သည္းထန္တဲ့ မုိးေရေၾကာင့္ မြန္းဘုိင္း အေဆာက္ဦအေဟာင္းတစ္ခ်ိဳ႕ဟာ ပ်က္စီးမႈေတြ ႀကဳံေနရၿပီး၊ တစ္ခ်ိဳ႕ကေတာ့ ေဆာက္လုပ္ဆဲ ႀကံ့ခုိင္ေရးမျပည့္ဝတဲ့ အေဆာက္ဦေတြလည္း ပါဝင္ေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ တနလၤာက သုံးထပ္အေဆာက္ဦ ၿပိဳက်ခဲ့ၿပီး-

အဲဒီအေဆာက္ဦပ်က္ထဲကေန လူေသအေလာင္း (၁၂)ဦးကို ဖယ္ထုတ္ခဲ့ရေၾကာင္း သိရပါတယ္။ အိႏၵိယမွာ မုတ္သုန္မုိးေၾကာင့္ အႏၱရာယ္အမ်ိဳးမ်ိဳးနဲ႔ ႀကဳံေတြ႕ရၿပီး၊ လူေပါင္း (၁၃၀)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း၊ ေသဆုံးသူေတြထဲမွာ သက္ႀကီးရြယ္အုိက အမ်ားစုျဖစ္ေၾကာင္း သိရပါတယ္။

ေနသူရိန္ (D Nae Thit)

source : Mirror

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့က လူနေအဆောက်ဦတစ်ခု ရုတ်တရက်ပြိုကျခဲ့တာကြောင့် (၂)ဦးသေ၊ ဒါဇင်ကျော် ပိတ်မိနေဆဲဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ (၄)ထပ်အဆောက်ဦဟာ ဆောက်လုပ်ထားတာ သက်တမ်းအတော်လေး ကြာမြင့်နေပုံရပြီး-

သည်းထန်လှတဲ့ မိုးရေတွေကြားမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေက အတော်ခက်ခဲနေတယ်လို့ ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ Dongri လူနေဧရိယာမှာ ဒီနေ့ဇူလိုင်(၁၆)ရက် ဒေသစံတော်ချိန် (၁၁.၄၀)မှာ ဖြစ်ပွားခဲ့တာပါ။ ပြိုကျခဲ့တဲ့ အဆောက်ဦကတော့ Kesarbai အဆောက်ဦလို့ သိရပါတယ်။

Kesarbai အဆောက်ဦရဲ့ အလွှာအားလုံး စုစုပေါင်းနေထိုင်သူဟာ လူပေါင်း (၅၀)လောက်ရှိပြီး၊ လက်ရှိအချိန်မှာတော့ လူ(၅)ဦးကိုသာ အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအထဲမှာ လသားအရွယ် ကလေးငယ်တစ်ဦးကိုလည်း မသေမပျောက် ကယ်ထားနိုင်ပါတယ်တဲ့။

အလွန်သည်းထန်တဲ့ မိုးရေကြောင့် မွန်းဘိုင်း အဆောက်ဦအဟောင်းတစ်ချို့ဟာ ပျက်စီးမှုတွေ ကြုံနေရပြီး၊ တစ်ချို့ကတော့ ဆောက်လုပ်ဆဲ ကြံ့ခိုင်ရေးမပြည့်ဝတဲ့ အဆောက်ဦတွေလည်း ပါဝင်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာက သုံးထပ်အဆောက်ဦ ပြိုကျခဲ့ပြီး-

အဲဒီအဆောက်ဦပျက်ထဲကနေ လူသေအလောင်း (၁၂)ဦးကို ဖယ်ထုတ်ခဲ့ရကြောင်း သိရပါတယ်။ အိန္ဒိယမှာ မုတ်သုန်မိုးကြောင့် အန္တရာယ်အမျိုးမျိုးနဲ့ ကြုံတွေ့ရပြီး၊ လူပေါင်း (၁၃၀)ကျော် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုက အများစုဖြစ်ကြောင်း သိရပါတယ်။

နေသူရိန် (D Nae Thit)

source : Mirror