သင်္ခါရရဲ့သဘောကို ပြောပြနေတဲ့ နှစ်(၁၀၀)ကျော်သက်တမ်းရှိ တစ်ချိန်က ဇိမ်ခံဟိုတယ်ကြီး

173

သိရသလောက်တော့ (၁၉၁၀)ခုနှစ်ကတည်းက ဒေးဗစ်ဟိုတယ်ကြီးကို တည်ဆောက်ခဲ့တာပါ။ ဒီဟိုတယ်ကြီးဟာ လူတွေ စွန့်ပစ်ခံရပြီးနောက်၊ ဘာသာရေးရုပ်ရှင် Stanley Kubrick ဇာတ်ကားထဲမှာ မြို့ရဲ့အောက်ပိုင်းက ချောက်ခြားစရာ ဟိုတယ်တစ်ခုအဖြစ် သင့်ရဲ့စိတ်ထဲမှာ စွဲကျန်ဘူးပါလိမ့်မယ်။

ဒီဟိုတယ်ကို အပြီးတိုင်ပိတ်သိမ်းပြီး တစ်နှစ်အကြာ (၂၀၀၉)ခုနှစ်ကတည်းက သက်တမ်းနှစ်(၁၀၀)ကျော်ရှိ ဒီဟိုတယ်ကြီးကို ဖြိုချဖို့ အစီစဉ်ဆွဲခဲ့ကြပါတယ်။ သူ့အချိန် သူ့ကာလတုန်းကတော့ အခန်းပေါင်း (၆၀)ရှိတဲ့ ဒီဟိုတယ်ကြီးကို နိုင်ငံခြားသားတွေနဲ့-

ဟိုတယ်ရဲ့ရှေက ဂေါက်ကွင်းမှာ ဂေါက်ရိုက်ဖို့ စုရုံးလာကြတဲ့ သန်းကြွယ်သူဌေးတွေက ကြိုတင်ပြီး အခန်းများကို ငှားရမ်းကြပါတယ်။ ဟောင်းနွမ်းနေတဲ့ မွှေ့ရာတွေနဲ့ ခန်းဆီးတွေ၊ ကျိုးပဲ့နေတဲ့ ပရိဘောဂအမှိုက်သရိုက်တွေ၊ ဆွေးမြေ့နေတဲ့ အခန်းတွေ၊ ကွာကျနေတဲ့ နံရံအလှဆင်တွေနဲ့ ပလာစတာတွေ-

ကွဲနေတဲ့ ကြမ်းပြင်တွေက ဟိုတယ်ကြီးကို အရုပ်ဆိုးစေပါတယ်။ (၁၉၀၀)ခုနှစ်ဝန်းကျင်က ဧည့်သည်တွေရဲ့ ငွေစာရင်းတွေက မာတောင့်နေပြီး သူတို့ကို ဆုတ်ဖြဲမယ့်အချိန်ကို စောင့်နေသလိုပါပဲ။ ဆယ်စုနှစ်တစ်ခုကြာအောင် ဧည့်သည်တွေရဲ့ ငွေပေးချေမှုက ရပ်ဆိုင်းထားသလို ဖြစ်ပေမယ့်-

ဆွေးမြေ့ပြီး တွဲလွဲကျနေတဲ့ အချင်တွေထုတ်တန်းတွေမှာ လင်းနို့တွေရှိနေတဲ့ ဟိုတယ်ဟောင်းကြီးကို လူမဟုတ်တဲ့ ခရီးသွားတွေကတော့ လာနေမြဲပါပဲ။ အကောင်သေးသေး မြင်းခွါပုံစံလင်းနို့တွေက ခေါင်ရိုးကို တွဲလွဲဆွဲပြီးတော့ အသံတွေ ပေးလို့ပေါ့။ ဒီလင်းနို့မျိုးစိတ်တွေက UK နိုင်ငံမှာတော့ အကောင်ရေ ကျဆင်းနေပါပြီ။

ဒါပေမယ့် ဝေးလ်ပြည်နယ်က Harlech လို နေရာမျိုးတွေမှာ ပြန်လည်နေထိုင် ကျက်စားနေကြပါတယ်။ Snowdonia အမျိုးသားဥယာဉ် အာဏာပိုင်တွေက လင်းနို့တွေကို ကာကွယ်ဖို့ ဒီအဆောက်ဦးဟောင်း နေရာမှာ အဆောက်ဦးကြီးတစ်ခု တည်ဆောက်မယ့် အစီစဉ်ကို မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။

ဒီအဆောက်ဦးကြီးကို ဖြိုချပြီး ပြန်လည်တည်ဆောက်ဖို့ ပျက်ကွက်လို့ဒဏ်ငွေ ပေါင်(၂၀၀၀၀) အတပ်ခံရတဲ့ Gibraltar-အခြေစိုက် Company နဲ့ Snowdonia အမျိုးသားဥယာဉ် အာဏာပိုင်တွေကြားမှာ အငြင်းပွားဖွယ်ရာတွေ အချိန်အကြာကြီး ဖြစ်နေပါတယ်။

စိန့်ဒေးဗစ်ဟိုတယ်ကြီးကို (၂၀၀၉)ခုနှစ်မှာ ဖြိုချပြီး အခန်းပေါင်း (၁၃၀)နဲ့ အားလပ်ရက် အပန်းဖြေတိုက်ခန်း ပေါင်း (၇၆)ခုနဲ့ အစားထိုးတည်ဆောက်ဖို့ရာ ခွင့်ပြုချက်ရယူပြီး ဖြစ်ပါတယ်။ ဒီနေ့ထိတော့ ဘာမှဖြစ်မလာ သေးပါဘူး။ ဒီအဆောက်ဦးရဲ့ ပုံစံကို (၂၀)ရာစုနှစ်မှာ အကျော်ကြားဆုံး-

စကော့လူမျိုး ဗိသုကာပညာရှင် ဂျော့ဟင်နရီဝလ်တန်က ပုံစံထုတ်ထားတာ ဖြစ်ပါတယ်။ (၁၉၂၂)ခုနှစ်မှာ စိန့်ဒေးဗစ်ဟိုတယ်ကြီးဟာ မီးလောင်ကျွမ်းခဲ့ပါတယ်။ သူ့ရဲ့ တည်ဆောက်ထားတဲ့ မူရင်းပုံစံ လည်း မီးထဲပါသွားခဲ့ပါတယ်။ ဒီဟိုတယ်ကို ပြန်လည်ပြင်ဆင်တဲ့အခါမှာလည်း မူရင်းပုံရိပ်တော်တော် များများ ပျောက်ကွယ် သွားခဲ့ပါတယ်။ အခုထိတော့ စိန့်ဒေးဗစ်ဟိုတယ်ကြီးဟာ ခြောက်ခြားဖွယ် အဆောက်ဦးတစ်ခုအဖြစ် ကမ္ဘာ့အလည်မှာ ရပ်တည်လျက်ပါပဲ။

မင်းနွယ်ခန့် (D Nae Thit)

source : Wales On Line