ႏႈတ္သီးနဲ႔မ်က္လုံးထဲမွ ေသြးထြက္က်ေနတဲ့ ငွက္ေကာင္ေရ(၆၀) ေကာင္းကင္မွ ျပဳတ္က်လာမႈ

188

ေဘးမဲ့ေပးထားတဲ့ ငွက္မ်ား အဆိပ္မိခဲ့ပုံရၿပီး ေကာင္းကင္ေပၚကေန ေသြမ်ားေပက်ံလ်က္အေနအထားနဲ႔ ျပဳတ္က်လာခဲ့ပါတယ္။ ငွက္ေတာ္ေတာ္မ်ားမ်ားက ကတၱဝါငွက္အုပ္စုဝင္ ႏႈတ္သီးရွည္ၾသစေတးလ်ကတၱဝါမ်ား ျဖစ္ၾကပါတယ္။ ဒီျဖစ္ရပ္ဟာ ၾသစေတးလ်ေတာင္ပိုင္းမွာ ျဖစ္ပြားခဲ့တယ္လို႔ The Mirror သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။

ငွက္ကယ္ဆယ္ေရးေတြ အခင္းျဖစ္ပြားတဲ့ေနရာကို ေရာက္ရွိခ်ိန္မွာ တခ်ိဳ႕ငွက္ေတြက ေစာေစာကတည္းက ေသဆုံးႏွင့္ၿပီးသား ျဖစ္ေနခဲ့ပါတယ္။ မ်က္ျမင္သက္ေသေတြရဲ႕ ေျပာျပခ်က္အရ တခ်ိဳ႕ငွက္ေတြက အသက္ရွင္ေနခဲ့ေသာ္လည္းပဲ မ်က္လုံးနဲ႔ ပါးစပ္ေတြကေန ေသြးေတြထြက္ေနခဲ့ပါတယ္။

ငွက္ေတြကို တိကုဆရာဝန္ဆီ ယူလာခဲ့ေသာ္လည္းပဲ ပုံမွန္မဟုတ္ပဲ ယိမ္းထိုးေလ်ာက္သြားေနတဲ့ ငွက္ေပါင္း (၆၀)ေလာက္ ေသဆုံးေနတာကို ေတြ႔ခဲ့ရပါတယ္။ Casper ငွက္ကယ္ဆယ္ေရးတည္ေထာင္သူ King က ဂါးဒီယန္းသတင္းစာကို ေျပာျပတာကေတာ့-

ကတၱဝါငွက္ေတြ သစ္ပင္ေတြေပၚကေရာ ေကာင္းကင္ေပၚကေနပါ ေရွ႕မွာ ျပဳတ္ၾကေနတာကို သူ႔ရဲ႕ဝန္ထမ္းတစ္ေယာက္က ဖုန္းဆက္ေျပာခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ သူမက ထိတ္လန္႔စရာ ဗီြဒီယုိကို တစ္ခါတည္း ထုတ္လႊင့္ျပသခဲ့ပါတယ္။ သူက “ငွက္ေတြက မပ်ံႏိုင္ေတာ့ဘူး … ေျမႀကီးေပၚမွာ-

နာက်င္စြာ ၿငီးျငဴေနၿပီး လဲေနၾကတယ္ … တခ်ိဳ႕ငွက္ေတြကဆို ပါးစပ္ထဲက ေသြးေတြထြက္ေနတယ္ … အရင္က ဒီလုိ ျမင္ဖူးထားေတာ့ အဆိပ္မိတာပဲလုိ႔ ကၽြန္မတို႔ သိလိုက္တယ္”လုိ႔ ဘီဘီစီသတင္းဌာနကို ေျပာျပခဲ့ပါတယ္။ King က ငွက္ေတြဟာ ရက္သတၱပတ္ အေတာ္ၾကာေအာင္-

ဒုကၡခံစားရမယ့္ ေၾကာက္စရာ စားေသအဆိပ္ မိထားတယ္လို႔ ယုံၾကည္ထားပါတယ္။ ဒီငွက္မ်ိဳးစိတ္ဟာ လမ္းေဘးမီးေရာင္နဲ႔ ေကာက္ပဲသီးႏွံကို ေႏွာက္ယွက္ဖ်က္ဆီးတတ္တဲ့ တိရစၦာန္အေသေကာင္ေလးေတြကို စားေသာက္တတ္ၾကလို႔ စိုးရိမ္ေနခဲ့ၾကပါတယ္။ ေဘးမဲ့ငွက္မ်ားကို အႏၱရာယ္ေပးသူ မည္သူမဆုိ ေတြ႔ရွိပါက ဒဏ္ေၾကးေငြႏွင့္ ေထာင္ဒဏ္ထိ က်ခံရႏိုင္ပါတယ္။

မင္းႏြယ္ခန္႔ (D Nae Thit)

source : Wales On Line

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ဘေးမဲ့ပေးထားတဲ့ ငှက်များ အဆိပ်မိခဲ့ပုံရပြီး ကောင်းကင်ပေါ်ကနေ သွေများပေကျံလျက်အနေအထားနဲ့ ပြုတ်ကျလာခဲ့ပါတယ်။ ငှက်တော်တော်များများက ကတ္တဝါငှက်အုပ်စုဝင် နှုတ်သီးရှည်သြစတေးလျကတ္တဝါများ ဖြစ်ကြပါတယ်။ ဒီဖြစ်ရပ်ဟာ သြစတေးလျတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ The Mirror သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ငှက်ကယ်ဆယ်ရေးတွေ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိချိန်မှာ တချို့ငှက်တွေက စောစောကတည်းက သေဆုံးနှင့်ပြီးသား ဖြစ်နေခဲ့ပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ တချို့ငှက်တွေက အသက်ရှင်နေခဲ့သော်လည်းပဲ မျက်လုံးနဲ့ ပါးစပ်တွေကနေ သွေးတွေထွက်နေခဲ့ပါတယ်။

ငှက်တွေကို တိကုဆရာဝန်ဆီ ယူလာခဲ့သော်လည်းပဲ ပုံမှန်မဟုတ်ပဲ ယိမ်းထိုးလျောက်သွားနေတဲ့ ငှက်ပေါင်း (၆၀)လောက် သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ Casper ငှက်ကယ်ဆယ်ရေးတည်ထောင်သူ King က ဂါးဒီယန်းသတင်းစာကို ပြောပြတာကတော့-

ကတ္တဝါငှက်တွေ သစ်ပင်တွေပေါ်ကရော ကောင်းကင်ပေါ်ကနေပါ ရှေ့မှာ ပြုတ်ကြနေတာကို သူ့ရဲ့ဝန်ထမ်းတစ်ယောက်က ဖုန်းဆက်ပြောခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူမက ထိတ်လန့်စရာ ဗွီဒီယိုကို တစ်ခါတည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။ သူက “ငှက်တွေက မပျံနိုင်တော့ဘူး … မြေကြီးပေါ်မှာ-

နာကျင်စွာ ငြီးငြူနေပြီး လဲနေကြတယ် … တချို့ငှက်တွေကဆို ပါးစပ်ထဲက သွေးတွေထွက်နေတယ် … အရင်က ဒီလို မြင်ဖူးထားတော့ အဆိပ်မိတာပဲလို့ ကျွန်မတို့ သိလိုက်တယ်”လို့ ဘီဘီစီသတင်းဌာနကို ပြောပြခဲ့ပါတယ်။ King က ငှက်တွေဟာ ရက်သတ္တပတ် အတော်ကြာအောင်-

ဒုက္ခခံစားရမယ့် ကြောက်စရာ စားသေအဆိပ် မိထားတယ်လို့ ယုံကြည်ထားပါတယ်။ ဒီငှက်မျိုးစိတ်ဟာ လမ်းဘေးမီးရောင်နဲ့ ကောက်ပဲသီးနှံကို နှောက်ယှက်ဖျက်ဆီးတတ်တဲ့ တိရစ္ဆာန်အသေကောင်လေးတွေကို စားသောက်တတ်ကြလို့ စိုးရိမ်နေခဲ့ကြပါတယ်။ ဘေးမဲ့ငှက်များကို အန္တရာယ်ပေးသူ မည်သူမဆို တွေ့ရှိပါက ဒဏ်ကြေးငွေနှင့် ထောင်ဒဏ်ထိ ကျခံရနိုင်ပါတယ်။

မင်းနွယ်ခန့် (D Nae Thit)

source : Wales On Line