အလုပ္ထုတ္ခံရေပမယ့္ ေလယာဥ္ေပၚမွာ ဖူးစာဖက္နဲ႔ေတြ႕ခဲ့လုိ႔ အျမတ္ရခဲ့တယ္ဆုိသူ

274

ထုိင္ဝမ္က လူရြယ္အမ်ိဳးသားတစ္ေယာက္ဟာ အလုပ္ကေန ထုတ္ခံရလုိ႔ တ႐ုတ္ကေန ထုိင္ဝမ္ကို ေလေၾကာင္းခရီးစဥ္နဲ႔ ျပန္လာခဲ့ပါတယ္။ သူဟာ ကံဆုိးလုိ႔ အလုပ္က ထုတ္ခံခဲ့ရတာလုိ႔ ရင္ထဲမွာ ေတြးရင္းနဲ႔ ဝမ္းနည္းခဲ့ေပမယ့္၊ ေနာက္ပုိင္းမွာေတာ့ သူ ကံေကာင္းဖုိ႔ အေၾကာင္းဖန္လာတာလုိ႔ပဲ စိတ္က ျမင္မိပါတယ္တဲ့။

သူဟာ ေလဆိပ္မွာ ေကာင္မေလးတစ္ေယာက္ကို စၿပီး သတိထားမိလုိက္တာပါ။ ေကာင္မေလးက အထုတ္အပုိးေတြ မႏုိင္မနင္းနဲ႔၊ ပိန္ပိန္သြယ္သြယ္၊ အရပ္အေမာင္းက ခပ္ပုပု၊ ခ်စ္စရာမ်က္ႏွာေပးေလးနဲ႔ပါ။ သူမဟာ သူ႕ရဲ႕ ဖူးစားဖက္ျဖစ္လာလိမ့္မယ္လုိ႔ ေကာင္ေလးက ေတြးမထားခဲ့ပါဘူး။

ဒီလုိနဲ႔ သူလည္း သတ္မွတ္အခ်ိန္ေရာက္လုိ႔ ေလယာဥ္ေပၚကို တက္လုိက္ပါတယ္။ ခုနက ေကာင္မေလးနဲ႔ သူနဲ႔က တစ္ခုံေက်ာ္မွာ ထုိင္ရပါတယ္တဲ့။ ေကာင္မေလးက ျပဴတင္းေပါက္ေဘးကပါ။ ေနာက္ေတာ့ သူမရဲ႕ အထုတ္အပုိးေတြကို အေပၚက Box ထဲထည့္ေပးဖုိ႔ သူမက အကူအညီေတာင္းပါတယ္။

ဒီလုိနဲ႔ ႏွစ္ေယာက္သား ရင္းနီးသြားၾကၿပီး၊ တစ္ေယာက္အေၾကာင္း တစ္ေယာက္ ေမးျမန္းၾကပါတယ္။ ေကာင္မေလးကလည္း တုိင္ေပကို သြားမွာပါတဲ့။ အဲဒီေကာင္မေလးက သူ႕နားေလးက ခုံကိုေျပာင္းထုိင္လာရင္း၊ ငယ္ေပါင္းသူငယ္ခ်င္းေတြလုိ အျပန္အလွန္ စကားေတြ ေျပာၾကပါတယ္။

အဲဒီေနာက္ ေလယာဥ္က ႐ုတ္တရက္တုန္ခါသြားတဲ့အတြက္ တစ္ေယာက္လက္ကို တစ္ေယာက္ဆုပ္ကိုင္လုိက္ၾကပါတယ္။ ဒီလုိနဲ႔ သူတုိ႔တစ္ေတြဟာ ရင္ခုန္သံေတြ ထပ္တူၾကသြားၿပီး၊ ေလယာဥ္ေပၚမွာ တေရးတေမာအိပ္ခ်ိန္မွာ တစ္ေယာက္ကုိ တစ္ေယာက္မွီၾက၊ ဖက္ၾကနဲ႔ ခ်စ္သူဘဝ ေရာက္သြားခဲ့ပါတယ္။

ေလယာဥ္ေပၚမွာေတြ႕၊ ေလယာဥ္ေပၚမွာခ်စ္၊ ေလယာဥ္ေပၚက ဆင္းလုိ႔ ေမ့သြားတဲ့ အေပါစားအခ်စ္မ်ိဳး မဟုတ္ပါဘူးတဲ့။ သူ႕အမည္ကေတာ့ Zhe Wei ျဖစ္ၿပီး၊ လူမႈကြန္ရက္ေပၚမွာ သူ႕အေတြ႕အႀကဳံကို ျပန္လည္မွ်ေဝခဲ့ပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ မၾကာမီမွာ လက္ထပ္ၾကဖုိ႔ ျပင္ဆင္ေနပါၿပီ။

နတ္စည္ေတာ္ ( D Nae Khit)

source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ထိုင်ဝမ်က လူရွယ်အမျိုးသားတစ်ယောက်ဟာ အလုပ်ကနေ ထုတ်ခံရလို့ တရုတ်ကနေ ထိုင်ဝမ်ကို လေကြောင်းခရီးစဉ်နဲ့ ပြန်လာခဲ့ပါတယ်။ သူဟာ ကံဆိုးလို့ အလုပ်က ထုတ်ခံခဲ့ရတာလို့ ရင်ထဲမှာ တွေးရင်းနဲ့ ဝမ်းနည်းခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ သူ ကံကောင်းဖို့ အကြောင်းဖန်လာတာလို့ပဲ စိတ်က မြင်မိပါတယ်တဲ့။

သူဟာ လေဆိပ်မှာ ကောင်မလေးတစ်ယောက်ကို စပြီး သတိထားမိလိုက်တာပါ။ ကောင်မလေးက အထုတ်အပိုးတွေ မနိုင်မနင်းနဲ့၊ ပိန်ပိန်သွယ်သွယ်၊ အရပ်အမောင်းက ခပ်ပုပု၊ ချစ်စရာမျက်နှာပေးလေးနဲ့ပါ။ သူမဟာ သူ့ရဲ့ ဖူးစားဖက်ဖြစ်လာလိမ့်မယ်လို့ ကောင်လေးက တွေးမထားခဲ့ပါဘူး။

ဒီလိုနဲ့ သူလည်း သတ်မှတ်အချိန်ရောက်လို့ လေယာဉ်ပေါ်ကို တက်လိုက်ပါတယ်။ ခုနက ကောင်မလေးနဲ့ သူနဲ့က တစ်ခုံကျော်မှာ ထိုင်ရပါတယ်တဲ့။ ကောင်မလေးက ပြူတင်းပေါက်ဘေးကပါ။ နောက်တော့ သူမရဲ့ အထုတ်အပိုးတွေကို အပေါ်က Box ထဲထည့်ပေးဖို့ သူမက အကူအညီတောင်းပါတယ်။

ဒီလိုနဲ့ နှစ်ယောက်သား ရင်းနီးသွားကြပြီး၊ တစ်ယောက်အကြောင်း တစ်ယောက် မေးမြန်းကြပါတယ်။ ကောင်မလေးကလည်း တိုင်ပေကို သွားမှာပါတဲ့။ အဲဒီကောင်မလေးက သူ့နားလေးက ခုံကိုပြောင်းထိုင်လာရင်း၊ ငယ်ပေါင်းသူငယ်ချင်းတွေလို အပြန်အလှန် စကားတွေ ပြောကြပါတယ်။

အဲဒီနောက် လေယာဉ်က ရုတ်တရက်တုန်ခါသွားတဲ့အတွက် တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လိုက်ကြပါတယ်။ ဒီလိုနဲ့ သူတို့တစ်တွေဟာ ရင်ခုန်သံတွေ ထပ်တူကြသွားပြီး၊ လေယာဉ်ပေါ်မှာ တရေးတမောအိပ်ချိန်မှာ တစ်ယောက်ကို တစ်ယောက်မှီကြ၊ ဖက်ကြနဲ့ ချစ်သူဘဝ ရောက်သွားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာတွေ့၊ လေယာဉ်ပေါ်မှာချစ်၊ လေယာဉ်ပေါ်က ဆင်းလို့ မေ့သွားတဲ့ အပေါစားအချစ်မျိုး မဟုတ်ပါဘူးတဲ့။ သူ့အမည်ကတော့ Zhe Wei ဖြစ်ပြီး၊ လူမှုကွန်ရက်ပေါ်မှာ သူ့အတွေ့အကြုံကို ပြန်လည်မျှဝေခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ မကြာမီမှာ လက်ထပ်ကြဖို့ ပြင်ဆင်နေပါပြီ။

နတ်စည်တော် ( D Nae Khit)

source : World Of Buzz