သားအတြက္ ေအာက္ဆီဂ်င္ဘူးရဖုိ႔ ႏွစ္ရက္တစ္ႀကိမ္ (၇၅)မုိင္ ခရီးသြားေနရတဲ့ မိဘႏွစ္ပါး

78

မိဘဆုိတာကေတာ့ သားသမီးအသက္အႏၱရာယ္နဲ႔ ႀကဳံေနရၿပီဆုိရင္ သူတုိ႔ရဲ႕ အသက္အႏၱရာယ္ကို ပဓာနမထားဘဲ၊ ေစာင့္ေရွာက္ကာကြယ္ေပးၾကတာ သဘာဝပါဘဲ။ မိဘရဲ႕အခ်စ္ထက္ ဘယ္အခ်စ္ကမွ လုိက္မမီဘူးဆုိတာ စကားနဲ႔တင္မဟုတ္ပါဘူး ျပင္ပမွာ လက္ေတြ႕အျဖစ္ေတြ ရွိပါတယ္။

အခု ထုိင္းႏုိင္ငံက ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ ကေလးတြဲေလာင္း၊ ေအာက္ဆီဂ်င္းဘူးတန္းလန္းနဲ႔ ခရီးသြားေနတာကို လူတစ္ေယာက္က အမွတ္တမဲ့နဲ႔ ဓာတ္ပုံ႐ုိက္ယူၿပီး လူမႈကြန္ရက္မွာ တင္ခဲ့ပါတယ္။ သူရဲ႕ မူလပို႔စ္မွာေတာ့ အဲဒီသားအဖဟာ မီးနီမိတာနဲ႔ ဆုိင္ကယ္ကို ခဏရပ္လုိက္၊ ေအာက္ဆီဂ်င္ဘူးကို ေနရာက်မက် ျပင္လုိက္နဲ႔-

သူတုိ႔ အပူနဲ႔သူတုိ႔ ပတ္ဝန္းက်င္ကို ဂစုိက္ဖုိ႔မအား၊ သြားရမယ့္ခရီးကုိ စိတ္ေစာေနပုံပါဘဲတဲ့။ ဒီသတင္းဓာတ္ပုံေတြ လူမႈကြန္ရက္မွာ ပ်ံ႔ႏွံ႔လာေတာ့ သူတုိ႔သားအဖအေၾကာင္းကုိ သတင္းမီဒီယာေတြက ႏႈိက္ခၽြတ္ၿပီး စုံစမ္းၾကပါေတာ့တယ္။ သူတုိ႔ သားအဖဟာ Chiang Rai ခ႐ုိင္၊ Mae Sai ၿမိဳ႕ဇာတိပါ။

သူတုိ႔ရဲ႕သားေလးဟာ အခုဆုိရင္ (၂)ႏွစ္ ရွိပါၿပီ၊ ကေလးဟာ ေမြးကတည္းက အဆုပ္မေကာင္းတဲ့ အေျခအေန ပါလာပါတယ္။ သူဟာ ေျခာက္လအရြယ္မွာ ရင္က်ပ္ပန္းနာေရာဂါကို ခံစားခဲ့ရၿပီး၊ အသက္ရွင္ဖုိ႔အတြက္ ေအာက္ဆီဂ်င္ဘူးကို အဓိက အားထားေနရပါတယ္။

အဲဒီေအာက္ဆီဂ်င္ဘူးကုိ သူတုိ႔ၿမိဳ႕နဲ႔ (၇၅)မုိင္အေဝးက Chiang Rai ေဆး႐ုံကုိ ႏွစ္ရက္တစ္ႀကိမ္ အသစ္သြားျဖည့္ေပးရပါတယ္။ တစ္ဘူးကို ဘက္(၂၀၀)ေပးရပါတယ္။ ဖခင္ရဲဲ႕ တစ္ရက္ လုပ္ခမွာ ထုိင္းဘတ္ (၃၀၀)ျဖစ္ၿပီး၊ သူတုိ႔အေနနဲ႔ စားဝတ္ေနေရးက ရွိလုိ႔ ဒီေငြပမာဏက ေျပလည္တဲ့အေနအထားမဟုတ္ပါဘူး။

အခုဆုိရင္ ကေလးအတြက္ ထုိင္းဘတ္ (၁)သိန္းေက်ာ္ ကုန္ထားၿပီးပါၿပီတဲ့။ ကေလးအတြက္ ေဆးဖုိးဝါးခကို အမ်ားျပည္သူက ရံပုံေငြစုိက္ထူ လွဴဒါန္းေပးဖုိ႔ကုိလည္း သတင္းမီဒီယာေတြက တုိက္တြန္းေရးသားေနၾကပါတယ္။ တစ္စုံတစ္ေယာက္ရဲ႕ အသက္ကို ကယ္ရတာဟာ မဂၤလာတစ္ပါးပါ။

လင္းေဇာ္ကို (D Nae Thit)

source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မိဘဆိုတာကတော့ သားသမီးအသက်အန္တရာယ်နဲ့ ကြုံနေရပြီဆိုရင် သူတို့ရဲ့ အသက်အန္တရာယ်ကို ပဓာနမထားဘဲ၊ စောင့်ရှောက်ကာကွယ်ပေးကြတာ သဘာဝပါဘဲ။ မိဘရဲ့အချစ်ထက် ဘယ်အချစ်ကမှ လိုက်မမီဘူးဆိုတာ စကားနဲ့တင်မဟုတ်ပါဘူး ပြင်ပမှာ လက်တွေ့အဖြစ်တွေ ရှိပါတယ်။

အခု ထိုင်းနိုင်ငံက ဇနီးမောင်နှံနှစ်ယောက်ဟာ ကလေးတွဲလောင်း၊ အောက်ဆီဂျင်းဘူးတန်းလန်းနဲ့ ခရီးသွားနေတာကို လူတစ်ယောက်က အမှတ်တမဲ့နဲ့ ဓာတ်ပုံရိုက်ယူပြီး လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ သူရဲ့ မူလပို့စ်မှာတော့ အဲဒီသားအဖဟာ မီးနီမိတာနဲ့ ဆိုင်ကယ်ကို ခဏရပ်လိုက်၊ အောက်ဆီဂျင်ဘူးကို နေရာကျမကျ ပြင်လိုက်နဲ့-

သူတို့ အပူနဲ့သူတို့ ပတ်ဝန်းကျင်ကို ဂစိုက်ဖို့မအား၊ သွားရမယ့်ခရီးကို စိတ်စောနေပုံပါဘဲတဲ့။ ဒီသတင်းဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတော့ သူတို့သားအဖအကြောင်းကို သတင်းမီဒီယာတွေက နှိုက်ချွတ်ပြီး စုံစမ်းကြပါတော့တယ်။ သူတို့ သားအဖဟာ Chiang Rai ခရိုင်၊ Mae Sai မြို့ဇာတိပါ။

သူတို့ရဲ့သားလေးဟာ အခုဆိုရင် (၂)နှစ် ရှိပါပြီ၊ ကလေးဟာ မွေးကတည်းက အဆုပ်မကောင်းတဲ့ အခြေအနေ ပါလာပါတယ်။ သူဟာ ခြောက်လအရွယ်မှာ ရင်ကျပ်ပန်းနာရောဂါကို ခံစားခဲ့ရပြီး၊ အသက်ရှင်ဖို့အတွက် အောက်ဆီဂျင်ဘူးကို အဓိက အားထားနေရပါတယ်။

အဲဒီအောက်ဆီဂျင်ဘူးကို သူတို့မြို့နဲ့ (၇၅)မိုင်အဝေးက Chiang Rai ဆေးရုံကို နှစ်ရက်တစ်ကြိမ် အသစ်သွားဖြည့်ပေးရပါတယ်။ တစ်ဘူးကို ဘက်(၂၀၀)ပေးရပါတယ်။ ဖခင်ရဲဲ့ တစ်ရက် လုပ်ခမှာ ထိုင်းဘတ် (၃၀၀)ဖြစ်ပြီး၊ သူတို့အနေနဲ့ စားဝတ်နေရေးက ရှိလို့ ဒီငွေပမာဏက ပြေလည်တဲ့အနေအထားမဟုတ်ပါဘူး။

အခုဆိုရင် ကလေးအတွက် ထိုင်းဘတ် (၁)သိန်းကျော် ကုန်ထားပြီးပါပြီတဲ့။ ကလေးအတွက် ဆေးဖိုးဝါးခကို အများပြည်သူက ရံပုံငွေစိုက်ထူ လှူဒါန်းပေးဖို့ကိုလည်း သတင်းမီဒီယာတွေက တိုက်တွန်းရေးသားနေကြပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အသက်ကို ကယ်ရတာဟာ မင်္ဂလာတစ်ပါးပါ။

လင်းဇော်ကို (D Nae Thit)

source : World Of Buzz