အျမင့္ေပ(၃၀၀၀)မွာညပ္ေနတဲ့ ေက်ာက္တုံးႀကီးေပၚမွာ ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းခဲ့သူ

74

အခ်စ္နဲ႔ပတ္သက္ရင္ လူေတြဟာ ႐ူး႐ူးသြပ္သြပ္ရွိၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကေတာ့ ကုိယ့္ခ်စ္သူကို ဘယ္လုိခ်စ္ေၾကာင္း ေဖာ္ျပဖုိ႔ သူတုိ႔မွာ သတၱိကုိယ္စီရွိၾကေပမယ့္၊ တခ်ိဳ႕ကေတာ့ ခ်စ္သူကို ပြင့္ပြင့္လင္းလင္း မေျပာတတ္ၾကပါဘူး။ အခု Kristian Richards ကေတာ့ သူမ်ားထက္ ထူးကဲသူပါ။

Kristian Richards ဟာ ခ်စ္သူမိန္းကေလးကို အျမင့္ေပ (၃၀၀၀)မွာ ညပ္ေနတဲ့ ကမာၻေက်ာ္ေက်ာက္တုံးႀကီးေပၚထိ ေခၚသြားၿပီး ထူးထူးျခားျခား လက္ထပ္ခြင့္ေတာင္းခံခဲ့တာပါ။ သူ႕ေကာင္မေလးနာမည္ကေတာ့ Bex Morley  ျဖစ္ၿပီး၊ ေနာ္ေဝ Kjeragbolten က ေက်ာက္တုံးႀကီးေပၚမွာ-

လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။ Kristian ဟာ အသက္(၃၃)ႏွစ္ျဖစ္ၿပီး၊ Isle of Sheppey, Kent ဇာတိပါ။ သူက ” အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားကေတာ့ သူတုိ႔ ေကာင္မေလးေတြက ျငင္းမွာကို ေၾကာက္ၾကပါတယ္ … ကၽြန္ေတာ့္မွာေတာ့ အဲဒါအျပင္ ျပဳတ္က်မွာက ေၾကာက္ရေသး “လုိ႔ ေျပာပါတယ္။

ေနာက္ သူက ဆက္လက္ၿပီး ” လက္စြပ္သာ ေအာက္ကို က်သြားရင္ နားကားၿပီေပါ့ … အဲဒါဆုိ အကုန္ဆုံးၿပီသာမွတ္ “လုိ႔ ေျပာခဲ့ပါတယ္။ Bex ကေတာ့ အသက္(၃၀)ႏွစ္ပါ။ သူမကို ဒီေနရာ ေခၚလာခဲ့ေပမယ့္ Kristian က လက္ထပ္ခြင့္ေတာင္းလိမ့္မယ္လုိ႔ေတာ့ ထင္မထားပါဘူးတဲ့။

Kristian ဟာ စက္႐ုံလုပ္သားတစ္ဦးျဖစ္ၿပီး၊ သူက ” ကၽြန္ေတာ့္ေကာင္မေလးက ကၽြန္ေတာ့္ထက္ ပိုေၾကာက္ေနတယ္ … အေျခအေနမေကာင္းရင္ ကၽြန္ေတာ္က ေအာက္ကုိ ဒုိင္ဗင္ထုိးခုန္ခ်မွာစုိးတာလည္း ပါမယ္ထင္ပါတယ္ … ဒါမုိ႔လည္း ဟုတ္ကဲ့လုိ႔ ေျဖတာေပါ့ “လုိ႔ ဟာသလုပ္ခဲ့ပါေသးတယ္။

ေနသူရိန္ (D Khit Media)

source : The Sun

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အချစ်နဲ့ပတ်သက်ရင် လူတွေဟာ ရူးရူးသွပ်သွပ်ရှိကြပါတယ်။ ဒါပေမယ့် တချို့ကတော့ ကိုယ့်ချစ်သူကို ဘယ်လိုချစ်ကြောင်း ဖော်ပြဖို့ သူတို့မှာ သတ္တိကိုယ်စီရှိကြပေမယ့်၊ တချို့ကတော့ ချစ်သူကို ပွင့်ပွင့်လင်းလင်း မပြောတတ်ကြပါဘူး။ အခု Kristian Richards ကတော့ သူများထက် ထူးကဲသူပါ။

Kristian Richards ဟာ ချစ်သူမိန်းကလေးကို အမြင့်ပေ (၃၀၀၀)မှာ ညပ်နေတဲ့ ကမ္ဘာကျော်ကျောက်တုံးကြီးပေါ်ထိ ခေါ်သွားပြီး ထူးထူးခြားခြား လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။ သူ့ကောင်မလေးနာမည်ကတော့ Bex Morley  ဖြစ်ပြီး၊ နော်ဝေ Kjeragbolten က ကျောက်တုံးကြီးပေါ်မှာ-

လက်ထပ်ခွင့်တောင်းခဲ့တာပါ။ Kristian ဟာ အသက်(၃၃)နှစ်ဖြစ်ပြီး၊ Isle of Sheppey, Kent ဇာတိပါ။ သူက ” အမျိုးသားတော်တော်များများကတော့ သူတို့ ကောင်မလေးတွေက ငြင်းမှာကို ကြောက်ကြပါတယ် … ကျွန်တော့်မှာတော့ အဲဒါအပြင် ပြုတ်ကျမှာက ကြောက်ရသေး “လို့ ပြောပါတယ်။

နောက် သူက ဆက်လက်ပြီး ” လက်စွပ်သာ အောက်ကို ကျသွားရင် နားကားပြီပေါ့ … အဲဒါဆို အကုန်ဆုံးပြီသာမှတ် “လို့ ပြောခဲ့ပါတယ်။ Bex ကတော့ အသက်(၃၀)နှစ်ပါ။ သူမကို ဒီနေရာ ခေါ်လာခဲ့ပေမယ့် Kristian က လက်ထပ်ခွင့်တောင်းလိမ့်မယ်လို့တော့ ထင်မထားပါဘူးတဲ့။

Kristian ဟာ စက်ရုံလုပ်သားတစ်ဦးဖြစ်ပြီး၊ သူက ” ကျွန်တော့်ကောင်မလေးက ကျွန်တော့်ထက် ပိုကြောက်နေတယ် … အခြေအနေမကောင်းရင် ကျွန်တော်က အောက်ကို ဒိုင်ဗင်ထိုးခုန်ချမှာစိုးတာလည်း ပါမယ်ထင်ပါတယ် … ဒါမို့လည်း ဟုတ်ကဲ့လို့ ဖြေတာပေါ့ “လို့ ဟာသလုပ်ခဲ့ပါသေးတယ်။

နေသူရိန် (D Khit Media)

source : The Sun