မိဘေတြရဲ႕ ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းဖုိ႔ ေတာင္မွ ေျမာက္ကုိရီးယားကို ခုိလႈံခဲ့သူ

57

(၁၉၅၃)ခုႏွစ္က စၿပီး၊ ေျမာက္ကိုရီးယားမွ ေတာင္ကုိရီးယားဘက္ကုိ ခုိးဝင္ခုိလႈံသူဟာ လူေပါင္(၃၀၀၀၀)ေက်ာ္ရွိခဲ့ေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ေျမာက္ကုိရီးယားဘက္ကို ေရႊ႕ေျပာင္းခုိလႈံသူဟာ မရွိသေလာက္ကုိ ရွားပါးခဲ့ေပမယ့္ ဒီ(၇၀)ေက်ာ္ အဖုိးအုိကေတာ့ ထူးျခားပါတယ္။

အဖုိးအုိအမည္ကေတာ့ Choe In-guk ျဖစ္ၿပီး၊ အသက္(၇၃)ႏွစ္ ျဖစ္ပါတယ္။ သူဟာ ေသဆုံးသြားတဲ့ သူ႕မိဘေတြရဲ႕သေဘာဆႏၵကို ျဖည့္ဆည္းေပးဖုိ႔ရန္အတြက္ ေျမာက္ကိုရီးယားဘက္ကုိ တရားဝင္ခုိလႈံခဲ့ပါတယ္။ ဒီအေၾကာင္းကို ေျမာက္ကိုရီးယားေတြရဲ႕-

႐ုပ္သံက တရားဝင္ထုတ္လႊင့္ခဲ့ပါတယ္။ Choe ဟာ ျပဳံးယမ္းေလဆိပ္ကို ၿပီးခဲ့တဲ့စေနေန႔က ေပ်ာ္ရႊင္စြာေရာက္ရွိလာပုံကို ေျမာက္ကုိရီးယား႐ုပ္ျမင္သံၾကားေတြက ထုတ္လႊင့္ခဲ့ပါတယ္။ Choe ဟာ ေဘဂ်င္းကေန ေျမာက္ကုိရီးယားၿပဳံးယမ္းကို ေလေၾကာင္းခရီးနဲ႔ ဝင္ေရာက္ခဲ့သူပါ။

ေတာင္ကုိရီးယားရဲ႕ သတ္မွတ္ခ်က္အရ ေျမာက္ကိုရီးယားနဲ႔ ႏွစ္ႏုိင္ငံနယ္စပ္ကို ျဖတ္ေက်ာ္ဖုိ႔အတြက္ အထူးခြင့္ျပဳခ်က္ ယူရမည္ျဖစ္ေၾကာင္း၊ ဒါေပမယ့္ Choe ကေတာ့ သက္ဆုိင္ရာဘက္က ခြင့္ျပဳခ်က္ေတာင္းခံခဲ့ျခင္း ရွိပုံမရဘဲ၊ ေတာင္ကိုရီးယားဘက္ကလည္း ဘာမွ မထုတ္ျပန္ခဲ့ပါဘူး။

Cohe ဟာ ယခင္က ေျမာက္ကိုရီးယားကို ေရႊ႕ေျပာင္းခုိလႈံခဲ့တဲ့ Choe Dok-shin ရဲ႕ သားျဖစ္ေၾကာင္း သိရၿပီး၊ သူ ဒီလုိလုပ္ရျခင္းက မိဘေတြဟာ ေျမာက္ကုိရီးယားမွာ ေပ်ာ္ရႊင္သူမ်ားျဖစ္လုိ႔၊ သူ ေျမာက္ကိုရီးယားဘက္ကို ေရႊ႕ေျပာင္းခုိလႈံျခင္းဟာ မိဘေတြ စိတ္ခ်မ္းသာဖုိ႔ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ေနသူရိန္ (D Khit Media)

source : Mirror

ယူနီကုဒ်ဖြင့်ဖတ်ရန်-

(၁၉၅၃)ခုနှစ်က စပြီး၊ မြောက်ကိုရီးယားမှ တောင်ကိုရီးယားဘက်ကို ခိုးဝင်ခိုလှုံသူဟာ လူပေါင်(၃၀၀၀၀)ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဘက်ကို ရွှေ့ပြောင်းခိုလှုံသူဟာ မရှိသလောက်ကို ရှားပါးခဲ့ပေမယ့် ဒီ(၇၀)ကျော် အဖိုးအိုကတော့ ထူးခြားပါတယ်။

အဖိုးအိုအမည်ကတော့ Choe In-guk ဖြစ်ပြီး၊ အသက်(၇၃)နှစ် ဖြစ်ပါတယ်။ သူဟာ သေဆုံးသွားတဲ့ သူ့မိဘတွေရဲ့သဘောဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန်အတွက် မြောက်ကိုရီးယားဘက်ကို တရားဝင်ခိုလှုံခဲ့ပါတယ်။ ဒီအကြောင်းကို မြောက်ကိုရီးယားတွေရဲ့

ရုပ်သံက တရားဝင်ထုတ်လွှင့်ခဲ့ပါတယ်။ Choe ဟာ ပြုံးယမ်းလေဆိပ်ကို ပြီးခဲ့တဲ့စနေနေ့က ပျော်ရွှင်စွာရောက်ရှိလာပုံကို မြောက်ကိုရီးယားရုပ်မြင်သံကြားတွေက ထုတ်လွှင့်ခဲ့ပါတယ်။ Choe ဟာ ဘေဂျင်းကနေ မြောက်ကိုရီးယားပြုံးယမ်းကို လေကြောင်းခရီးနဲ့ ဝင်ရောက်ခဲ့သူပါ။

တောင်ကိုရီးယားရဲ့ သတ်မှတ်ချက်အရ မြောက်ကိုရီးယားနဲ့ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ဖို့အတွက် အထူးခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း၊ ဒါပေမယ့် Choe ကတော့ သက်ဆိုင်ရာဘက်က ခွင့်ပြုချက်တောင်းခံခဲ့ခြင်း ရှိပုံမရဘဲ၊ တောင်ကိုရီးယားဘက်ကလည်း ဘာမှ မထုတ်ပြန်ခဲ့ပါဘူး။

Cohe ဟာ ယခင်က မြောက်ကိုရီးယားကို ရွှေ့ပြောင်းခိုလှုံခဲ့တဲ့ Choe Dok-shin ရဲ့ သားဖြစ်ကြောင်း သိရပြီး၊ သူ ဒီလိုလုပ်ရခြင်းက မိဘတွေဟာ မြောက်ကိုရီးယားမှာ ပျော်ရွှင်သူများဖြစ်လို့၊ သူ မြောက်ကိုရီးယားဘက်ကို ရွှေ့ပြောင်းခိုလှုံခြင်းဟာ မိဘတွေ စိတ်ချမ်းသာဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

နေသူရိန် (D Khit Media)

source : Mirror