သတုိ႔သမီးေလာင္း ေဖာက္ျပန္ေနတဲ့ အျပာဗြီဒီယုိဖုိင္ေၾကာင့္ မဂၤလာပြဲဖ်က္သိမ္းခဲ့သူ

394

မေလးရွားႏုိင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ မဂၤလာပြဲကို အခု ဇူလုိင္လ(၂၇)ရက္ေန႔မွာ ခ်စ္သူ သတုိ႔သမီးေလာင္းနဲ႔ လက္ထပ္ပြဲဆင္ႏႊဲဖုိ႔ ျပင္ဆင္ထားေပမယ့္၊ သတုိ႔သမီးေလာင္းနဲ႔ တစ္ျခားအမ်ိဳးသားတုိ႔ ပလူးပလဲဗြီဒီယုိေၾကာင့္ မဂၤလာပြဲကို ဖ်က္သိမ္းလုိက္ေၾကာင္း သိရပါတယ္။

ဒါေပမယ့္ သူဟာ မဂၤလာပြဲအတြက္ လက္ထပ္လက္စြပ္၊ မဂၤလာဝတ္စုံ၊ ကိတ္မုန္႔၊ ဧည့္ပရိသတ္မ်ားအတြက္ ဧည့္ခံဖုိ႔ အစားအစာ၊ စတူရီယုိတီးဝုိင္း စတာေတြကုိ ေငြေခ်ငွားရမ္းထားၿပီးျဖစ္တာေၾကာင့္ နစ္နာမႈေတြ မ်ားခဲ့ပါတယ္။ သူဟာ မဂၤလာစာရိတ္ရဖုိ႔ (၂)ႏွစ္ၾကာ ေငြစုခဲ့ရတာပါ။

မေလးရင္းဂစ္ (၁၅၀၀၀) ျမန္မာေငြတန္ဖုိးအေနနဲ႔ (၅၅)သိန္းေက်ာ္ စုခဲ့ရပါတယ္။ ဒီဗြီဒီယုိဖုိင္ကို သူငယ္ခ်င္းတစ္ေယာက္က သူ႕ဆီကုိ လွမ္းပို႔ေပးခဲ့တာပါ။ မဂၤလာေဆာင္ၿပီးမွ ဒါကို သိရရင္ သူ႕အေနနဲ႔ ဆုံးရႈံးမႈ ပုိႀကီးမွာ ျဖစ္ပါတယ္။ သူရဲ႕ခ်စ္သူဟာ တစ္ျခားေယာက္်ားနဲ႔ ေဖာက္ျပန္ေနတာကို-

အစက မသိခဲ့ပါဘူး။ သတုိ႔သမီးေလာင္းဟာ ျပင္ပမွာေတာ့ အေနေအးသေလာက္၊ ကြယ္ရမွာ မ်က္ႏွာမ်ားတတ္သူျဖစ္တယ္ဆုိတာကုိ သူက အခ်ိန္ေႏွာင္းမွ သိရေပမယ့္၊ ဒီထက္ပုိလြန္မွ သိရတာထက္စာရင္ေတာ့ ဆုံး႐ႈံးမႈက မႀကီးမားခဲ့ပါဘူး။ သူဟာ ဒီအေၾကာင္းကုိ လူမႈကြန္ရက္မွာ တင္ခဲ့တာပါ။

ဒါေပမယ့္ သူက သတုိ႔သမီးေလာင္းကို အျပစ္မတင္ခဲ့ပါဘူး။ သူကုိယ္တုိင္ကလည္း သူမကို ဂ႐ုမစိုက္မိခဲ့ဘဲ၊ ႏွစ္ေယာက္တစ္ဘဝတည္ေထာင္ႏုိင္ဖုိ႔ ေငြအတြက္ အလုပ္လုပ္ေနရင္းက ခ်စ္သူကုိ လစ္လွ်ဴ႐ႈသလုိျဖစ္ခဲ့ရတာလုိ႔ ေျပာပါတယ္။ သူက ေဆာက္လုပ္ေရး လုပ္သားတစ္ေယာက္ပါ-

သူ႕အမည္ကိုေတာ့ သတင္းမွာ ေဖာ္ျပမထားပါဘူး။ ” ကၽြန္ေတာ္က တစ္ေနကုန္ အလုပ္ထဲမွာေလ … သူ႕ဆီက မက္ေဆ့တစ္ေစာင္ ရခဲ့ရင္ေတာင္ ေနာက္ထပ္(၁)နာရီေလာက္ေနမွ စာျပန္ႏုိင္တာ … ဒီလုိလူကို ဘယ္သူက ခင္တြယ္မွာလဲ “ဆုိၿပီး ေရးခဲ့ပါတယ္။

လင္းေဇာ္ကို (D Nae Thit)

source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မလေးရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ မင်္ဂလာပွဲကို အခု ဇူလိုင်လ(၂၇)ရက်နေ့မှာ ချစ်သူ သတို့သမီးလောင်းနဲ့ လက်ထပ်ပွဲဆင်နွှဲဖို့ ပြင်ဆင်ထားပေမယ့်၊ သတို့သမီးလောင်းနဲ့ တစ်ခြားအမျိုးသားတို့ ပလူးပလဲဗွီဒီယိုကြောင့် မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

ဒါပေမယ့် သူဟာ မင်္ဂလာပွဲအတွက် လက်ထပ်လက်စွပ်၊ မင်္ဂလာဝတ်စုံ၊ ကိတ်မုန့်၊ ဧည့်ပရိသတ်များအတွက် ဧည့်ခံဖို့ အစားအစာ၊ စတူရီယိုတီးဝိုင်း စတာတွေကို ငွေချေငှားရမ်းထားပြီးဖြစ်တာကြောင့် နစ်နာမှုတွေ များခဲ့ပါတယ်။ သူဟာ မင်္ဂလာစာရိတ်ရဖို့ (၂)နှစ်ကြာ ငွေစုခဲ့ရတာပါ။

မလေးရင်းဂစ် (၁၅၀၀၀) မြန်မာငွေတန်ဖိုးအနေနဲ့ (၅၅)သိန်းကျော် စုခဲ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို သူငယ်ချင်းတစ်ယောက်က သူ့ဆီကို လှမ်းပို့ပေးခဲ့တာပါ။ မင်္ဂလာဆောင်ပြီးမှ ဒါကို သိရရင် သူ့အနေနဲ့ ဆုံးရှုံးမှု ပိုကြီးမှာ ဖြစ်ပါတယ်။ သူရဲ့ချစ်သူဟာ တစ်ခြားယောက်ျားနဲ့ ဖောက်ပြန်နေတာကို-

အစက မသိခဲ့ပါဘူး။ သတို့သမီးလောင်းဟာ ပြင်ပမှာတော့ အနေအေးသလောက်၊ ကွယ်ရမှာ မျက်နှာများတတ်သူဖြစ်တယ်ဆိုတာကို သူက အချိန်နှောင်းမှ သိရပေမယ့်၊ ဒီထက်ပိုလွန်မှ သိရတာထက်စာရင်တော့ ဆုံးရှုံးမှုက မကြီးမားခဲ့ပါဘူး။ သူဟာ ဒီအကြောင်းကို လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။

ဒါပေမယ့် သူက သတို့သမီးလောင်းကို အပြစ်မတင်ခဲ့ပါဘူး။ သူကိုယ်တိုင်ကလည်း သူမကို ဂရုမစိုက်မိခဲ့ဘဲ၊ နှစ်ယောက်တစ်ဘဝတည်ထောင်နိုင်ဖို့ ငွေအတွက် အလုပ်လုပ်နေရင်းက ချစ်သူကို လစ်လျှူရှုသလိုဖြစ်ခဲ့ရတာလို့ ပြောပါတယ်။ သူက ဆောက်လုပ်ရေး လုပ်သားတစ်ယောက်ပါ-

သူ့အမည်ကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။ ” ကျွန်တော်က တစ်နေကုန် အလုပ်ထဲမှာလေ … သူ့ဆီက မက်ဆေ့တစ်စောင် ရခဲ့ရင်တောင် နောက်ထပ်(၁)နာရီလောက်နေမှ စာပြန်နိုင်တာ … ဒီလိုလူကို ဘယ်သူက ခင်တွယ်မှာလဲ “ဆိုပြီး ရေးခဲ့ပါတယ်။

လင်းဇော်ကို (D Nae Thit)

source : World Of Buzz