ရည္းစားေတြကို HIV ရွိေၾကာင္း အသိမေပးသူ၊ ေထာင္ဒဏ္ႏွစ္(၃၀) ခ်ခံရေပမယ့္ ျပန္လြတ္

18

Michael Johnson အမည္ရ အမ်ိဳးသားဟာ သူရဲ႕ လိင္ဆက္ဆံဘက္ အမ်ိဴးသမီးေတြကို သူ႕မွာ HIV ရွိေၾကာင္း အသိမေပးဘဲ ဖုံးကြယ္ထားခဲ့လုိ႔၊ ေထာင္ဒဏ္ ႏွစ္(၃၀)နဲ႔ (၆)လ ခ်မွတ္ခံခဲ့ရသူပါ။ ဒါေပမယ့္ သူ႕ရဲဲ႕အယူခံ ေအာင္ျမင္သြားၿပီး၊ ေထာင္ဒဏ္ (၅)နွစ္ခြဲသာ က်ခံခဲ့ရပါတယ္။

Johnson ဟာ ေထာင္ဒဏ္ (၂၅)ႏွစ္ေစာၿပီး အျပင္ကို ျပန္ထြက္လာႏုိင္ခဲ့လုိ႔ ” ကၽြန္ေတာ္ ေပ်ာ္ပါတယ္ … ေထာင္ထြက္ရတာကို ဘယ္သူေနေန ေပ်ာ္ၾကမွာပါဘဲ … “လုိ႔ ေျပာခဲ့ပါတယ္။ Johnson ဟာ ယခင္က ေကာလိပ္နပန္းသမားတစ္ဦးပါ။

သူ႕ကုိ Tiger Mandingo လုိ႔ ေခၚၾကၿပီး၊ သူ႕အတုိင္းအတာ၊ သူ႕နယ္ပယ္မွာေတာ့ နာမည္တစ္လုံးနဲ႔ ေက်ာ္ၾကားခဲ့သူပါ။ သူဟာ (၂၀၁၃)ခုႏွစ္ ေအာက္တုိဘာလမွာ အဖမ္းခံခဲ့ရပါတယ္။ သူ႕ေၾကာင့္ အမ်ိဳးသမီးေလးဦးဆီကေန အျခားအမ်ိဳးသား (၂)ဦးထက္မနည္းဆီကုိ HIV ကူးစက္ခဲ့ပါတယ္။

သူငယ္ခ်င္း Meredith Rowan ႏွင့္

တရား႐ုံးကလည္း အမႈခိုင္မာစြာတည္ေဆာက္ၿပီး Johnson ကုိ ေထာင္ဒဏ္ႏွစ္(၃၀)ေက်ာ္ ခ်မွတ္ခဲ့တာပါ။ ဒါေပမယ့္ Johnson က တရားမွ်တမႈမရွိဘူးဆုိကာ အယူခံဆက္တုိက္ဝင္ခဲ့ေပမယ့္၊ ယခင္က အႀကိမ္တုိင္း ပယ္ခ်ခံခဲ့ရပါတယ္။ ေနာက္ဆုံးေတာ့ သူ႕အယူခံ ေအာင္ျမင္ခဲ့ၿပီး၊ ျပစ္ဒဏ္ ေလွ်ာ့ေပါ့ခံခဲ့ရတာပါ။

လင္းေဇာ္ကို (D Khit Media)

source : Buzz Feed

ယူနီကုဒ်ဖြင့်ဖတ်ရန်-

Michael Johnson အမည်ရ အမျိုးသားဟာ သူရဲ့ လိင်ဆက်ဆံဘက် အမျိူးသမီးတွေကို သူ့မှာ HIV ရှိကြောင်း အသိမပေးဘဲ ဖုံးကွယ်ထားခဲ့လို့၊ ထောင်ဒဏ် နှစ်(၃၀)နဲ့ (၆)လ ချမှတ်ခံခဲ့ရသူပါ။ ဒါပေမယ့် သူ့ရဲဲ့အယူခံ အောင်မြင်သွားပြီး၊ ထောင်ဒဏ် (၅)နှစ်ခွဲသာ ကျခံခဲ့ရပါတယ်။

Johnson ဟာ ထောင်ဒဏ် (၂၅)နှစ်စောပြီး အပြင်ကို ပြန်ထွက်လာနိုင်ခဲ့လို့ ” ကျွန်တော် ပျော်ပါတယ် … ထောင်ထွက်ရတာကို ဘယ်သူနေနေ ပျော်ကြမှာပါဘဲ … “လို့ ပြောခဲ့ပါတယ်။ Johnson ဟာ ယခင်က ကောလိပ်နပန်းသမားတစ်ဦးပါ။

သူ့ကို Tiger Mandingo လို့ ခေါ်ကြပြီး၊ သူ့အတိုင်းအတာ၊ သူ့နယ်ပယ်မှာတော့ နာမည်တစ်လုံးနဲ့ ကျော်ကြားခဲ့သူပါ။ သူဟာ (၂၀၁၃)ခုနှစ် အောက်တိုဘာလမှာ အဖမ်းခံခဲ့ရပါတယ်။ သူ့ကြောင့် အမျိုးသမီးလေးဦးဆီကနေ အခြားအမျိုးသား (၂)ဦးထက်မနည်းဆီကို HIV ကူးစက်ခဲ့ပါတယ်။

တရားရုံးကလည်း အမှုခိုင်မာစွာတည်ဆောက်ပြီး Johnson ကို ထောင်ဒဏ်နှစ်(၃၀)ကျော် ချမှတ်ခဲ့တာပါ။ ဒါပေမယ့် Johnson က တရားမျှတမှုမရှိဘူးဆိုကာ အယူခံဆက်တိုက်ဝင်ခဲ့ပေမယ့်၊ ယခင်က အကြိမ်တိုင်း ပယ်ချခံခဲ့ရပါတယ်။ နောက်ဆုံးတော့ သူ့အယူခံ အောင်မြင်ခဲ့ပြီး၊ ပြစ်ဒဏ် လျှော့ပေါ့ခံခဲ့ရတာပါ။

လင်းဇော်ကို (D Khit Media)

source : Buzz Feed