မနီလာၿမိဳ႕ေတာ္ဝန္ တုိင္းခန္းလွည့္စဥ္ “မစင္”နင္းမိလုိ႔ ေဒါသထြက္ၿပီး၊ ရဲမွဴးကို အလုပ္ျဖဳတ္

164

မင္းခစား ကမ္းနားသစ္ပင္-ဆုိတဲ့ စကားပုံက အဓိပၸါယ္မဲ့ ထြက္ေပၚလာတာမဟုတ္ပါဘူး။ ဘုရင္မင္းရဲ႕ အနီးအပါးမွာ ခစားသူေတြဟာ ဘုရင္ ၾကည္ရင္ၾကည္သလုိ ေမာင္မင္းရဲ႕ … အမတ္မင္းရဲ႕-ဆုိၿပီး အဆက္ဆံခံရေပမယ့္၊ ဘုရင္ မၾကည္ဘူးဆုိရင္ ေန႔လားညလား အခ်ဳပ္လားေထာင္လား၊ အေသလား အရွင္လား ေၾကာက္စရာပါ။

ဒါေၾကာင့္မုိ႔လည္း မင္းခစားနဲ႔ ကမ္းနားသစ္ပင္ဟာ အတူတူပဲလုိ႔ ေရွးလူႀကီးသူမေတြက ဆုိၾကတာပါ။ အခုလည္း မနီလာၿမိဳ႕ေတာ္ဝန္ အစၥကိုမုိရီႏုိဟာ ၿမိဳ႕အေျခအေနသိရဖုိ႔ လွည့္လည္စဥ္မွာ လူမစင္ပုံကုိ နင္းမိခဲ့တာေၾကာင့္ အေတာ္ေလး ေဒါသထြက္သြားပါတယ္။

ဒီလုိနဲ႔ သူဟာ ဒီလုိ လူမစင္ပုံရွိေနတာ အဲဒီအဝန္းအဝုိင္းကို တာဝန္ယူထားရတဲ့ ရဲမွဴးမွာ တာဝန္ရွိတယ္ဆုိၿပီး ရဲမွဴးကုိ အလုပ္က ျဖဳတ္လုိက္တယ္ဆုိၿပီး သတင္းေတြထြက္ေပၚလာပါတယ္။ မစင္နင္းမိခဲ့ရာေနရာကေတာ့ Bonifacio Monument မွာ ျဖစ္ၿပီး၊ အာဇာနည္သူရဲေကာင္း အန္ဒရက္ဘုိနီဖာစီယုိရဲ႕ ဂူဗိမာန္ျဖစ္ပါတယ္။

အဲဒီမွာ လူမစင္ကုိ နင္းမိခဲ့တာဟာ ၿမိဳ႕ေတာ္ဝန္အသစ္ အစၥကိုအတြက္ေတာ့ အေတာ္ေလး စိတ္ဆုိးစရာပါဘဲ။ သူက Facebook ေပၚတင္ထားတဲ့ ဗြီဒီယုိထဲမွာလည္း ရဲမွဴးနဲ႔အေပါင္းအပါေတြကို အလြန္စိတ္ဆုိးမာန္ဆုိးနဲ႔ ဆဲဆုိခဲ့ပါတယ္။ ဒါတင္မကေသးဘဲ သူဟာ ေနာက္ထပ္ လူမစင္ေတြ ထပ္နင္းမိခဲ့တယ္လုိ႔ သိရပါတယ္။

အစၥကုိက ဒီခရီးစဥ္ကေန သူ႕႐ုံးခန္းျပန္ေရာက္ေတာ့ မနီလာရဲတပ္ဖြဲ႕အႀကီးအကဲ Vicente Danao Jr. ကုိ ဆင့္ေခၚၿပီး ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။ မၾကာမီမွာပဲ အဲဒီဂူဗိမာန္ကို တာဝန္ယူထားရတဲ့ ရဲမွဴး Rowel Robles ကို ရာထူးကေန ရပ္စဲလုိက္ေၾကာင္း သိရပါတယ္။

ေနသူရိန္ (D Nae Thit)

source : Next Shark

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မင်းခစား ကမ်းနားသစ်ပင်-ဆိုတဲ့ စကားပုံက အဓိပ္ပါယ်မဲ့ ထွက်ပေါ်လာတာမဟုတ်ပါဘူး။ ဘုရင်မင်းရဲ့ အနီးအပါးမှာ ခစားသူတွေဟာ ဘုရင် ကြည်ရင်ကြည်သလို မောင်မင်းရဲ့ … အမတ်မင်းရဲ့-ဆိုပြီး အဆက်ဆံခံရပေမယ့်၊ ဘုရင် မကြည်ဘူးဆိုရင် နေ့လားညလား အချုပ်လားထောင်လား၊ အသေလား အရှင်လား ကြောက်စရာပါ။

ဒါကြောင့်မို့လည်း မင်းခစားနဲ့ ကမ်းနားသစ်ပင်ဟာ အတူတူပဲလို့ ရှေးလူကြီးသူမတွေက ဆိုကြတာပါ။ အခုလည်း မနီလာမြို့တော်ဝန် အစ္စကိုမိုရီနိုဟာ မြို့အခြေအနေသိရဖို့ လှည့်လည်စဉ်မှာ လူမစင်ပုံကို နင်းမိခဲ့တာကြောင့် အတော်လေး ဒေါသထွက်သွားပါတယ်။

ဒီလိုနဲ့ သူဟာ ဒီလို လူမစင်ပုံရှိနေတာ အဲဒီအဝန်းအဝိုင်းကို တာဝန်ယူထားရတဲ့ ရဲမှူးမှာ တာဝန်ရှိတယ်ဆိုပြီး ရဲမှူးကို အလုပ်က ဖြုတ်လိုက်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါတယ်။ မစင်နင်းမိခဲ့ရာနေရာကတော့ Bonifacio Monument မှာ ဖြစ်ပြီး၊ အာဇာနည်သူရဲကောင်း အန်ဒရက်ဘိုနီဖာစီယိုရဲ့ ဂူဗိမာန်ဖြစ်ပါတယ်။

အဲဒီမှာ လူမစင်ကို နင်းမိခဲ့တာဟာ မြို့တော်ဝန်အသစ် အစ္စကိုအတွက်တော့ အတော်လေး စိတ်ဆိုးစရာပါဘဲ။ သူက Facebook ပေါ်တင်ထားတဲ့ ဗွီဒီယိုထဲမှာလည်း ရဲမှူးနဲ့အပေါင်းအပါတွေကို အလွန်စိတ်ဆိုးမာန်ဆိုးနဲ့ ဆဲဆိုခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူဟာ နောက်ထပ် လူမစင်တွေ ထပ်နင်းမိခဲ့တယ်လို့ သိရပါတယ်။

အစ္စကိုက ဒီခရီးစဉ်ကနေ သူ့ရုံးခန်းပြန်ရောက်တော့ မနီလာရဲတပ်ဖွဲ့အကြီးအကဲ Vicente Danao Jr. ကို ဆင့်ခေါ်ပြီး ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။ မကြာမီမှာပဲ အဲဒီဂူဗိမာန်ကို တာဝန်ယူထားရတဲ့ ရဲမှူး Rowel Robles ကို ရာထူးကနေ ရပ်စဲလိုက်ကြောင်း သိရပါတယ်။

နေသူရိန် (D Nae Thit)

source : Next Shark