ကုိရီးယားလုိမတတ္တဲ့ ဗီယက္နမ္ဇနီးကို စိမ္ေျပနေျပ႐ုိက္ႏွက္ခဲ့တဲ့ ခင္ပြန္းသည္ ဖမ္းဆီးခံရ

73

ကိုရီးယားအမ်ိဳးသားတစ္ဦးဟာ သူရဲ႕ ဗီယက္နမ္ဇနီးကို အခ်ိန္(၃)နာရီၾကာ စိမ္ေျပနေျပ ႏွိပ္စက္႐ုိက္ႏွက္ခဲ့ပါတယ္။ သူတုိ႔ရဲ႕ သားေလးေရွ႕မွာပင္ ဇနီးကို အၾကမ္းဖက္ ႐ုိက္ႏွက္ခဲ့တာပါ။ ဒီအျဖစ္အပ်က္ကုိ ဇနီးက လွ်ိဳဳ႕ဝွက္ ဗြီဒီယုိမွတ္တမ္းတင္ထားခဲ့တာပါ။

အဓိက ျပႆနာကေတာ့ သူရဲ႕ဇနီးဟာ ကိုရီးယားစကားမေျပာတတ္လုိ႔ အခုလုိ ႐ုိက္ႏွက္ရတာပါတဲ့။ သူ႕အမည္ကိုေတာ့ Kim လုိ႔သာ ေဖာ္ျပထားၿပီး၊ အသက္(၃၆)ႏွစ္ပါ။ ဇနီးကေတာ့ အသက္(၃၀)ပါ။ ႐ုိက္ႏွက္ခံရလုိ႔ နံ႐ုိးက်ိဳးဒဏ္ရာရရွိခဲ့ၿပီး၊ ေဆးကုသမႈ ခံေနရပါတယ္။



Kim ကို ဇူလုိင္(၆)ရက္စေနေန႔က ဝရမ္းမပါဘဲ၊ ရဲတပ္ဖြဲ႕က အေရးေပၚဖမ္းဆီးခဲ့ၿပီး၊ အထူးႀကီးၾကပ္ေရး အခ်ဳဳပ္မွာ ခ်ဳပ္ေႏွာင္ထားခဲ့ပါတယ္။ သူ႕ဟာ တစ္ျခား အခ်ဳပ္သားေတြကုိ တုိက္ခုိက္ႏုိင္တဲ့ သေဘာမ်ိဳး ေတြ႕ေနရလုိ႔ပါ။ Kim ဟာ ဇနီးကို ဇူလုိင္(၄)ရက္က ႐ုိက္ႏွက္ခဲ့တာပါ။

သူတုိ႔လင္မယားဟာ South Jeolla စီရင္စု၊ Yeongam မွာ ေနထုိင္ၾကပါတယ္။ ဇနီးျဖစ္သူဟာ ကုိရီးယားအစားအစာကို ကၽြမ္းက်င္စြာ ခ်က္တတ္ျခင္းမရွိဘဲ၊ ဗီယက္နမ္အစာေတြခ်ည္း ခ်က္ေကၽြးတာကလည္း တစ္ျပစ္လုိ႔ ေျပာပါတယ္။ ရဲကေတာ့ Kim ကုိ အာမခံမေပးဘဲ ႐ုံးတင္စစ္ေဆးမယ္လုိ႔ သိရပါတယ္။

လင္းေဇာ္ကို (D Khit Media)

source : Asia One

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ကိုရီးယားအမျိုးသားတစ်ဦးဟာ သူရဲ့ ဗီယက်နမ်ဇနီးကို အချိန်(၃)နာရီကြာ စိမ်ပြေနပြေ နှိပ်စက်ရိုက်နှက်ခဲ့ပါတယ်။ သူတို့ရဲ့ သားလေးရှေ့မှာပင် ဇနီးကို အကြမ်းဖက် ရိုက်နှက်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ဇနီးက လျှိုု့ဝှက် ဗွီဒီယိုမှတ်တမ်းတင်ထားခဲ့တာပါ။

အဓိက ပြဿနာကတော့ သူရဲ့ဇနီးဟာ ကိုရီးယားစကားမပြောတတ်လို့ အခုလို ရိုက်နှက်ရတာပါတဲ့။ သူ့အမည်ကိုတော့ Kim လို့သာ ဖော်ပြထားပြီး၊ အသက်(၃၆)နှစ်ပါ။ ဇနီးကတော့ အသက်(၃၀)ပါ။ ရိုက်နှက်ခံရလို့ နံရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး၊ ဆေးကုသမှု ခံနေရပါတယ်။

Kim ကို ဇူလိုင်(၆)ရက်စနေနေ့က ဝရမ်းမပါဘဲ၊ ရဲတပ်ဖွဲ့က အရေးပေါ်ဖမ်းဆီးခဲ့ပြီး၊ အထူးကြီးကြပ်ရေး အချုုပ်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ သူ့ဟာ တစ်ခြား အချုပ်သားတွေကို တိုက်ခိုက်နိုင်တဲ့ သဘောမျိုး တွေ့နေရလို့ပါ။ Kim ဟာ ဇနီးကို ဇူလိုင်(၄)ရက်က ရိုက်နှက်ခဲ့တာပါ။

သူတို့လင်မယားဟာ South Jeolla စီရင်စု၊ Yeongam မှာ နေထိုင်ကြပါတယ်။ ဇနီးဖြစ်သူဟာ ကိုရီးယားအစားအစာကို ကျွမ်းကျင်စွာ ချက်တတ်ခြင်းမရှိဘဲ၊ ဗီယက်နမ်အစာတွေချည်း ချက်ကျွေးတာကလည်း တစ်ပြစ်လို့ ပြောပါတယ်။ ရဲကတော့ Kim ကို အာမခံမပေးဘဲ ရုံးတင်စစ်ဆေးမယ်လို့ သိရပါတယ်။

လင်းဇော်ကို (D Khit Media)

source : Asia One