ႏြားအလွျပပြဲမွာ ဆုရရွိတဲ့ႏြားက ဝ႐ုန္းသုန္းကားျဖစ္ခဲ့လုိ႔၊ ဒဏ္ရာရရွိခဲ့တဲ့ ႏြားသမား

19

ၿဗိတိန္မွာက်င္းပခဲ့တဲ့ ႏြားအလွျပပြဲမွာ ဆုရရွိတဲ့ႏြားက ဝ႐ုန္းသုန္းကားျဖစ္ခဲ့တာေၾကာင့္ ႏြားကိုင္တဲ့ႏြားသမား ဒဏ္ရာရရွိခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ Great Yorkshire Show မွာ ျဖစ္ပ်က္ခဲ့တာပါ။ ႏြားသမားဟာ ႏြားႀကီးဆြဲေခၚရာကုိ ဒလိမ့္ေခါက္ေကြး ပါသြားပါတယ္။

သူဟာ ဦးေခါင္း မစုိးရိမ္ရဒဏ္ရာ ရရွိခဲ့ပါတယ္။ သူ႕အမည္ကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။ သူဟာ ဧရာမႏြားႀကီးကို ကြင္းျပင္ဆီ ဆြဲထြက္လာခ်ိန္မွာ ပရိသတ္အသံေၾကာင့္ ႏြားႀကီးဟာ လန္႔ျဖတ္ၿပီး၊ ကဆုန္ဆုိင္း ေျပးပါေတာ့တယ္။ ႏြားသမားလည္း သူ႕ခြာနဲ႔ ေခါင္းကို အနည္းငယ္ထိခဲ့ၿပီး-

ႏြားႀကီးဆြဲေခၚရာကို ဒရြတ္တုိက္ ပါသြားပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ အဂၤါေန႔ မနက္ (၉.၄၅)နာရီမွာ ျဖစ္ခဲ့တာပါ။ ႏြားႀကီးကေတာ့ Limousin bull အမ်ိဳးအစားျဖစ္ၿပီး၊ ဒုိင္လူႀကီးေတြက ႏြားႀကီးကိုအကဲျဖတ္ကာ ဆုရထုိက္ေၾကာင္း ေၾကညာမႈအၿပီး အခုလုိျဖစ္တာပါတဲ့။

ဒဏ္ရာရွိသြားသူကို Harrogate District Hospital  ေဆး႐ုံဆီ ပုိ႔ေပးခဲ့ရပါတယ္။ သူကေတာ့ ပြန္းပဲ့ဒဏ္ရာေလာက္သာ ရရွိခဲ့တာမုိ႔ ေဆး႐ုံတက္ရဖုိ႔ေတာ့ မရွိပါဘူး။ Great Yorkshire Show ကုိ Yorkshire Agricultural Society က က်င္းပတာျဖစ္ပါတယ္။

ႏွစ္ေပါင္း (၁၆၁)ႏွစ္အထိ ရွိခဲ့ၿပီျဖစ္ၿပီး၊ လယ္ယာနဲ႔ စုိက္ပ်ိဳးေရးလုပ္ငန္း ထြက္ပစၥည္းပစၥယေတြ၊ ႏြားအလွၿပိဳင္ပြဲေတြ၊ သစ္သီးဝလံၿပိဳင္ပြဲေတြ က်င္းပေလ့ရွိပါတယ္။ ဒီၿပိဳင္ပြဲမွာ တိရစာၦန္ေကာင္ေရ (၈၅၀၀) ပါဝင္ျပသခဲ့ၿပီး၊ ပရိသတ္ (၁၃၀၀၀၀)အထိ တက္ေရာက္ခဲ့ပါတယ္။

ေနသူရိန္ (D Nae Khit Media0

source : Mirror

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ဗြိတိန်မှာကျင်းပခဲ့တဲ့ နွားအလှပြပွဲမှာ ဆုရရှိတဲ့နွားက ဝရုန်းသုန်းကားဖြစ်ခဲ့တာကြောင့် နွားကိုင်တဲ့နွားသမား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Great Yorkshire Show မှာ ဖြစ်ပျက်ခဲ့တာပါ။ နွားသမားဟာ နွားကြီးဆွဲခေါ်ရာကို ဒလိမ့်ခေါက်ကွေး ပါသွားပါတယ်။

သူဟာ ဦးခေါင်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။ သူ့အမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ သူဟာ ဧရာမနွားကြီးကို ကွင်းပြင်ဆီ ဆွဲထွက်လာချိန်မှာ ပရိသတ်အသံကြောင့် နွားကြီးဟာ လန့်ဖြတ်ပြီး၊ ကဆုန်ဆိုင်း ပြေးပါတော့တယ်။ နွားသမားလည်း သူ့ခွာနဲ့ ခေါင်းကို အနည်းငယ်ထိခဲ့ပြီး-

နွားကြီးဆွဲခေါ်ရာကို ဒရွတ်တိုက် ပါသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက် (၉.၄၅)နာရီမှာ ဖြစ်ခဲ့တာပါ။ နွားကြီးကတော့ Limousin bull အမျိုးအစားဖြစ်ပြီး၊ ဒိုင်လူကြီးတွေက နွားကြီးကိုအကဲဖြတ်ကာ ဆုရထိုက်ကြောင်း ကြေညာမှုအပြီး အခုလိုဖြစ်တာပါတဲ့။

ဒဏ်ရာရှိသွားသူကို Harrogate District Hospital  ဆေးရုံဆီ ပို့ပေးခဲ့ရပါတယ်။ သူကတော့ ပွန်းပဲ့ဒဏ်ရာလောက်သာ ရရှိခဲ့တာမို့ ဆေးရုံတက်ရဖို့တော့ မရှိပါဘူး။ Great Yorkshire Show ကို Yorkshire Agricultural Society က ကျင်းပတာဖြစ်ပါတယ်။

နှစ်ပေါင်း (၁၆၁)နှစ်အထိ ရှိခဲ့ပြီဖြစ်ပြီး၊ လယ်ယာနဲ့ စိုက်ပျိုးရေးလုပ်ငန်း ထွက်ပစ္စည်းပစ္စယတွေ၊ နွားအလှပြိုင်ပွဲတွေ၊ သစ်သီးဝလံပြိုင်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဒီပြိုင်ပွဲမှာ တိရစ္ဆာန်ကောင်ရေ (၈၅၀၀) ပါဝင်ပြသခဲ့ပြီး၊ ပရိသတ် (၁၃၀၀၀၀)အထိ တက်ရောက်ခဲ့ပါတယ်။

နေသူရိန် (D Nae Khit Media0

source : Mirror