ယာဥ္တုိက္မႈေၾကာင့္ မိခင္ေလာင္းဗုိက္ထဲမွသေႏၶသား အျပင္သုိ႔လြင့္စင္သည္အထိ ျဖစ္ပြားခဲ့

55

မေလးရွားႏုိင္ငံ၊ ကီလန္တန္ၿမိဳ႕မွာ အလြန္ျပင္းထန္တဲ့ ယာဥ္တုိက္မႈျဖစ္ပြားခဲ့ရာ၊ ေမာ္ေတာ္ဆုိင္ကယ္ ေမာင္းႏွင္လာတဲ့ ဇနီးေမာင္ႏွံႏွစ္ဦးစလုံး ျပင္းထန္တဲ့ ယာဥ္မေတာ္တဆမႈျဖစ္ၿပီး ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။ ယာဥ္တုိက္မႈ ျပင္းထန္လြန္းလုိ႔ ဗုိက္ထဲက ငါးလအရြယ္ သေႏၶသားေလာင္းအျပင္သုိ႔ လြင့္စင္သည္အထိ ျဖစ္ခဲ့ရပါတယ္။

ေသဆုံးသြားတဲ့ အမ်ိဳးသမီးရဲ႕ ဖခင္ျဖစ္သူကေတာ့ သူ႕ရဲ႕သမီးမွာ ကုိယ္ဝန္ရွိေနမွန္း ဒီမတုိင္ခင္က မသိခဲ့ပါဘူးလုိ႔ ေျပာပါတယ္။ ဒီအျဖစ္အပ်က္ဟာ Pasir Mas မွာျဖစ္ခဲ့တာပါ။ ေသဆုံးသူႏွစ္ဦး စီးလာတဲ့ဆုိင္ကယ္မွာလည္း အေတာ္ေလးကို စုတ္ျပတ္သတ္သြားတာကို ေတြ႔ရပါတယ္။

ဇူလုိင္(၁၀)ရက္ မနက္ခင္းပုိင္းက ျဖစ္ခဲ့တဲ့ ဒီမေတာ္တဆမႈအၿပီးမွာ ေသဆုံးသူအမ်ိဳးသမီးရဲ႕ဖခင္က Jaafar Ibrahim (၆၃)ႏွစ္က သူ႕သမီး Nur Syafiqah Jaafar (၂၂)ႏွစ္မွာ ကိုယ္ဝန္ရွိေနတာကို မသိရေၾကာင္း၊ Jaafar နဲ႔ ခင္ပြန္းျဖစ္သူမွာ လက္ထပ္ထားတာ တစ္ႏွစ္ခန္႔ရွိၿပီလုိ႔ ေျပာပါတယ္။

Jaafar ရဲ႕ ဗုိက္ထဲက သေႏၶသားေလာင္းဟာ သားအိမ္မွ (၇)မီတာ သုိ႔မဟုတ္ (၂၂)ေပအေဝးထိ လြင့္စင္ထြက္သြားၿပီး၊ သားအဖ(၃)ဦးစလုံး ေသဆုံးခဲ့ရတဲ့အျဖစ္ပါ။ ေသဆုံးသူ ခင္ပြန္းသည္အမည္ကေတာ့ Ab Azit ျဖစ္ၿပီး၊ သူကလည္း အသက္(၂၂)ႏွစ္သာ ရွိပါေသးတယ္။

သူတုိ႔လင္မယားႏွစ္ေယာက္ဟာ မ်က္ႏွာခ်င္းဆုိင္လာတဲ့ Myvi အမ်ိဳးအစားကားနဲ႔ အရွိန္ျပင္းစြာ ဝင္တုိက္ခဲ့မိတာျဖစ္ၿပီး၊ Jaafar ရဲ႕ဗုိက္ဟာ ကြဲထြက္ခဲ့ရပါတယ္။ မိခင္ေလာင္းဟာ Kota Bharu Polytechnic (PKB) မွာ ME ေနာက္ဆုံးႏွစ္ တက္ေရာက္ေနသူပါ။ ရဲကအခင္းျဖစ္စဥ္ကုိ စုံစမ္းေနဆဲပါ။

လင္းေဇာ္ကုိ (D Nae Khit)

Source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မလေးရှားနိုင်ငံ၊ ကီလန်တန်မြို့မှာ အလွန်ပြင်းထန်တဲ့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ၊ မော်တော်ဆိုင်ကယ် မောင်းနှင်လာတဲ့ ဇနီးမောင်နှံနှစ်ဦးစလုံး ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့ရကြောင်း သိရပါတယ်။ ယာဉ်တိုက်မှု ပြင်းထန်လွန်းလို့ ဗိုက်ထဲက ငါးလအရွယ် သန္ဓေသားလောင်းအပြင်သို့ လွင့်စင်သည်အထိ ဖြစ်ခဲ့ရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ဖခင်ဖြစ်သူကတော့ သူ့ရဲ့သမီးမှာ ကိုယ်ဝန်ရှိနေမှန်း ဒီမတိုင်ခင်က မသိခဲ့ပါဘူးလို့ ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ Pasir Mas မှာဖြစ်ခဲ့တာပါ။ သေဆုံးသူနှစ်ဦး စီးလာတဲ့ဆိုင်ကယ်မှာလည်း အတော်လေးကို စုတ်ပြတ်သတ်သွားတာကို တွေ့ရပါတယ်။

ဇူလိုင်(၁၀)ရက် မနက်ခင်းပိုင်းက ဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုအပြီးမှာ သေဆုံးသူအမျိုးသမီးရဲ့ဖခင်က Jaafar Ibrahim (၆၃)နှစ်က သူ့သမီး Nur Syafiqah Jaafar (၂၂)နှစ်မှာ ကိုယ်ဝန်ရှိနေတာကို မသိရကြောင်း၊ Jaafar နဲ့ ခင်ပွန်းဖြစ်သူမှာ လက်ထပ်ထားတာ တစ်နှစ်ခန့်ရှိပြီလို့ ပြောပါတယ်။

Jaafar ရဲ့ ဗိုက်ထဲက သန္ဓေသားလောင်းဟာ သားအိမ်မှ (၇)မီတာ သို့မဟုတ် (၂၂)ပေအဝေးထိ လွင့်စင်ထွက်သွားပြီး၊ သားအဖ(၃)ဦးစလုံး သေဆုံးခဲ့ရတဲ့အဖြစ်ပါ။ သေဆုံးသူ ခင်ပွန်းသည်အမည်ကတော့ Ab Azit ဖြစ်ပြီး၊ သူကလည်း အသက်(၂၂)နှစ်သာ ရှိပါသေးတယ်။

သူတို့လင်မယားနှစ်ယောက်ဟာ မျက်နှာချင်းဆိုင်လာတဲ့ Myvi အမျိုးအစားကားနဲ့ အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့မိတာဖြစ်ပြီး၊ Jaafar ရဲ့ဗိုက်ဟာ ကွဲထွက်ခဲ့ရပါတယ်။ မိခင်လောင်းဟာ Kota Bharu Polytechnic (PKB) မှာ ME နောက်ဆုံးနှစ် တက်ရောက်နေသူပါ။ ရဲကအခင်းဖြစ်စဉ်ကို စုံစမ်းနေဆဲပါ။

လင်းဇော်ကို (D Nae Khit)

Source : World Of Buzz