နယူးဂီနီယာမွာ လူ႐ုိင္းခ်င္းသတ္ျဖတ္မႈ (၂၄)ဦးေသဆုံး၊ အေလာင္းေတြကို ဓားနဲ႔တုံးတစ္ခဲ့

106

ကမာၻေပၚက ရွားပါးလူ႐ုိင္းမ်ိဳးႏြယ္စုေတြ ေနထိုင္ရာ၊ ပါပူအာနယူးဂီနီယာ၊ ဟီလာစီရင္စု၊ ကာရီဒါအမည္ရ ေက်းရြာေလးမွာ ၿပိဳင္ဘက္ရန္သူ လူ႐ုိင္းမ်ိဳးႏြယ္စုက အလစ္ဝင္ေရာက္တုိက္ခုိက္ခဲ့လုိ႔ ရြာသား (၂၄)ဦး ေသဆုံးခဲ့ရတယ္လုိ႔ ဆုိပါတယ္။ ေသဆုံးသူေတြကို ရန္သူေတြက ဓားနဲ႔အပုိင္းပုိင္း ခုတ္ထစ္သြားၾကတာပါ။

မည္သည့္လူ႐ုိင္းမ်ိဳးႏြယ္စုက ဒီရက္စက္လွတဲ့ လူမ်ိဳးတုံးတုိက္ခုိက္မႈကို လုပ္ခဲ့တာလဲဆုိတာကိုေတာ့ သက္ဆုိင္ရာက စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ပါတယ္။ ေသဆုံးသူေတြထဲမွာ ကိုယ္ဝန္အရင့္အမာလြယ္ထားရတဲ့ မ်ိဳးႏြယ္စုအမ်ိဳးသမီးႏွစ္ဦး၊ ကေလးေတြအပါအဝင္ (၂၄)ဦးပါ။

သူူတုိ႔တစ္ေတြဟာ ေသနတ္နဲ႔ (သုိ႔မဟုတ္) ျမားစသည္ျဖင့္ ပစ္သတ္ခံခဲ့ရၿပီး၊ ေျခေထာက္လက္ေတာက္ေတြ၊ ခႏၶာကိုယ္အပုိင္းအစေတြျဖစ္ေအာင္ ဓားနဲ႔ စိမ္ေျပနေျပတုံးတစ္သြားတာလုိ႔ သိရပါတယ္။ Hela Gov Philip Undialu ရဲ႕အဆုိအရေတာ့ ၿပိဳင္ဘက္ရန္သူ လူမ်ိဳးစုက လက္စားေခ်တုိက္ခိုက္တာလုိ႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က တစ္ဖက္ရန္သူေတြ ေနထုိင္ရာကို ကာရီ္ဒါရြာသားေတြက က်ဴးေက်ာ္ဝင္ေရာက္ခဲ့ၿပီး၊ ရြာသား(၇)ဦးကုိ သတ္ျဖတ္ခဲ့မႈက ေလာေလာလက္လက္ ျဖစ္ပ်က္ထားခဲ့တာမို႔၊ အခု အဲဒီရြာက လာၿပီးလက္စားေခ်တာလုိ႔ ျပည္နယ္တာဝန္ရွိသူေတြက ယူဆေနပါတယ္။

ကာရီဒါရြာကိုေတာ့ ရန္သူလူမ်ိဳးစုက တနလၤာေန႔မနက္ (၆)နာရီမွာ ဝင္စီးခဲ့တာျဖစ္ၿပီး၊ ၿခဳံရွင္းတဲ့ဓားေတြနဲ႔ ေတြ႕ကရာလူကို အကုန္ခုတ္သတ္ကာ၊ ေနအိမ္ေတြကို မီး႐ႈိ႔ခဲ့ပါတယ္။ ေသနတ္သံေတြလည္း ၾကားခဲ့ရေၾကာင္း အနီးအနားရြာခံေတြက ေျပာပါတယ္။

အင္အား(၅၀)ေလာက္နဲ႔ ကာရီဒါရြာကို ဝင္စီးခဲ့တာျဖစ္ၿပီး၊ အဲဒီႏွစ္ရြာဟာ ယခင္ကတည္းက ရန္ညႇိဳးရန္စ ၿပိဳင္ဆုိင္မႈေတြ ျပင္းထန္ခဲ့တဲ့ရြာေတြလုိ႔ သိရပါတယ္။ အေလာင္းေတြကုိ သက္ဆုိင္ရာက ျခင္ေထာင္ေတြနဲ႔ စုၿပီးထုတ္ပုိးခဲ့ရၿပီး၊ ဝန္ႀကီးခ်ဳပ္  James Marape  ကေတာ့ အေရးယူမႈျပဳလုပ္ဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

လင္းေဇာ္ကုိ (D Khit Media)

source : Mirror

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ကမ္ဘာပေါ်က ရှားပါးလူရိုင်းမျိုးနွယ်စုတွေ နေထိုင်ရာ၊ ပါပူအာနယူးဂီနီယာ၊ ဟီလာစီရင်စု၊ ကာရီဒါအမည်ရ ကျေးရွာလေးမှာ ပြိုင်ဘက်ရန်သူ လူရိုင်းမျိုးနွယ်စုက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရွာသား (၂၄)ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကို ရန်သူတွေက ဓားနဲ့အပိုင်းပိုင်း ခုတ်ထစ်သွားကြတာပါ။

မည်သည့်လူရိုင်းမျိုးနွယ်စုက ဒီရက်စက်လှတဲ့ လူမျိုးတုံးတိုက်ခိုက်မှုကို လုပ်ခဲ့တာလဲဆိုတာကိုတော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကိုယ်ဝန်အရင့်အမာလွယ်ထားရတဲ့ မျိုးနွယ်စုအမျိုးသမီးနှစ်ဦး၊ ကလေးတွေအပါအဝင် (၂၄)ဦးပါ။

သူူတို့တစ်တွေဟာ သေနတ်နဲ့ (သို့မဟုတ်) မြားစသည်ဖြင့် ပစ်သတ်ခံခဲ့ရပြီး၊ ခြေထောက်လက်တောက်တွေ၊ ခန္ဓာကိုယ်အပိုင်းအစတွေဖြစ်အောင် ဓားနဲ့ စိမ်ပြေနပြေတုံးတစ်သွားတာလို့ သိရပါတယ်။ Hela Gov Philip Undialu ရဲ့အဆိုအရတော့ ပြိုင်ဘက်ရန်သူ လူမျိုးစုက လက်စားချေတိုက်ခိုက်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က တစ်ဖက်ရန်သူတွေ နေထိုင်ရာကို ကာရီ်ဒါရွာသားတွေက ကျူးကျော်ဝင်ရောက်ခဲ့ပြီး၊ ရွာသား(၇)ဦးကို သတ်ဖြတ်ခဲ့မှုက လောလောလက်လက် ဖြစ်ပျက်ထားခဲ့တာမို့၊ အခု အဲဒီရွာက လာပြီးလက်စားချေတာလို့ ပြည်နယ်တာဝန်ရှိသူတွေက ယူဆနေပါတယ်။

ကာရီဒါရွာကိုတော့ ရန်သူလူမျိုးစုက တနင်္လာနေ့မနက် (၆)နာရီမှာ ဝင်စီးခဲ့တာဖြစ်ပြီး၊ ခြုံရှင်းတဲ့ဓားတွေနဲ့ တွေ့ကရာလူကို အကုန်ခုတ်သတ်ကာ၊ နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။ သေနတ်သံတွေလည်း ကြားခဲ့ရကြောင်း အနီးအနားရွာခံတွေက ပြောပါတယ်။

အင်အား(၅၀)လောက်နဲ့ ကာရီဒါရွာကို ဝင်စီးခဲ့တာဖြစ်ပြီး၊ အဲဒီနှစ်ရွာဟာ ယခင်ကတည်းက ရန်ညှိုးရန်စ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့တဲ့ရွာတွေလို့ သိရပါတယ်။ အလောင်းတွေကို သက်ဆိုင်ရာက ခြင်ထောင်တွေနဲ့ စုပြီးထုတ်ပိုးခဲ့ရပြီး၊ ဝန်ကြီးချုပ်  James Marape  ကတော့ အရေးယူမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လင်းဇော်ကို (D Khit Media)

source : Mirror