ကမ္းေျခမွာ ဖိနပ္မစီးလို႔ ေျခဖဝါးအေရျပားထဲ သန္ေကာင္ ထိုးေဖာက္ဝင္ေရာက္

217

သင္ဟာ ကမ္းေျခကို ခရီးထြက္ဖို႔ စဥ္းစားေနပါသလား။ ေျခဗလာနဲ႔ သဲေသာင္ရဲ႕ အရသာ၊ ပင္လယ္ရဲ႕အရသာကို ခံစားခ်င္ပါသလား။ ဒီစာကို ဖတ္ၿပီးတဲ့ေနာက္မွာ အဆင္ေျပမယ့္ အကာကြယ္ယူဖို႔ ျပန္ေတြးေကာင္း ေတြးမိပါလိမ့္မယ္။ အသက္ (၃၁) ႏွစ္အရြယ္ Nurul ဟာ ေလာေလာဆယ္ Part Dickson ကမ္းေျခကို မိသားစုနဲ႔အတူ ေပ်ာ္ပဲြစားထြက္ေနစဥ္မွာ အဆိုးဝါးဆုံး အိပ္မက္ဆိုးကို ေတြ႔ႀကဳံခဲ့ရပါတယ္။

သူမဟာ ကမ္းေျခကို ေျခဗလာနဲ႔ လမ္းေလ်ာက္ခဲ့တဲ့အတြက္ေၾကာင့္ ေျခဖဝါးမွာ သန္ေကာင္ကူးဆက္ျခင္း ခံခဲ့ရတဲ့ အေတြ႔ႀကဳံကို Facebook မွာ တင္ခဲ့ပါတယ္။ ဒီသန္ေကာင္ကူးဆက္မႈဟာ Cutaneous Larva migrans လို႔ လူသိမ်ားတဲ့ ေရႊ႕ေျပာင္းသြားလာတတ္တဲ့ သန္ေကာင္မ်ိဳးျဖစ္ၿပီး-

သူမရဲ႕ ဘယ္ဘက္ေျခဖဝါးဟာ သန္ေကာင္ရဲ႕ ေနအိမ္တခုလို ျဖစ္ေနတယ္လို႔ သူမက ရွင္းျပပါတယ္။ ပထမေတာ့ တစ္ပတ္ေလာက္ၾကာေအာင္ ေျခခဖဝါးေပၚမွာ လႈိင္းတြန္႔ပုံေလးေတြ ေပၚေနပါတယ္။ ဒါကို သူမက ခရီးသြားၿပီးတဲ့ေနာက္ အာ႐ုံေၾကာအားနည္းလို႔ ျဖစ္တယ္လို႔ ထင္ခဲ့ပါတယ္။

ေနာက္ေတာ့ ေျခဖဝါးက အေရးျပားအလႊာထဲမွာ အဖုအပိန္႔ေလးေတြ ထြက္ေနတာ ျမင္လိုက္ရေတာ့ တစ္ခုခုျဖစ္ေနတယ္ဆိုတာ သတိထားမိလိုက္ပါတယ္။ ဒါကုိလည္း ေျခညႇပ္ဖိနပ္ေၾကာင့္ အေရၾကည္ဖု ေပါက္တာပဲလို႔ ထင္လိုက္မိပါတယ္။ ေနာက္ေတာ့ ေျခဖဝါးက လုိင္းေၾကာင္းေလးေတြက ေရာင္ကိုင္းေနသလိုမ်ိဳး အျပင္ကို စူထြက္လာပါတယ္။

ဒါေပမယ့္ သူက အေရးႀကီးတယ္လို႔ မထင္ခဲ့ပါဘူး။ Nurul ဟာ အႏွိပ္သည္ကို ႏွိပ္ခိုင္းရင္း ေမးတဲ့အခါမွာ အႏွိပ္သည္က ဒါ အာ႐ုံေၾကာျပႆနာလို႔ပဲ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ေျခေထာက္ေတြကို အႏွိပ္ခံၿပီးေနာက္ပိုင္းမွာ သူရဲ႕ ေျခဖဝါးက မခံမရပ္ႏိုင္ ယားယံလာခဲ့ပါတယ္။

သူရဲ႕ စူထြက္ေနတဲ့ လိုင္းေၾကာင္းပုံပါတဲ့ ေျခဖဝါးပုံကို Facebook ေပၚတင္ၿပီး ဘာျဖစ္တာလဲလို႔ သူငယ္ခ်င္းေတြကို ေမးလုိက္ပါတယ္။ ျပန္ေျဖတဲ့အေျဖ ေတာ္ေတာ္မ်ားမ်ားက ဒါဟာ သန္ေကာင္ပဲလို႔ ေျဖၾကပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အရင္က ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီးေတာ့ စာထဲမွာ ဖတ္ဖူးထားၾကလုိ႔ပါပဲ။

မိသားစုဝင္ေတြ တိုက္တြန္းခ်က္ေၾကာင့္ Nurul ဟာ Ara Damansara ပုဂၢလိက ေဆး႐ုံတစ္ခုကို ေဆးစစ္ဖို႔ သြားလိုက္ပါတယ္။ Nurulရဲ႕ ေျပာျပခ်က္အရ ပထမေတာ့ ဆရာဝန္က သံသယျဖစ္သြားပါတယ္။ ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့မွ အေရျပားထဲဝင္ေနတဲ့ သန္ေကာင္ဆိုတာ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါတယ္။

Nurul ကို ဆရာဝန္က ေလာေလာဆယ္ ကမ္းေျခကို သြားခဲ့သလားလုိ႔ ဆက္ေမးလိုက္ေတာ့ လြန္ခဲ့တဲ့ႏွစ္ပတ္က ကမ္းေျခကို သြားခဲ့တယ္လုိ႔ ေျပာလိုက္ပါတယ္။ ဆရာဝန္က ဒါဟာ ေျခဖဝါးအေရျပားထဲ ဝင္ေနတဲ့ သန္ေကာင္ပဲဆိုတာကို အတည္ျပဳလိုက္ပါတယ္။

ဆရာဝန္က ကမ္းေျခမွာ ေခြးေတြ၊ ေၾကာင္ေတြ မစင္စြန္႔တာေၾကာင့္ သန္ေကာင္ေတြ အမ်ားအျပားရွိတယ္ဆိုတာကို ရွင္းျပပါတယ္။ ကမ္းေျခကလည္း ေႏြးေနတယ္၊ ေၾကာင္ေတြ၊ ေခြးေတြကလည္း မစင္စြန္႔တယ္၊ အဲဒါေၾကာင့္မို႔ ဒီသန္ေကာင္ေတြက-

ေၾကာင္ေတြ၊ ေခြးေတြရဲ႕ မစင္ကေန ေရာက္လာတာျဖစ္တယ္၊ ၿပီးေတာ့ ဒီသန္ေကာင္ဟာ ညမွာ ပိုမိုလႈပ္ရွားေလ့ရွိပါတယ္။” လို႔ ေျပာျပပါတယ္။ ဒါေၾကာင့္မို႔ ဘယ္ေနရာကို သြားသြား ဖိနပ္စီးၾကဖို႔နဲ႔ ခႏၶာကိုယ္မွာ ေကြးေကြး ေကာက္ေကာက္ အစင္းေၾကာင္းေတြ ျဖစ္ေနသလားလုိ႔ သတိထားၾကေစခ်င္ပါတယ္။

မင္းႏြယ္ခန္႔ (D Nae Thit)

source : World Of Buzz

ယူနီကုဒ်ဖြင့် ဖတ်ရန်-

သင်ဟာ ကမ်းခြေကို ခရီးထွက်ဖို့ စဉ်းစားနေပါသလား။ ခြေဗလာနဲ့ သဲသောင်ရဲ့ အရသာ၊ ပင်လယ်ရဲ့အရသာကို ခံစားချင်ပါသလား။ ဒီစာကို ဖတ်ပြီးတဲ့နောက်မှာ အဆင်ပြေမယ့် အကာကွယ်ယူဖို့ ပြန်တွေးကောင်း တွေးမိပါလိမ့်မယ်။ အသက် (၃၁) နှစ်အရွယ် Nurul ဟာ လောလောဆယ် Part Dickson ကမ်းခြေကို မိသားစုနဲ့အတူ ပျော်ပွဲစားထွက်နေစဉ်မှာ အဆိုးဝါးဆုံး အိပ်မက်ဆိုးကို တွေ့ကြုံခဲ့ရပါတယ်။

သူမဟာ ကမ်းခြေကို ခြေဗလာနဲ့ လမ်းလျောက်ခဲ့တဲ့အတွက်ကြောင့် ခြေဖဝါးမှာ သန်ကောင်ကူးဆက်ခြင်း ခံခဲ့ရတဲ့ အတွေ့ကြုံကို Facebook မှာ တင်ခဲ့ပါတယ်။ ဒီသန်ကောင်ကူးဆက်မှုဟာ Cutaneous Larva migrans လို့ လူသိများတဲ့ ရွှေ့ပြောင်းသွားလာတတ်တဲ့ သန်ကောင်မျိုးဖြစ်ပြီး-

သူမရဲ့ ဘယ်ဘက်ခြေဖဝါးဟာ သန်ကောင်ရဲ့ နေအိမ်တခုလို ဖြစ်နေတယ်လို့ သူမက ရှင်းပြပါတယ်။ ပထမတော့ တစ်ပတ်လောက်ကြာအောင် ခြေခဖဝါးပေါ်မှာ လှိုင်းတွန့်ပုံလေးတွေ ပေါ်နေပါတယ်။ ဒါကို သူမက ခရီးသွားပြီးတဲ့နောက် အာရုံကြောအားနည်းလို့ ဖြစ်တယ်လို့ ထင်ခဲ့ပါတယ်။

နောက်တော့ ခြေဖဝါးက အရေးပြားအလွှာထဲမှာ အဖုအပိန့်လေးတွေ ထွက်နေတာ မြင်လိုက်ရတော့ တစ်ခုခုဖြစ်နေတယ်ဆိုတာ သတိထားမိလိုက်ပါတယ်။ ဒါကိုလည်း ခြေညှပ်ဖိနပ်ကြောင့် အရေကြည်ဖု ပေါက်တာပဲလို့ ထင်လိုက်မိပါတယ်။ နောက်တော့ ခြေဖဝါးက လိုင်းကြောင်းလေးတွေက ရောင်ကိုင်းနေသလိုမျိုး အပြင်ကို စူထွက်လာပါတယ်။

ဒါပေမယ့် သူက အရေးကြီးတယ်လို့ မထင်ခဲ့ပါဘူး။ Nurul ဟာ အနှိပ်သည်ကို နှိပ်ခိုင်းရင်း မေးတဲ့အခါမှာ အနှိပ်သည်က ဒါ အာရုံကြောပြဿနာလို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခြေထောက်တွေကို အနှိပ်ခံပြီးနောက်ပိုင်းမှာ သူရဲ့ ခြေဖဝါးက မခံမရပ်နိုင် ယားယံလာခဲ့ပါတယ်။

သူရဲ့ စူထွက်နေတဲ့ လိုင်းကြောင်းပုံပါတဲ့ ခြေဖဝါးပုံကို Facebook ပေါ်တင်ပြီး ဘာဖြစ်တာလဲလို့ သူငယ်ချင်းတွေကို မေးလိုက်ပါတယ်။ ပြန်ဖြေတဲ့အဖြေ တော်တော်များများက ဒါဟာ သန်ကောင်ပဲလို့ ဖြေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ စာထဲမှာ ဖတ်ဖူးထားကြလို့ပါပဲ။

မိသားစုဝင်တွေ တိုက်တွန်းချက်ကြောင့် Nurul ဟာ Ara Damansara ပုဂ္ဂလိက ဆေးရုံတစ်ခုကို ဆေးစစ်ဖို့ သွားလိုက်ပါတယ်။ Nurulရဲ့ ပြောပြချက်အရ ပထမတော့ ဆရာဝန်က သံသယဖြစ်သွားပါတယ်။ သေသေချာချာ ကြည့်လိုက်တော့မှ အရေပြားထဲဝင်နေတဲ့ သန်ကောင်ဆိုတာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

Nurul ကို ဆရာဝန်က လောလောဆယ် ကမ်းခြေကို သွားခဲ့သလားလို့ ဆက်မေးလိုက်တော့ လွန်ခဲ့တဲ့နှစ်ပတ်က ကမ်းခြေကို သွားခဲ့တယ်လို့ ပြောလိုက်ပါတယ်။ ဆရာဝန်က ဒါဟာ ခြေဖဝါးအရေပြားထဲ ဝင်နေတဲ့ သန်ကောင်ပဲဆိုတာကို အတည်ပြုလိုက်ပါတယ်။

ဆရာဝန်က ကမ်းခြေမှာ ခွေးတွေ၊ ကြောင်တွေ မစင်စွန့်တာကြောင့် သန်ကောင်တွေ အများအပြားရှိတယ်ဆိုတာကို ရှင်းပြပါတယ်။ ကမ်းခြေကလည်း နွေးနေတယ်၊ ကြောင်တွေ၊ ခွေးတွေကလည်း မစင်စွန့်တယ်၊ အဲဒါကြောင့်မို့ ဒီသန်ကောင်တွေက-

ကြောင်တွေ၊ ခွေးတွေရဲ့ မစင်ကနေ ရောက်လာတာဖြစ်တယ်၊ ပြီးတော့ ဒီသန်ကောင်ဟာ ညမှာ ပိုမိုလှုပ်ရှားလေ့ရှိပါတယ်။” လို့ ပြောပြပါတယ်။ ဒါကြောင့်မို့ ဘယ်နေရာကို သွားသွား ဖိနပ်စီးကြဖို့နဲ့ ခန္ဓာကိုယ်မှာ ကွေးကွေး ကောက်ကောက် အစင်းကြောင်းတွေ ဖြစ်နေသလားလို့ သတိထားကြစေချင်ပါတယ်။

မင်းနွယ်ခန့် (D Nae Thit)

source : World Of Buzz