Men in Black ဇာတ္ကားရဲ႕ ဝါရင့္မင္းသားႀကီး ရစ္ပ္တြန္း (၈၈)ႏွစ္အရြယ္မွာ ကြယ္လြန္

123

အေမရိကန္ ဝါရင့္မင္းသားႀကီး ရစ္ပ္တြန္းဟာ အသက္(၈၈)ႏွစ္အရြယ္မွာ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သိရပါတယ္။ တြန္းဟာ Larry Sanders Show ရဲ႕ အမာခံတင္ဆက္သူျဖစ္ခဲ့ၿပီး၊ ပရိသတ္အခုိင္အမာရွိခဲ့သူပါ။ Emmy Award ဆုကို ဆြတ္ခူးခဲ့ဖူးတဲ့ တြန္းဟာ အခုအခါမွာေတာ့ အားလုံးကို ႏႈတ္ဆက္သြားပါၿပီ။

Rip Torn ဟာ Cross Creek ဇာတ္ကားနဲ႔ အေကာင္းဆုံးအကယ္ဒမီစာရင္း ဝင္ေရာက္ႏုိင္ခဲ့သူျဖစ္ၿပီး၊ Emmy Award ဆုစာရင္းကိုေတာ့ ေျခာက္ႀကိမ္အထိ စံကာတင္ဝင္ေရာက္ႏုိင္ခဲ့ကာ (၁၉၉၆)ခုႏွစ္မွာ အဲဒီဆုကုိ ထုိက္ထုိက္တန္တန္ ဆြတ္ခူးခဲ့သူပါ။



သူဟာ ဗြီဒီ႐ုပ္ရွင္ဇာတ္ကားေပါင္း (၈၆)ေက်ာ္၊ တယ္လီေဗးရွင္းအစီအစဥ္ေပါင္း (၃၂)ခုမွာ က်ရာဇာတ္႐ုပ္အသီးသီးမွာ တာဝန္ေက်ခဲ့သူျဖစ္ၿပီး၊ ႐ုပ္သံဇာတ္လမ္းတြဲနဲ႔ စင္ျမင့္တုိက္႐ုိက္ေဖ်ာ္ေျဖေရးေတြမွာလည္း ပရိသတ္သေဘာက်ျခင္း ခံခဲ့ရသူပါ။

ဟာသပါရမီမွာလည္း ထူးခၽြန္သူျဖစ္ၿပီး သူရဲ႕ဟာသပ်က္လုံးေတြဟာ ပရိသတ္ေတြ အေမာေျပစရာ ျဖစ္ခဲ့ပါတယ္။ တြန္းဟာ American Comedy Award ဆုအျပင္ CableACE Award ဆုႏွစ္ဆုကိုလည္း ရယူႏုိင္ခဲ့သူပါ။ သူဟာ အသက္(၈၈)ႏွစ္ Lakeville Conn က ေနအိမ္မွာ-

ၿပီးခဲ့တဲ့ အဂၤါေန႔က ကြယ္လြန္ခဲ့တာပါ။ တြန္းဟာ (၁၉၅၆)ခုႏွစ္ Baby Doll ဇာတ္ကားနဲ႔ သ႐ုပ္ေဆာင္ေလာကကုိ စတင္ခဲ့သူပါ။ သူ ေသဆုံးခဲ့ရျခင္းေၾကာင့္ အႏုပညာအသုိင္းအဝုိင္းက ဝမ္းနည္းေၾကာင္း သဝဏ္လႊာေတြ က်န္ရစ္သူမိသားစုထံ ေပးပို႔ခဲ့သလုိ၊

သက္ဆုိင္ရာ လူမႈကြန္ရက္မွလည္း ေၾကညာခဲ့ၾကပါတယ္။ တြန္းဟာ မင္းသမီး(၃)ဦးနဲ႔ အိမ္ေထာင္(၃)ဆက္ ရွိခဲ့ၿပီး၊ သားသမီး (၆)ဦး ထြန္းကားခဲ့ပါတယ္။ သမီး အန္ဂ်လီကာေပ့ဂ်္ကေတာ့ ဖခင္ရဲ႕ အႏုပညာအေမြကို ဆက္ခံႏုိင္ခဲ့သူပါ။ သူမက အခု (၅၅)ႏွစ္ ရွိပါၿပီ။

ေနသူရိန္ (D Khit Media)

source : OregonLive

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အမေရိကန် ဝါရင့်မင်းသားကြီး ရစ်ပ်တွန်းဟာ အသက်(၈၈)နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။ တွန်းဟာ Larry Sanders Show ရဲ့ အမာခံတင်ဆက်သူဖြစ်ခဲ့ပြီး၊ ပရိသတ်အခိုင်အမာရှိခဲ့သူပါ။ Emmy Award ဆုကို ဆွတ်ခူးခဲ့ဖူးတဲ့ တွန်းဟာ အခုအခါမှာတော့ အားလုံးကို နှုတ်ဆက်သွားပါပြီ။

Rip Torn ဟာ Cross Creek ဇာတ်ကားနဲ့ အကောင်းဆုံးအကယ်ဒမီစာရင်း ဝင်ရောက်နိုင်ခဲ့သူဖြစ်ပြီး၊ Emmy Award ဆုစာရင်းကိုတော့ ခြောက်ကြိမ်အထိ စံကာတင်ဝင်ရောက်နိုင်ခဲ့ကာ (၁၉၉၆)ခုနှစ်မှာ အဲဒီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သူပါ။

သူဟာ ဗွီဒီရုပ်ရှင်ဇာတ်ကားပေါင်း (၈၆)ကျော်၊ တယ်လီဗေးရှင်းအစီအစဉ်ပေါင်း (၃၂)ခုမှာ ကျရာဇာတ်ရုပ်အသီးသီးမှာ တာဝန်ကျေခဲ့သူဖြစ်ပြီး၊ ရုပ်သံဇာတ်လမ်းတွဲနဲ့ စင်မြင့်တိုက်ရိုက်ဖျော်ဖြေရေးတွေမှာလည်း ပရိသတ်သဘောကျခြင်း ခံခဲ့ရသူပါ။

ဟာသပါရမီမှာလည်း ထူးချွန်သူဖြစ်ပြီး သူရဲ့ဟာသပျက်လုံးတွေဟာ ပရိသတ်တွေ အမောပြေစရာ ဖြစ်ခဲ့ပါတယ်။ တွန်းဟာ American Comedy Award ဆုအပြင် CableACE Award ဆုနှစ်ဆုကိုလည်း ရယူနိုင်ခဲ့သူပါ။ သူဟာ အသက်(၈၈)နှစ် Lakeville Conn က နေအိမ်မှာ-

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကွယ်လွန်ခဲ့တာပါ။ တွန်းဟာ (၁၉၅၆)ခုနှစ် Baby Doll ဇာတ်ကားနဲ့ သရုပ်ဆောင်လောကကို စတင်ခဲ့သူပါ။ သူ သေဆုံးခဲ့ရခြင်းကြောင့် အနုပညာအသိုင်းအဝိုင်းက ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ကျန်ရစ်သူမိသားစုထံ ပေးပို့ခဲ့သလို၊

သက်ဆိုင်ရာ လူမှုကွန်ရက်မှလည်း ကြေညာခဲ့ကြပါတယ်။ တွန်းဟာ မင်းသမီး(၃)ဦးနဲ့ အိမ်ထောင်(၃)ဆက် ရှိခဲ့ပြီး၊ သားသမီး (၆)ဦး ထွန်းကားခဲ့ပါတယ်။ သမီး အန်ဂျလီကာပေ့ဂျ်ကတော့ ဖခင်ရဲ့ အနုပညာအမွေကို ဆက်ခံနိုင်ခဲ့သူပါ။ သူမက အခု (၅၅)နှစ် ရှိပါပြီ။

နေသူရိန် (D Khit Media)

source : OregonLive