ေတာႀကီးေျမြေဟာက္ကို တီေကာင္ေလးသဖြယ္ ဖမ္းျပသြားတဲ့ မေလးရွားစစ္သား

248

မေလးရွားစစ္သားတစ္ဦးဟာ ဧရာမ ေတာႀကီးေျမြေဟာက္ႀကီးကို တီေကာင္ေလးသဖြယ္ အလြယ္တကူ ဖမ္းဆီးျပခဲ့ပါတယ္။ သူဟာ အလြန္ရဲတင္းလြန္းသူတစ္ေယာက္ျဖစ္ၿပီး၊ သာမန္လူတစ္ေယာက္ လုပ္မျပႏုိင္တာကို လုပ္ျပခဲ့တာပါ။ ေျမြေဟာက္ႀကီးကေတာ့ အဆိပ္ျပင္းဆုံး ေျမြထဲမွာ ပါဝင္ပါတယ္။

ဒီဗြီဒီယုိဖုိင္ဟာ ၿပီးခဲ့တဲ့ ဇူလုိင္လ (၄)ရက္က segak_berseragam အမည္ရ အင္စတာဂရမ္ေပၚမွာ စတင္ျပန္႔ႏွံ႔လာခဲ့တာပါ။ အင္စတာဂရမ္မွာ ” ဒီေျမြေဟာက္က သာမန္ေျမြေဟာက္ မဟုတ္ဘူးေနာ္ … ေတာႀကီးေျမြေဟာက္ႀကီး … စစ္သားကလည္း သာမန္စစ္သားမဟုတ္ဘူး … ဒီကိစၥမွာ အေရႀကိဳေသာက္ထားတဲ့သူ”လုိ႔ ေရးထားပါတယ္။

သူဟာ ေတာႀကီးေျမြေဟာက္ႀကီးကို ေျခေထာက္နဲ႔အေယာင္ျပၿပီး၊ တျဖည္းျဖည္း နီးႏုိင္သမွ်နီးေအာင္ ခ်ဥ္းကပ္သြားတာပါ။ ညာဘက္လက္ကိုလည္း ေလမွာ ဆန္႔တန္းထားပါတယ္။ အဲဒီေနာက္ ေျမြေဟာက္ရဲ႕ ဦးေခါင္းကို လက္နဲ႔ အသာႏွိပ္ခ်လုိက္ပါတယ္။

ေျမြေဟာက္ေတြဟာ ဦးေခါင္းရဲ႕ေနာက္မွာ Blind Spot ျဖစ္ၿပီး၊ အားနည္းခ်က္အျဖစ္ အသုံးခ်လုိ႔ ရပါတယ္။ သူတုိ႔ ဦးေခါင္းကို အပုတ္ခံရရင္ ပါးျပင္းခ်ၿပီး၊ ဝပ္သြားေလ့ရွိတယ္လုိ႔ ကၽြမ္းက်င္သူတစ္ဦးက ေျပာပါတယ္။ အဲဒီေနာက္ ေျမျပင္ကို ဦးေခါင္းကပ္သြားခ်ိန္မွာ စစ္သားက ေျမြႀကီးကို အလြယ္တကူ ဖမ္းယူလုိက္တာပါ။

ေျမြေဟာက္ကို ေအာင္ျမင္စြာထိန္းခ်ဳပ္လုိက္ၿပီးေနာက္ စစ္သားက အားရပါးရ ၿပဳံးလုိက္ပါတယ္။ သူ ႏုိင္သြားၿပီဆုိတဲ့ သေကၤတပါဘဲ။ လူမႈကြန္ရက္ေပၚမွာေတာ့ သူ႕ကို Snake Whisper လုိ႔ေတာင္ ေခၚေနၾကပါတယ္။ သူတုိ႔က သတင္းအရ ဒီေျမြႀကီးကို ဖယ္ရွားရွင္းလင္းေပးခဲ့တာပါတဲ့။

လင္းေဇာ္ကို (D Khit Media)

source : Says

ယူနီကုဒ်ဖြင့် ဖတ်ရန်-

မလေးရှားစစ်သားတစ်ဦးဟာ ဧရာမ တောကြီးမြွေဟောက်ကြီးကို တီကောင်လေးသဖွယ် အလွယ်တကူ ဖမ်းဆီးပြခဲ့ပါတယ်။ သူဟာ အလွန်ရဲတင်းလွန်းသူတစ်ယောက်ဖြစ်ပြီး၊ သာမန်လူတစ်ယောက် လုပ်မပြနိုင်တာကို လုပ်ပြခဲ့တာပါ။ မြွေဟောက်ကြီးကတော့ အဆိပ်ပြင်းဆုံး မြွေထဲမှာ ပါဝင်ပါတယ်။

ဒီဗွီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၄)ရက်က segak_berseragam အမည်ရ အင်စတာဂရမ်ပေါ်မှာ စတင်ပြန့်နှံ့လာခဲ့တာပါ။ အင်စတာဂရမ်မှာ ” ဒီမြွေဟောက်က သာမန်မြွေဟောက် မဟုတ်ဘူးနော် … တောကြီးမြွေဟောက်ကြီး … စစ်သားကလည်း သာမန်စစ်သားမဟုတ်ဘူး … ဒီကိစ္စမှာ အရေကြိုသောက်ထားတဲ့သူ”လို့ ရေးထားပါတယ်။

သူဟာ တောကြီးမြွေဟောက်ကြီးကို ခြေထောက်နဲ့အယောင်ပြပြီး၊ တဖြည်းဖြည်း နီးနိုင်သမျှနီးအောင် ချဉ်းကပ်သွားတာပါ။ ညာဘက်လက်ကိုလည်း လေမှာ ဆန့်တန်းထားပါတယ်။ အဲဒီနောက် မြွေဟောက်ရဲ့ ဦးခေါင်းကို လက်နဲ့ အသာနှိပ်ချလိုက်ပါတယ်။

မြွေဟောက်တွေဟာ ဦးခေါင်းရဲ့နောက်မှာ Blind Spot ဖြစ်ပြီး၊ အားနည်းချက်အဖြစ် အသုံးချလို့ ရပါတယ်။ သူတို့ ဦးခေါင်းကို အပုတ်ခံရရင် ပါးပြင်းချပြီး၊ ဝပ်သွားလေ့ရှိတယ်လို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ အဲဒီနောက် မြေပြင်ကို ဦးခေါင်းကပ်သွားချိန်မှာ စစ်သားက မြွေကြီးကို အလွယ်တကူ ဖမ်းယူလိုက်တာပါ။

မြွေဟောက်ကို အောင်မြင်စွာထိန်းချုပ်လိုက်ပြီးနောက် စစ်သားက အားရပါးရ ပြုံးလိုက်ပါတယ်။ သူ နိုင်သွားပြီဆိုတဲ့ သင်္ကေတပါဘဲ။ လူမှုကွန်ရက်ပေါ်မှာတော့ သူ့ကို Snake Whisper လို့တောင် ခေါ်နေကြပါတယ်။ သူတို့က သတင်းအရ ဒီမြွေကြီးကို ဖယ်ရှားရှင်းလင်းပေးခဲ့တာပါတဲ့။

လင်းဇော်ကို (D Khit Media)

source : Says