အိမ္ေဖာ္ကို အဓမၼက်င့္တဲ့ မေလးအဆင့္ျမင့္အရာရွိႀကီးကို သက္ဆုိင္ရာက ဖမ္းဆီး

87

အင္ဒုိနီးရွားႏုိင္ငံ၊ Perak ျပည္နယ္ရဲ႕ Executive Councillor အျဖစ္ တာဝန္ယူခဲ့တဲ့ အဆင့္ျမင့္အရာရွိႀကီးတစ္ဦးကို အဓမၼမႈနဲ႔ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။ သူဟာ အင္ဒုိႏုိင္ငံက လာေရာက္အလုပ္လုပ္ကိုင္ေနတဲ့ အိမ္ေဖာ္ကို အဓမၼက်င့္ခဲ့တာပါ။

ဒီသတင္းကို ျပည္နယ္ရဲတပ္ဖြဲ႕အႀကီးအကဲ Comm Datuk Razarudin Husain က အတည္ျပဳခဲ့ၿပီး၊ ယခု ဇူလုိင္(၁၀)ရက္က စတင္ဖမ္းဆီးၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လုိ႔ ထုတ္ျပန္ထားပါတယ္။ အဆုိပါ လူႀကီးမင္းရဲ႕နာမည္မွာ Paul Yong Choo Kiong လုိ႔ သိရပါတယ္။

Yong ဟာ ဒီမတုိင္ခင္က ဇူလုိင္(၉)ရက္ မနက္ပုိင္းမွာ သူ႕မွာအျပစ္မရွိေၾကာင္း သတင္းစာရွင္းလင္းပြဲျပဳလုပ္ကာ ထုတ္ျပန္ခဲ့ပါေသးတယ္။ သူ႕ကုိ ကာယကံရွင္အမ်ိဳးသမီးက ဇူလုိင္(၈)ရက္မွာ တရားလုိျပဳလုပ္ တရားစြဲခဲ့တာပါ။ စြပ္စြဲခံရသူဟာ ရာထူးႀကီးႀကီးက ျဖစ္ေနလုိ႔-

ရဲတပ္ဖြဲ႕ရဲ႕ လုပ္ေဆာင္မႈေတြကို ႏုိင္ငံတကာသတင္းဌာနေတြက သုိ႔ေလာသုိ႔ေလာ ေစာင့္ၾကည့္ေနခဲ့ၾကပါတယ္။ တုိင္ၾကားခံရၿပီး၊ အဆုိပါ ပုဂၢိဳလ္ႀကီးက ရဲတပ္ဖြဲ႕ဆီကုိ သြားေရာက္ရွင္းလင္းခဲ့ေသးေၾကာင္း၊ ရဲကလည္း သူ အျပစ္မရွိတာကို ယုံၾကည္ေၾကာင္း သူရဲ႕သတင္းစာရွင္းလင္းပြဲမွာ ထည့္သြင္းေျပာခဲ့ပါတယ္။

ဒါေပမယ့္ အဲဒီေနာက္ မၾကာမီမွာပဲ Yong ကို ဖမ္းဆီးခဲ့တာပါ။ ဇူလုိင္(၁၁)ရက္ ၾကာသပေတးေန႔မွာ က်င္းပမယ့္ ေကာင္စီလူႀကီးမ်ားဆုိင္ရာ က်မ္းသစၥာက်ိန္ဆုိပြဲကိုလည္း ရက္ေရႊ႕ဆုိင္းလုိက္ေၾကာင္း သိရပါတယ္။ Yong ဟာ သတင္းစာရွင္းလင္းပြဲမွာ ရဲက စစ္ေဆးမယ္ဆုိလည္း စစ္ေဆးခံရန္အသင့္လုိ႔ ေျပာပါေသးတယ္။

ေနသူရိန္ (D Khit Media)

source : Asia One

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အင်ဒိုနီးရှားနိုင်ငံ၊ Perak ပြည်နယ်ရဲ့ Executive Councillor အဖြစ် တာဝန်ယူခဲ့တဲ့ အဆင့်မြင့်အရာရှိကြီးတစ်ဦးကို အဓမ္မမှုနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ သူဟာ အင်ဒိုနိုင်ငံက လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အိမ်ဖော်ကို အဓမ္မကျင့်ခဲ့တာပါ။

ဒီသတင်းကို ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ Comm Datuk Razarudin Husain က အတည်ပြုခဲ့ပြီး၊ ယခု ဇူလိုင်(၁၀)ရက်က စတင်ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ လူကြီးမင်းရဲ့နာမည်မှာ Paul Yong Choo Kiong လို့ သိရပါတယ်။

Yong ဟာ ဒီမတိုင်ခင်က ဇူလိုင်(၉)ရက် မနက်ပိုင်းမှာ သူ့မှာအပြစ်မရှိကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ခဲ့ပါသေးတယ်။ သူ့ကို ကာယကံရှင်အမျိုးသမီးက ဇူလိုင်(၈)ရက်မှာ တရားလိုပြုလုပ် တရားစွဲခဲ့တာပါ။ စွပ်စွဲခံရသူဟာ ရာထူးကြီးကြီးက ဖြစ်နေလို့-

ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို နိုင်ငံတကာသတင်းဌာနတွေက သို့လောသို့လော စောင့်ကြည့်နေခဲ့ကြပါတယ်။ တိုင်ကြားခံရပြီး၊ အဆိုပါ ပုဂ္ဂိုလ်ကြီးက ရဲတပ်ဖွဲ့ဆီကို သွားရောက်ရှင်းလင်းခဲ့သေးကြောင်း၊ ရဲကလည်း သူ အပြစ်မရှိတာကို ယုံကြည်ကြောင်း သူရဲ့သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနောက် မကြာမီမှာပဲ Yong ကို ဖမ်းဆီးခဲ့တာပါ။ ဇူလိုင်(၁၁)ရက် ကြာသပတေးနေ့မှာ ကျင်းပမယ့် ကောင်စီလူကြီးများဆိုင်ရာ ကျမ်းသစ္စာကျိန်ဆိုပွဲကိုလည်း ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။ Yong ဟာ သတင်းစာရှင်းလင်းပွဲမှာ ရဲက စစ်ဆေးမယ်ဆိုလည်း စစ်ဆေးခံရန်အသင့်လို့ ပြောပါသေးတယ်။

နေသူရိန် (D Khit Media)

source : Asia One