ဟားခါးျမိဳ႕နယ္တြင္ ေျမေခြးမ်ားအုပ္စုလိုက္ေသာင္းက်န္းေန

101

ဟားခါးျမိဳ႕နယ္တြင္ ေျမေခြးမ်ားအုပ္စုလိုက္ေသာင္းက်န္းေနလို႔ ရြားသားမ်ားမွ အစိုးရအကူညီလိုအပ္

ခ်င္းျပည္နယ္၊ ဟားခါးျမိဳ႕နယ္တြင္ အေကာင္ (၂၀) ၀န္းက်င္ရွိေသာ ေျမေခြးမ်ားအုပ္စုလိုက္ ေသာင္းက်န္းေနတာေၾကာင့္ အစိုးရဘက္မွ တစ္ဖက္တစ္လမ္းျဖင့္ ကူညီပ့ံပိုးေပးေစလိုေၾကာင္း ရြာသားမ်ားက ေျပာပါတယ္။

ဟားခါးျမိဳ႕နယ္၊ ဘြန္လုံးရြာသား ဦးငြန္လ်န္က “ဇူလိုင္လ ၅ ရက္ေန႔မွာ ႏြားႏွစ္ေကာင္ႏွင့္ က်ြဲတစ္ေကာင္ကို ေျမေခြးမ်ားက ကိုက္သတ္စားေသာက္ေနတာ က်ေနာ္တို႔ေတြ႕ျမင္ရတယ္။ ေျမေခြးႏွစ္ေကာင္ကိုေတာ့ က်ေနာ္တို႔ပစ္သတ္ႏိုင္ခဲ့တယ္” လို႔ေျပာပါတယ္။

ခ်င္းျပည္နယ္အစိုးရမွ ေျမေခြးပစ္သတ္ႏိုင္ေသာ သူမ်ားကို ဆုေၾကးေငြခ်ီးျမွင့္မည္ဟု ေၾကညာထားေသာ္လည္း ဘြန္လုံးရြားသားမ်ားမွ ေျမေခြးႏွစ္ေကာင္ပစ္သတ္သည့္အေၾကာင္းကို အစိုးရဆီတင္ျပေပမယ့္ ဆုေငြခ်ီးျမွင့္ျခင္းမရွိဘူးလို႔ အဆိုပါရြာသားက The Hakha Post ကို ေျပာပါတယ္။

“ခ်င္းျပည္နယ္အစိုးရမွ ဆုေၾကးေငြခ်ီးျမွင့္မည္ဟု ေၾကညာထားေပမယ့္ က်ေနာ္တို႔ဘာဆုေငြမွ မရခဲ့ဘူး။ ေျမေခြးႏွိမ့္နင္းဖို႔ အစိုးဘက္မွ ကူညီေပးေစခ်င္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္တို႔ရြားသားမ်ားရဲ႕ အိမ္ေမြးတရိစာၦန္ေတြ ေတာ္ေတာ္မ်ားမ်ား ကိုက္သတ္ခံရျပီ” ဦးငြန္လ်န္ ဆက္ေျပာသည္။

ဘြန္လုံးရြာႏွင့္ အနီးနာတ၀ိုက္ရြာမ်ားတြင္ ေျမေခြးမ်ားအုပ္စုလိုက္ က်င္လည္က်က္စားေလ့ရွိျပီး အိမ္ေမြးတရိစာၦန္မ်ား ကိုက္သက္စားေသာက္ခံရမႈေၾကာင့္ ရြာသားမ်ားဘက္က ႏွစ္စဥ္ က်ပ္သိန္း ၅၀၀ ခန္႔ ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။

ထန္တလန္ျမိဳ႕နယ္၊ တလြာလာမ္ရြာအနီးတ၀ိုက္တြင္လည္း ေျမေခြးမ်ားမွ အိမ္ေမြးတရိစာၦန္မ်ားကို အုပ္စုလိုက္ ကိုက္သက္စားေသာက္ေနတာေၾကာင့္ ရြာသားစိုးရိမ္ပူပန္လ်က္ရွိေၾကာင္း သိရသည္။

ေျမေခြးပစ္သတ္ႏိုင္ေသာသူမ်ားကို ဆုေၾကးေငြ က်ပ္ ၅၀၀၀၀ ခ်ီးျမွင့္မည္ဟု ခ်င္းျပည္နယ္အစိုးရမွ ၂၀၁၈ ခုႏွစ္က ေၾကညာခဲ့သည္။

Chin News Journal – CNJ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အကောင် (၂၀) ဝန်းကျင်ရှိသော မြေခွေးများအုပ်စုလိုက် သောင်းကျန်းနေတာကြောင့် အစိုးရဘက်မှ တစ်ဖက်တစ်လမ်းဖြင့် ကူညီပံ့ပိုးပေးစေလိုကြောင်း ရွာသားများက ပြောပါတယ်။

ဟားခါးမြို့နယ်၊ ဘွန်လုံးရွာသား ဦးငွန်လျန်က “ဇူလိုင်လ ၅ ရက်နေ့မှာ နွားနှစ်ကောင်နှင့် ကျွဲတစ်ကောင်ကို မြေခွေးများက ကိုက်သတ်စားသောက်နေတာ ကျနော်တို့တွေ့မြင်ရတယ်။ မြေခွေးနှစ်ကောင်ကိုတော့ ကျနော်တို့ပစ်သတ်နိုင်ခဲ့တယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်အစိုးရမှ မြေခွေးပစ်သတ်နိုင်သော သူများကို ဆုကြေးငွေချီးမြှင့်မည်ဟု ကြေညာထားသော်လည်း ဘွန်လုံးရွားသားများမှ မြေခွေးနှစ်ကောင်ပစ်သတ်သည့်အကြောင်းကို အစိုးရဆီတင်ပြပေမယ့် ဆုငွေချီးမြှင့်ခြင်းမရှိဘူးလို့ အဆိုပါရွာသားက The Hakha Post ကို ပြောပါတယ်။

“ချင်းပြည်နယ်အစိုးရမှ ဆုကြေးငွေချီးမြှင့်မည်ဟု ကြေညာထားပေမယ့် ကျနော်တို့ဘာဆုငွေမှ မရခဲ့ဘူး။ မြေခွေးနှိမ့်နင်းဖို့ အစိုးဘက်မှ ကူညီပေးစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့ရွားသားများရဲ့ အိမ်မွေးတရိစ္ဆာန်တွေ တော်တော်များများ ကိုက်သတ်ခံရပြီ” ဦးငွန်လျန် ဆက်ပြောသည်။

ဘွန်လုံးရွာနှင့် အနီးနာတဝိုက်ရွာများတွင် မြေခွေးများအုပ်စုလိုက် ကျင်လည်ကျက်စားလေ့ရှိပြီး အိမ်မွေးတရိစ္ဆာန်များ ကိုက်သက်စားသောက်ခံရမှုကြောင့် ရွာသားများဘက်က နှစ်စဉ် ကျပ်သိန်း ၅၀ဝ ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထန်တလန်မြို့နယ်၊ တလွာလာမ်ရွာအနီးတဝိုက်တွင်လည်း မြေခွေးများမှ အိမ်မွေးတရိစ္ဆာန်များကို အုပ်စုလိုက် ကိုက်သက်စားသောက်နေတာကြောင့် ရွာသားစိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

မြေခွေးပစ်သတ်နိုင်သောသူများကို ဆုကြေးငွေ ကျပ် ၅၀ဝ၀ဝ ချီးမြှင့်မည်ဟု ချင်းပြည်နယ်အစိုးရမှ ၂၀၁၈ ခုနှစ်က ကြေညာခဲ့သည်။

Chin News Journal – CNJ