ဖမ္းမိတဲ့ငါးကို ပါးစပ္မွာကိုက္ထားစဥ္၊ လည္ေခ်ာင္းထဲထိ ဝင္သြားလုိ႔ ေသဆုံးခဲ့ရတဲ့ တံငါသည္

162

ဖိလစ္ပုိင္တံငါသည္တစ္ဦးဟာ သူရဲ႕သားနဲ႔အတူ ျမစ္ထဲမွာ ငါးဖမ္းထြက္စဥ္ ဖမ္းမိတဲ့ တီလာပီးယားငါးကို ပါးစပ္မွာ ကိုက္ထားမိရာက လည္ေခ်ာင္းထဲအထိ က်သြားၿပီး ေသဆုံးခဲ့ရသည္အထိ ျဖစ္ခဲ့ရပါတယ္။ အဆုိပါ တံငါသည္ဟာ ပါလီဝန္ျမစ္ထဲမွာ သားနဲ႔အတူ ငါးဖမ္းထြက္လာခဲ့တာပါ။

အမည္ကေတာ့ Roger Marcelino  ျဖစ္ၿပီး၊ သားကေတာ့ (၁၁)ႏွစ္ပါတဲ့။ ဒီအျဖစ္အပ်က္ဟာ Antique စီရင္ဟစု၊ Bugasong ခ႐ုိင္၊ Tagudtud ၿမိဳ႕နယ္ေတာင္ပုိင္း၊ Barangay ေက်းရြာမွာ ဇြန္လ(၃၀)ရက္က ျဖစ္ခဲ့တာပါ။ Roger ရဲ႕ဇနီးျဖစ္သူ ဖြင့္ဟခ်က္အရ-

သူဟာ ငါးဖမ္းတဲ့အခါ ရႊံ႕ထဲကို လက္နဲ႔ႏႈိက္ၿပီး၊ ရလာတဲ့ငါးကို ပါးစပ္မွာကိုက္ထားေလ့ရွိေၾကာင္း၊ အခုအျဖစ္အပ်က္မွာ တီလားပီယားငါး အေကာင္ခပ္ေသးေသးကို ပါးစပ္က ကိုက္ထားစဥ္မွာ၊ ငါးက လည္ေခ်ာင္းထဲအထိ ထုိးက်သြားတာပါတဲ့။ သားျဖစ္သူကလည္း တစ္ျခား ျမစ္ေကြ႕မွာ ငါးဖမ္းေနတာမုိ႔ အေဖဒုကၡေရာက္ေနတာကို မသိရပါဘူး။

ငါးကို အခ်ိန္မီ ျပန္မထုတ္ႏုိင္ခဲ့တာေၾကာင့္ Roger ဟာ ေအာက္ဆီဂ်င္ျပတ္ေတာက္ၿပီး ေဆး႐ုံပုိ႔ဖုိ႔စီစဥ္ေနတဲ့ ကားေပၚမွာပဲ ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။ ဒီအျဖစ္အပ်က္မွာ သင္ခန္းစာယူစရာကေတာ့ ငါးႏႈိက္သူေတြ၊ တံငါသည္ေတြဟာ ငါးကို သြားနဲ႔ကိုက္ထား႐ုံနဲ႔ သူတုိ႔ လုံၿခဳံတယ္လုိ႔ ထင္ေနၾကတာ မွားတယ္ဆုိတာ ျမင္သာေစပါတယ္။

ေနသူရိန္ (D Khit Media)

source : Says

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ဖိလစ်ပိုင်တံငါသည်တစ်ဦးဟာ သူရဲ့သားနဲ့အတူ မြစ်ထဲမှာ ငါးဖမ်းထွက်စဉ် ဖမ်းမိတဲ့ တီလာပီးယားငါးကို ပါးစပ်မှာ ကိုက်ထားမိရာက လည်ချောင်းထဲအထိ ကျသွားပြီး သေဆုံးခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။ အဆိုပါ တံငါသည်ဟာ ပါလီဝန်မြစ်ထဲမှာ သားနဲ့အတူ ငါးဖမ်းထွက်လာခဲ့တာပါ။

အမည်ကတော့ Roger Marcelino  ဖြစ်ပြီး၊ သားကတော့ (၁၁)နှစ်ပါတဲ့။ ဒီအဖြစ်အပျက်ဟာ Antique စီရင်ဟစု၊ Bugasong ခရိုင်၊ Tagudtud မြို့နယ်တောင်ပိုင်း၊ Barangay ကျေးရွာမှာ ဇွန်လ(၃၀)ရက်က ဖြစ်ခဲ့တာပါ။ Roger ရဲ့ဇနီးဖြစ်သူ ဖွင့်ဟချက်အရ-

သူဟာ ငါးဖမ်းတဲ့အခါ ရွှံ့ထဲကို လက်နဲ့နှိုက်ပြီး၊ ရလာတဲ့ငါးကို ပါးစပ်မှာကိုက်ထားလေ့ရှိကြောင်း၊ အခုအဖြစ်အပျက်မှာ တီလားပီယားငါး အကောင်ခပ်သေးသေးကို ပါးစပ်က ကိုက်ထားစဉ်မှာ၊ ငါးက လည်ချောင်းထဲအထိ ထိုးကျသွားတာပါတဲ့။ သားဖြစ်သူကလည်း တစ်ခြား မြစ်ကွေ့မှာ ငါးဖမ်းနေတာမို့ အဖေဒုက္ခရောက်နေတာကို မသိရပါဘူး။

ငါးကို အချိန်မီ ပြန်မထုတ်နိုင်ခဲ့တာကြောင့် Roger ဟာ အောက်ဆီဂျင်ပြတ်တောက်ပြီး ဆေးရုံပို့ဖို့စီစဉ်နေတဲ့ ကားပေါ်မှာပဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်မှာ သင်ခန်းစာယူစရာကတော့ ငါးနှိုက်သူတွေ၊ တံငါသည်တွေဟာ ငါးကို သွားနဲ့ကိုက်ထားရုံနဲ့ သူတို့ လုံခြုံတယ်လို့ ထင်နေကြတာ မှားတယ်ဆိုတာ မြင်သာစေပါတယ်။

နေသူရိန် (D Khit Media)

source : Says