ပန္းခ်ီအျမင္ရွိသူလား၊ သာမန္လူလား ဆုံးျဖတ္ေပးမယ့္ ဓာတ္ပုံေလး (ဒီပုံက ဘာပုံလဲ ?)

122

အခုေဖာ္ျပထားတဲ့ ဓာတ္ပုံေလးကေတာ့ သာမန္အားျဖင့္ သိပ္ၿပီးေတာ့ ထူးျခားမႈ မရွိပါဘူး။ လူ(၁၀၀)မွာ အေယာက္(၉၉)ေယာက္ေလာက္က ကမ္းေျခတစ္ခုမွာ အလင္းအားနည္းတဲ့ မနက္ပုိင္း၊ သုိ႔မဟုတ္ ညေနပုိင္းေလာက္ ႐ုိက္ယူထားတဲ့ ပုံေလးေပါ့။

မ်က္စိအျမင္အရ ေျပာရရင္ ေသာင္စပ္မွာ လႈိင္းေခါင္းျဖဴေလးေတြ တုိးေဝႇ႔ေနတယ္။ ေကာင္းကင္မွာ ၾကယ္ကဲ့သုိ႔ အလင္းစက္ကေလးေတြလည္း ရွိေနတယ္။ တိတ္ဆိတ္ေအးခ်မ္းတဲ့ ကမ္းေျခေလးလုိ႔ ယူဆစရာရွိၿပီး၊ ခ်စ္သူ၊ မိသားစုေတြနဲ႔ ေအးေအးေဆးေဆး အပန္းေျဖသင့္တယ္-

ေတာ္ေတာ္မ်ားမ်ားကေတာ့ အဲဒီလုိပဲ အျမင္ရွိၾကမွာပါ။ ဒီလုိ အျမင္ရွိသူေတြကို အလြယ္ေျပာရရင္ေတာ့ ဓာတ္ပုံအႏုပညာအျမင္ရွိသူ၊ ဒါမွမဟုတ္ ပန္းခ်ီအျမင္ရွိသူ၊ ပန္းခ်ီကားေတြကုိ ခံစားတတ္သူလုိ႔ အလြယ္ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ ဒီဓာတ္ပုံက တကယ့္ ကမ္းေျခအစစ္တစ္ခုကို ႐ိုက္ထားတာ ဟုတ္ပါ့မလား။

တကယ္ေတာ့ ဒီဓာတ္ပုံဟာ ပ်က္ေနတဲ့ ကားတံခါးကို ကင္မရာနဲ႔ အေတာ္ေလး ကပ္ၿပီး႐ုိက္ကူးထားတဲ့ ဓာတ္ပုံျဖစ္ပါတယ္။ ကားတံခါးအပ်က္ေပါ့။ ျပဳျပင္ဖုိ႔ လုိအပ္တဲ့ ကားတံခါးအပ်က္ကေလးပါတဲ့။ တြစ္တာေပၚမွာ ဒီဓာတ္ပုံေလးက အေတာ္ေလး ေရပန္းစားခဲ့ပါတယ္။

မူလ ပို႔စ္တင္သူက ” ဘယ္လုိမွ မေအာင့္ေမ့ပါနဲ႔ … ဒါက ကားတံခါးေအာက္ပုိင္းကို ကၽြန္ေတာ္ ကပ္ၿပီး႐ုိက္ယူလာတာပါ … ဒါကို ခင္ဗ်ားက ကမ္းေျခလုိ႔ျမင္ရင္ .. ခင္ဗ်ားက ပန္းခ်ီအျမင္ရွိကုိ ရွိလုိ႔ပါဘဲ “လုိ႔ ေရးသားထားပါတယ္။ အဆုိပါ ပုိ႔စ္ေအာက္မွာ မွတ္ခ်က္ေရးသူေတြ ေထာင္ခ်ီရွိခဲ့ပါတယ္။

လင္းေဇာ္ကို (D Khit Media)

source : The Sun

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အခုဖော်ပြထားတဲ့ ဓာတ်ပုံလေးကတော့ သာမန်အားဖြင့် သိပ်ပြီးတော့ ထူးခြားမှု မရှိပါဘူး။ လူ(၁၀၀)မှာ အယောက်(၉၉)ယောက်လောက်က ကမ်းခြေတစ်ခုမှာ အလင်းအားနည်းတဲ့ မနက်ပိုင်း၊ သို့မဟုတ် ညနေပိုင်းလောက် ရိုက်ယူထားတဲ့ ပုံလေးပေါ့။

မျက်စိအမြင်အရ ပြောရရင် သောင်စပ်မှာ လှိုင်းခေါင်းဖြူလေးတွေ တိုးဝှေ့နေတယ်။ ကောင်းကင်မှာ ကြယ်ကဲ့သို့ အလင်းစက်ကလေးတွေလည်း ရှိနေတယ်။ တိတ်ဆိတ်အေးချမ်းတဲ့ ကမ်းခြေလေးလို့ ယူဆစရာရှိပြီး၊ ချစ်သူ၊ မိသားစုတွေနဲ့ အေးအေးဆေးဆေး အပန်းဖြေသင့်တယ်-

တော်တော်များများကတော့ အဲဒီလိုပဲ အမြင်ရှိကြမှာပါ။ ဒီလို အမြင်ရှိသူတွေကို အလွယ်ပြောရရင်တော့ ဓာတ်ပုံအနုပညာအမြင်ရှိသူ၊ ဒါမှမဟုတ် ပန်းချီအမြင်ရှိသူ၊ ပန်းချီကားတွေကို ခံစားတတ်သူလို့ အလွယ်ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီဓာတ်ပုံက တကယ့် ကမ်းခြေအစစ်တစ်ခုကို ရိုက်ထားတာ ဟုတ်ပါ့မလား။

တကယ်တော့ ဒီဓာတ်ပုံဟာ ပျက်နေတဲ့ ကားတံခါးကို ကင်မရာနဲ့ အတော်လေး ကပ်ပြီးရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ကားတံခါးအပျက်ပေါ့။ ပြုပြင်ဖို့ လိုအပ်တဲ့ ကားတံခါးအပျက်ကလေးပါတဲ့။ တွစ်တာပေါ်မှာ ဒီဓာတ်ပုံလေးက အတော်လေး ရေပန်းစားခဲ့ပါတယ်။

မူလ ပို့စ်တင်သူက ” ဘယ်လိုမှ မအောင့်မေ့ပါနဲ့ … ဒါက ကားတံခါးအောက်ပိုင်းကို ကျွန်တော် ကပ်ပြီးရိုက်ယူလာတာပါ … ဒါကို ခင်ဗျားက ကမ်းခြေလို့မြင်ရင် .. ခင်ဗျားက ပန်းချီအမြင်ရှိကို ရှိလို့ပါဘဲ “လို့ ရေးသားထားပါတယ်။ အဆိုပါ ပို့စ်အောက်မှာ မှတ်ချက်ရေးသူတွေ ထောင်ချီရှိခဲ့ပါတယ်။

လင်းဇော်ကို (D Khit Media)

source : The Sun