ထွက်ခွာပြီး (၃၇)နှစ်ကြာမှ ပြန်ဆင်းနိုင်ခဲ့တဲ့ FLIGHT 914 လေယာဉ်ရဲ့ တကယ့်အမှန်တရား

513

လြန္ခဲ့တဲ့ (၆၄)ႏွစ္အခ်ိန္က တစ္ကာမာၻလုံး တႈန္လႈပ္ဖြယ္ရာသတင္းတစ္ခု ထြက္ေပၚခဲ့ပါတယ္။ အခ်ိန္ကေတာ့ (၁၉၅၅)ခု ဇြန္လ (၂)ရက္ေန႔၊ မနက္ခင္းအခ်ိန္ပါ။ Pan American Flight 914 ေလယာဥ္ႀကီးဟာ နယူးေယာက္ကေန မီယာမီကို ဦးတည္ပ်ံသန္းခဲ့တာလုိ႔ Weekly World News က ေဖာ္ျပခဲ့ပါတယ္။

ေလယာဥ္ေပၚမွာ ေလယာဥ္အမွဴးထမ္း(၄)ဦး၊ ခရီးသည္(၅၇)ဦး လုိက္ပါသြားၿပီး၊ ထြက္ခြာခ်ိန္ကစလုိ႔၊ ေနာက္ထပ္ (၃)နာရီအၾကာမွာ ေလယာဥ္ဟာ ဘယ္ေရဒါကမွ ေျခရာခံမရေတာ့ပါဘူးတဲ့။ ေလယာဥ္ဆီကေန ဘာသတင္းအခ်က္အလက္မွ မရေတာ့ဘဲ လုံးလုံးလ်ားလ်ား ေပ်ာက္သြားတယ္လုိ႔ ဆုိပါတယ္။


ေနာက္မၾကာမီမွာ ေလယာဥ္ဟာ တစ္ေနရာရာမွာ ပ်က္က်သြားခဲ့ၿပီး၊ ေလယာဥ္ေပၚပါသြားသူေတြအကုန္လုံး ေသဆုံးကုန္ၿပီလုိ႔ သက္ဆုိင္ရာ အာဏာပုိင္ေတြက ေၾကညာခ်က္ထုတ္ျပန္ခဲ့တယ္လုိ႔ ဒီသတင္းကို ဦးဦးဖ်ားဖ်ား ေဖာ္ျပထားတဲ့  Weekly World News က ဆုိပါတယ္။

ဒီလုိနဲ႔ ႏွစ္ေတြမ်ားစြာ ၾကာလာသည္ႏွင့္အမွ် ဒီေလယာဥ္ ထူးဆန္းစြာ ေပ်ာက္ဆုံးမႈကို လူေတြ ေမ့သြားပါေတာ့တယ္။ သုိ႔ေသာ္ ေနာက္ထပ္ (၃၇)ႏွစ္အၾကာ (၁၉၉၂) စက္တင္ဘာလ (၉)ရက္ေန႔မွာ ဗင္နီဇြဲလားႏုိင္ငံ၊ ကာရာဆက္ၿမိ္ဳ႕၊ ကာရာဆက္အျပည္ျပည္ဆုိင္ရေလဆိပ္၊ ေလေၾကာင္းထိန္းသိမ္းေရးစင္ရဲ႕ ေရဒါဒုိင္ခြက္ထဲမွာ အစက္အေပ်ာက္ကေလးတစ္ခု လာၿပီး ေပၚပါတယ္။

အရာရွိလည္း ဒါက ဘာလည္းဆုိၿပီး စိတ္ဝင္တစား ၾကည့္ေနပါတယ္။ ေနာက္ထပ္ (၁၀)မိနစ္အၾကာမွာပဲ ေလယာဥ္ဟာ ေျပးလမ္းဆီရဲ႕ အေရွ႕ေကာင္းကင္မွာ ဘြားကနဲ႔ေပၚလာပါတယ္။ ေလယာဥ္ႀကီးဟာ တကယ့္ Old Model ႀကီးျဖစ္လုိ႔ ေလေၾကာင္းအရာရွိဟာ မ်က္လုံးေတြ ျပဴးက်ယ္ဝုိင္းစက္ၿပီး အေတာ္ေလးကို အံ့ၾသသြားပါတယ္တဲ့။

ဘယ္က ေလယာဥ္ပါလိမ့္ေပါ့။ ေနာက္မွ သမုိင္းထဲမွာ ေပ်ာက္ဆုံးသြားတဲ့ Flight 914 ေလယာဥ္ဆုိတာ ခ်က္ခ်င္းမွတ္မိလုိက္တာလုိ႔ ဆုိပါတယ္။ ေလယာဥ္ေပၚပါ ေလယာဥ္မွဴးရဲ႕ေျပာစကားအရ သူတုိ႔ဟာ (၅၅)ခု ဇြန္လ(၂)ရက္၊ မနက္ (၉.၅၅)နာရီမွာ မီယာမီေလဆိပ္ကို ဆင္းသက္ဖုိ႔ ရာထားခဲ့ေၾကာင္းဆုိပါတယ္။

တာဝန္ခံအရာရွိက ” ခင္ဗ်ားေျပာတာေတာ့ ဟုတ္ပါၿပီ .. အခု အဲဒါက (၃၇)ႏွစ္ေတာင္ ၾကာၿပီ … အခု (၁၉၉၂)ခုႏွစ္ ေရာက္ေနၿပီဗ် “လုိ႔ ေျပာေတာ့ ေလယာဥ္မွဴးမွာ ဘာေျပာလုိ႔ေျပာရမွန္းမသိ စြံ႔အသြားပါတယ္။ ေနာက္ တကၠဆီတစ္စီးအျမန္ငွားၿပီး ေနရာကေန ထြက္ေျပးသြားပါတယ္တဲ့။

ဒီအျဖစ္အပ်က္ဟာ တကယ္ျဖစ္ပ်က္ခဲ့ျခင္း ဟုတ္မဟုတ္-

ဒါေပမယ့္ .. ဒီလုိဇာတ္လမ္းကိုေတာ့ မ်က္ေမွာက္ေခတ္ ျပည္သူအမ်ားစုက မယုံၾကည္ၾကပါဘူး။ ေလယာဥ္တစ္စီးဟာ ဒီေလာက္ ၾကာၾကာလွည့္လည္ပ်ံသန္းဖုိ႔ ရက္ပုိင္းအရ ျဖစ္ႏုိင္ေပမယ့္ ႏွစ္နဲ႔ခ်ီၾကာတယ္ဆုိတာ ဘယ္လုိမွ လက္ခံနုိင္စရာမရွိဘူးလုိ႔ ဆုိၾကပါတယ္။ ေနာက္တစ္ခုက (၁၉၅၅) ေလေၾကာင္းထူးျခားျဖစ္စဥ္မွာ-

Pan American Flight 914 ေလယာဥ္ေပ်ာက္ဆုံးမႈ၊ ပ်က္က်မႈအေၾကာင္း မွတ္တမ္းတင္မထားပါဘူးတဲ့။ ဒါေၾကာင့္ အခုလုိအျဖစ္အပ်က္ဟာ သမုိင္းဝင္လုပ္ႀကံဇာတ္လမ္းႀကီးလုိ႔ လူေတြက ေျဗာင္က်က် မ်က္ကြယ္ျပဳလုိက္ပါတယ္။ ေနာက္ ထုိေခတ္ထုိအခါက လုပ္ႀကံသတင္းေတြနဲ႔ ေအာင္ျမင္ေနတဲ့ Weekly World News သတင္းဌာနက စတင္ျဖန္႔ေဝခဲ့တာျဖစ္ျခင္းေၾကာင့္ ယုံၾကည္စရာလုံးဝမ ရွိပါဘူးဘူးတဲ့။

Weekly World News သတင္းဌာနဟာ ထုိေခတ္ထုိအခါတုန္းက ” ၾကြက္မေလးဟာ မိမိေျခေထာက္ကိုမိမိ ေသနတ္ျဖင့္ျပန္ၿပီး ပစ္ခတ္ “ဆုိတဲ့ သတင္းကလည္း ကမာၻေက်ာ္ခဲ့ၿပီး၊ က်ိဳးေၾကာင္းဆင္ျခင္ဉာဏ္နည္းပါးသူေတြၾကားမွာ အေတာ္ေလး ေဟာ့ၿပီး အလုပ္ျဖစ္ခဲ့တဲ့ သတင္းပါဘဲ။

လင္းေဇာ္ကို (D Khit Media)

source : RachFeed

ယူနီကုဒ်ဖြင့်ဖတ်ရန်-

လွန်ခဲ့တဲ့ (၆၄)နှစ်အချိန်က တစ်ကာမ္ဘာလုံး တှုန်လှုပ်ဖွယ်ရာသတင်းတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ အချိန်ကတော့ (၁၉၅၅)ခု ဇွန်လ (၂)ရက်နေ့၊ မနက်ခင်းအချိန်ပါ။ Pan American Flight 914 လေယာဉ်ကြီးဟာ နယူးယောက်ကနေ မီယာမီကို ဦးတည်ပျံသန်းခဲ့တာလို့ Weekly World News က ဖော်ပြခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လေယာဉ်အမှူးထမ်း(၄)ဦး၊ ခရီးသည်(၅၇)ဦး လိုက်ပါသွားပြီး၊ ထွက်ခွာချိန်ကစလို့၊ နောက်ထပ် (၃)နာရီအကြာမှာ လေယာဉ်ဟာ ဘယ်ရေဒါကမှ ခြေရာခံမရတော့ပါဘူးတဲ့။ လေယာဉ်ဆီကနေ ဘာသတင်းအချက်အလက်မှ မရတော့ဘဲ လုံးလုံးလျားလျား ပျောက်သွားတယ်လို့ ဆိုပါတယ်။

နောက်မကြာမီမှာ လေယာဉ်ဟာ တစ်နေရာရာမှာ ပျက်ကျသွားခဲ့ပြီး၊ လေယာဉ်ပေါ်ပါသွားသူတွေအကုန်လုံး သေဆုံးကုန်ပြီလို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ဒီသတင်းကို ဦးဦးဖျားဖျား ဖော်ပြထားတဲ့  Weekly World News က ဆိုပါတယ်။

ဒီလိုနဲ့ နှစ်တွေများစွာ ကြာလာသည်နှင့်အမျှ ဒီလေယာဉ် ထူးဆန်းစွာ ပျောက်ဆုံးမှုကို လူတွေ မေ့သွားပါတော့တယ်။ သို့သော် နောက်ထပ် (၃၇)နှစ်အကြာ (၁၉၉၂) စက်တင်ဘာလ (၉)ရက်နေ့မှာ ဗင်နီဇွဲလားနိုင်ငံ၊ ကာရာဆက်မြိ်ု့၊ ကာရာဆက်အပြည်ပြည်ဆိုင်ရလေဆိပ်၊ လေကြောင်းထိန်းသိမ်းရေးစင်ရဲ့ ရေဒါဒိုင်ခွက်ထဲမှာ အစက်အပျောက်ကလေးတစ်ခု လာပြီး ပေါ်ပါတယ်။

အရာရှိလည်း ဒါက ဘာလည်းဆိုပြီး စိတ်ဝင်တစား ကြည့်နေပါတယ်။ နောက်ထပ် (၁၀)မိနစ်အကြာမှာပဲ လေယာဉ်ဟာ ပြေးလမ်းဆီရဲ့ အရှေ့ကောင်းကင်မှာ ဘွားကနဲ့ပေါ်လာပါတယ်။ လေယာဉ်ကြီးဟာ တကယ့် Old Model ကြီးဖြစ်လို့ လေကြောင်းအရာရှိဟာ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်ပြီး အတော်လေးကို အံ့သြသွားပါတယ်တဲ့။

ဘယ်က လေယာဉ်ပါလိမ့်ပေါ့။ နောက်မှ သမိုင်းထဲမှာ ပျောက်ဆုံးသွားတဲ့ Flight 914 လေယာဉ်ဆိုတာ ချက်ချင်းမှတ်မိလိုက်တာလို့ ဆိုပါတယ်။ လေယာဉ်ပေါ်ပါ လေယာဉ်မှူးရဲ့ပြောစကားအရ သူတို့ဟာ (၅၅)ခု ဇွန်လ(၂)ရက်၊ မနက် (၉.၅၅)နာရီမှာ မီယာမီလေဆိပ်ကို ဆင်းသက်ဖို့ ရာထားခဲ့ကြောင်းဆိုပါတယ်။

တာဝန်ခံအရာရှိက ” ခင်ဗျားပြောတာတော့ ဟုတ်ပါပြီ .. အခု အဲဒါက (၃၇)နှစ်တောင် ကြာပြီ … အခု (၁၉၉၂)ခုနှစ် ရောက်နေပြီဗျ “လို့ ပြောတော့ လေယာဉ်မှူးမှာ ဘာပြောလို့ပြောရမှန်းမသိ စွံ့အသွားပါတယ်။ နောက် တက္ကဆီတစ်စီးအမြန်ငှားပြီး နေရာကနေ ထွက်ပြေးသွားပါတယ်တဲ့။

ဒီအဖြစ်အပျက်ဟာ တကယ်ဖြစ်ပျက်ခဲ့ခြင်း ဟုတ်မဟုတ်-

ဒါပေမယ့် .. ဒီလိုဇာတ်လမ်းကိုတော့ မျက်မှောက်ခေတ် ပြည်သူအများစုက မယုံကြည်ကြပါဘူး။ လေယာဉ်တစ်စီးဟာ ဒီလောက် ကြာကြာလှည့်လည်ပျံသန်းဖို့ ရက်ပိုင်းအရ ဖြစ်နိုင်ပေမယ့် နှစ်နဲ့ချီကြာတယ်ဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုကြပါတယ်။ နောက်တစ်ခုက (၁၉၅၅) လေကြောင်းထူးခြားဖြစ်စဉ်မှာ-

Pan American Flight 914 လေယာဉ်ပျောက်ဆုံးမှု၊ ပျက်ကျမှုအကြောင်း မှတ်တမ်းတင်မထားပါဘူးတဲ့။ ဒါကြောင့် အခုလိုအဖြစ်အပျက်ဟာ သမိုင်းဝင်လုပ်ကြံဇာတ်လမ်းကြီးလို့ လူတွေက ဗြောင်ကျကျ မျက်ကွယ်ပြုလိုက်ပါတယ်။ နောက် ထိုခေတ်ထိုအခါက လုပ်ကြံသတင်းတွေနဲ့ အောင်မြင်နေတဲ့ Weekly World News သတင်းဌာနက စတင်ဖြန့်ဝေခဲ့တာဖြစ်ခြင်းကြောင့် ယုံကြည်စရာလုံးဝမ ရှိပါဘူးဘူးတဲ့။

Weekly World News သတင်းဌာနဟာ ထိုခေတ်ထိုအခါတုန်းက ” ကြွက်မလေးဟာ မိမိခြေထောက်ကိုမိမိ သေနတ်ဖြင့်ပြန်ပြီး ပစ်ခတ် “ဆိုတဲ့ သတင်းကလည်း ကမ္ဘာကျော်ခဲ့ပြီး၊ ကျိုးကြောင်းဆင်ခြင်ဉာဏ်နည်းပါးသူတွေကြားမှာ အတော်လေး ဟော့ပြီး အလုပ်ဖြစ်ခဲ့တဲ့ သတင်းပါဘဲ။

လင်းဇော်ကို (D Khit Media)

source : RachFeed