လူျမင္ကြင္းမွာ ဗုိက္လွန္တတ္သူမ်ားကို အေရးယူမယ့္တ႐ုတ္၊ ႏုိင္ငံႀကီးသား မပီသလုိ႔ဟုဆုိ

47

တ႐ုတ္ႏုိင္ငံမွာ ျမင္ရေတြ႕ရမ်ားေလ့ရွိတဲ့ ဗုိက္လွန္ၿပီးေနတတ္တဲ့ အေလ့အထကို တ႐ုတ္အစုိးရက တားျမစ္လုိက္ၿပီ ျဖစ္ပါတယ္။ ပူအုိက္တဲ့ရာသီဆုိ ဒီလုိ ျမင္ကြင္းမ်ိဳး ျမင္ရေလ့ရွိၿပီး၊ အထူးသျဖင့္ အဝလြန္ေနတဲ့ အမ်ိဳးသားေတြဟာ ဗုိက္လွန္တဲ့ အေလ့အက်င့္ ရွိၾကသူေတြပါ။

ဒီလုိ အျပဳအမူလုပ္ေဆာင္ျခင္းဟာ ၿမိဳ႕ႀကီးသား၊ ႏုိင္ငံႀကီးသား မပီသတဲ့အျပဳအမူေတြလုိ႔ တ႐ုတ္အာဏာပုိင္ေတြက ယူဆေနပါတယ္။ အထူးသျဖင့္ ရွန္ေဒါင္စီရင္စု၊ Jinan ၿမိဳ႕မွာ၊ ဒီပိတ္ပင္မႈေတြ စတင္ေနၿပီျဖစ္ပါတယ္။ အဲဒီၿမိဳ႕မွာ အမ်ိဴဳးသားေတြဟာ ဗုိက္သားလွန္ၿပီး ေနတဲ့အက်င့္ကို စြဲေနၾကတယ္လုိ႔ ဆုိပါတယ္။

Jinan ၿမိဳ႕အာဏာပိုင္ေတြကေတာ့ ဒီလုိ ဗုိက္ႀကီးလွန္ၿပီးေနတဲ့ အျပဳအမူေတြကို Beijing bikini နဲ႔ Uncivilized behavior လုိ႔ သတ္မွတ္ထားၿပီး ၿမိဳ႕ရဲ႕က်က္သေရကုိ ထိခိုက္ေစတယ္လုိ႔ ယူဆတာေၾကာင့္ ပိတ္ပင္မႈကုိ စတင္လုိက္တာပါ။

ဒါေပမယ့္ ၿမိဳ႕ရဲ႕ေနရာတုိင္းမွာေတာ့ ဒီပိတ္ပင္မႈေတြ သက္ေရာက္မွာမဟုတ္ဘဲ၊ လူအရမ္းစည္ကားလြန္းတဲ့ ေနရာေတြ၊ ျပည္သူ႕ရင္ျပင္ေတြ၊ ဘက္စ္ကားမွတ္တုိင္ေတြ၊ အမ်ား႐ႈခင္းၾကည့္ရာေနရာေတြ၊ စီးပြားေရးရဲ႕အဓိက လမ္းမေတြမွာ ဒီအျပဳအမူေတြကို ေရွာင္ရွားရမွာပါ။

ဒါေပမယ့္ ဘယ္လုိ အျပစ္ေပးအေရးယူမလဲဆုိတာကုိေတာ့ သတင္းမွာ ရွင္းရွင္းလင္းလင္း ေဖာ္ျပထားျခင္းမရွိသလုိ၊ သက္ဆုိင္ရာ အာဏာပုိင္ေတြရဲ႕ ေၾကညာခ်က္မွာပင္ အေရးယူသြားမယ္လုိ႔သာ ေဖာ္ျပထားေသာ္လည္း ဘယ္လုိ အျပစ္ေပးအေရးယူမယ္ဆုိတာ အေသးစိတ္မပါရွိပါဘူး။

လင္းေဇာ္ကို (D Khit Media)

source : Next Shark

ယူနီကုဒ်ဖြင့်ဖတ်ရန်-

တရုတ်နိုင်ငံမှာ မြင်ရတွေ့ရများလေ့ရှိတဲ့ ဗိုက်လှန်ပြီးနေတတ်တဲ့ အလေ့အထကို တရုတ်အစိုးရက တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။ ပူအိုက်တဲ့ရာသီဆို ဒီလို မြင်ကွင်းမျိုး မြင်ရလေ့ရှိပြီး၊ အထူးသဖြင့် အဝလွန်နေတဲ့ အမျိုးသားတွေဟာ ဗိုက်လှန်တဲ့ အလေ့အကျင့် ရှိကြသူတွေပါ။

ဒီလို အပြုအမူလုပ်ဆောင်ခြင်းဟာ မြို့ကြီးသား၊ နိုင်ငံကြီးသား မပီသတဲ့အပြုအမူတွေလို့ တရုတ်အာဏာပိုင်တွေက ယူဆနေပါတယ်။ အထူးသဖြင့် ရှန်ဒေါင်စီရင်စု၊ Jinan မြို့မှာ၊ ဒီပိတ်ပင်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ အဲဒီမြို့မှာ အမျိူုးသားတွေဟာ ဗိုက်သားလှန်ပြီး နေတဲ့အကျင့်ကို စွဲနေကြတယ်လို့ ဆိုပါတယ်။

Jinan မြို့အာဏာပိုင်တွေကတော့ ဒီလို ဗိုက်ကြီးလှန်ပြီးနေတဲ့ အပြုအမူတွေကို Beijing bikini နဲ့ Uncivilized behavior လို့ သတ်မှတ်ထားပြီး မြို့ရဲ့ကျက်သရေကို ထိခိုက်စေတယ်လို့ ယူဆတာကြောင့် ပိတ်ပင်မှုကို စတင်လိုက်တာပါ။

ဒါပေမယ့် မြို့ရဲ့နေရာတိုင်းမှာတော့ ဒီပိတ်ပင်မှုတွေ သက်ရောက်မှာမဟုတ်ဘဲ၊ လူအရမ်းစည်ကားလွန်းတဲ့ နေရာတွေ၊ ပြည်သူ့ရင်ပြင်တွေ၊ ဘက်စ်ကားမှတ်တိုင်တွေ၊ အများရှုခင်းကြည့်ရာနေရာတွေ၊ စီးပွားရေးရဲ့အဓိက လမ်းမတွေမှာ ဒီအပြုအမူတွေကို ရှောင်ရှားရမှာပါ။

ဒါပေမယ့် ဘယ်လို အပြစ်ပေးအရေးယူမလဲဆိုတာကိုတော့ သတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိသလို၊ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကြေညာချက်မှာပင် အရေးယူသွားမယ်လို့သာ ဖော်ပြထားသော်လည်း ဘယ်လို အပြစ်ပေးအရေးယူမယ်ဆိုတာ အသေးစိတ်မပါရှိပါဘူး။

လင်းဇော်ကို (D Khit Media)

source : Next Shark