ခ်ိန္းေတြ႕တာကိုဆူတဲ့ အစ္ကုိ႔ကုိ၊ ညီမနဲ႔သူမရဲ႕ခ်စ္သူက ေပါင္းၿပီး သတ္ျဖတ္

54

မေလးရွားႏုိင္ငံ၊ Taiping ၿမိဳ႕မွာ အသက္(၁၄)ႏွစ္အရြယ္ ေက်ာင္းသူတစ္ဦးဟာ ခ်စ္သူနဲ႔ပူးေပါင္းၿပီး သူမရဲ႕ အစ္ကိုအရင္းကို ျပန္သတ္ခဲ့ပါတယ္။ ေက်ာင္းသူဟာ အသက္(၁၄)ႏွစ္ျဖစ္ၿပီး၊ သူမရဲ႕ ရည္းစားကေတာ့ အသက္ (၁၅)ႏွစ္ပါ။ ေသဆုံးခဲ့တဲ့ ေကာင္မေလးရဲ႕အစ္ကိုကေတာ့ (၁၆)ႏွစ္ ျဖစ္ပါတယ္။

အစ္ကိုျဖစ္သူက သူ႕ရဲ႕ညီမဟာ ေက်ာင္းလစ္ၿပီး၊ ရည္းစားနဲ႔ခဏခဏခ်ိန္းေတြ႕ေနတာကို သေဘာမက်တာေၾကာင့္ ႏွစ္ေယာက္စလုံးကုိ ေခၚၿပီး ဆူခဲ့၊ ေငါက္ခဲ့၊ မာန္မဲခဲ့ၿပီး ေနာက္တစ္ခါ ဒီလုိလုပ္ရင္ အသက္ကို ဖက္နဲ႔ထုပ္ထားၾကဆုိၿပီး ၿခိမ္းေျခာက္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ညီမျဖစ္သူဟာ အေတာ္ မေက်မနပ္ျဖစ္သြားၿပီး၊ ေနာက္ဆုံးမွာေတာ့ အစ္ကုိ႔ကုိ ေနအိမ္နဲ႔ မုိင္ခပ္ေဝးေဝးဆီကို ေခၚထုတ္ကာ၊ လည္ပင္းကို ဓားနဲ႔လွီးၿပီး သတ္ပစ္ခဲ့ပါတယ္။ အစ္ကုိျဖစ္သူဟာ Kamunting မွာ အသတ္ခံခဲ့ရတာပါ။

မိသားစုဝင္ေတြကေတာ့ အဆက္အသြယ္မရခဲ့တာေၾကာင့္ သူတုိ႔သားကုိ ေပ်ာက္သြားတယ္အထင္နဲ႔ လူေပ်ာက္တုိင္ၾကားခဲ့ပါတယ္။ ဒါေပမယ့္ ရဲတပ္ဖြဲ႕ဝင္ေတြဟာ ညီမရဲ႕သူမရဲ႕ရည္စားကို သံသယရွိခဲ့တာေၾကာင့္ အခင္းျဖစ္ၿပီး(၂)ရက္အၾကာ ဒီေန႔ ဇူလုိင္(၇)ရက္မွာ ဖမ္းဆီးခဲ့ပါတယ္။

ေသဆုံးသူရဲ႕အမည္ကုိ Sritharan လုိ႔ ေဖာ္ျပထားၿပီး၊ သူဟာ Sekolah Menengah Kebangsaan (SMK) King Edward V မွာ တက္ေရာက္ေနတဲ့ ေက်ာင္းသားပါ။ ညီမနဲ႔ရည္းစားျဖစ္သူဟာ ေခါင္းကိုေတာင္ ျဖတ္ၿပီး၊ ပလက္စတစ္နဲ႔ ထုတ္ကာ စြန္႔ပစ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

သူတုိ႔ႏွစ္ေယာက္စလုံးကလည္း လူသတ္မႈကို ဝန္ခံခဲ့ၿပီး၊ ျပစ္မႈက်ဴးလြန္ရာမွာ အသုံးျပဳခဲ့တဲ့ဓားနဲ႔၊ ေဖ်ာက္ထားတဲ့ ေသဆုံးသူရဲ႕ေခါင္းကို ရဲတပ္ဖြဲ႕ထံ အပ္ခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ အေလာင္းကို အစအနေကာက္ကာ ေသမႈေသခင္းစစ္ဖုိ႔ ေပးဖုိ႔ထားၿပီး၊ တရားခံႏွစ္ဦးစလုံးကို ခ်ဳပ္ရက္ရမန္ယူထားေၾကာင္း သိရပါတယ္။

လင္းေဇာ္ကို (D Khit Media)

source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မလေးရှားနိုင်ငံ၊ Taiping မြို့မှာ အသက်(၁၄)နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ ချစ်သူနဲ့ပူးပေါင်းပြီး သူမရဲ့ အစ်ကိုအရင်းကို ပြန်သတ်ခဲ့ပါတယ်။ ကျောင်းသူဟာ အသက်(၁၄)နှစ်ဖြစ်ပြီး၊ သူမရဲ့ ရည်းစားကတော့ အသက် (၁၅)နှစ်ပါ။ သေဆုံးခဲ့တဲ့ ကောင်မလေးရဲ့အစ်ကိုကတော့ (၁၆)နှစ် ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူက သူ့ရဲ့ညီမဟာ ကျောင်းလစ်ပြီး၊ ရည်းစားနဲ့ခဏခဏချိန်းတွေ့နေတာကို သဘောမကျတာကြောင့် နှစ်ယောက်စလုံးကို ခေါ်ပြီး ဆူခဲ့၊ ငေါက်ခဲ့၊ မာန်မဲခဲ့ပြီး နောက်တစ်ခါ ဒီလိုလုပ်ရင် အသက်ကို ဖက်နဲ့ထုပ်ထားကြဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ညီမဖြစ်သူဟာ အတော် မကျေမနပ်ဖြစ်သွားပြီး၊ နောက်ဆုံးမှာတော့ အစ်ကို့ကို နေအိမ်နဲ့ မိုင်ခပ်ဝေးဝေးဆီကို ခေါ်ထုတ်ကာ၊ လည်ပင်းကို ဓားနဲ့လှီးပြီး သတ်ပစ်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူဟာ Kamunting မှာ အသတ်ခံခဲ့ရတာပါ။

မိသားစုဝင်တွေကတော့ အဆက်အသွယ်မရခဲ့တာကြောင့် သူတို့သားကို ပျောက်သွားတယ်အထင်နဲ့ လူပျောက်တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဝင်တွေဟာ ညီမရဲ့သူမရဲ့ရည်စားကို သံသယရှိခဲ့တာကြောင့် အခင်းဖြစ်ပြီး(၂)ရက်အကြာ ဒီနေ့ ဇူလိုင်(၇)ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

သေဆုံးသူရဲ့အမည်ကို Sritharan လို့ ဖော်ပြထားပြီး၊ သူဟာ Sekolah Menengah Kebangsaan (SMK) King Edward V မှာ တက်ရောက်နေတဲ့ ကျောင်းသားပါ။ ညီမနဲ့ရည်းစားဖြစ်သူဟာ ခေါင်းကိုတောင် ဖြတ်ပြီး၊ ပလက်စတစ်နဲ့ ထုတ်ကာ စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်စလုံးကလည်း လူသတ်မှုကို ဝန်ခံခဲ့ပြီး၊ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ဓားနဲ့၊ ဖျောက်ထားတဲ့ သေဆုံးသူရဲ့ခေါင်းကို ရဲတပ်ဖွဲ့ထံ အပ်ခဲ့ပါတယ်။ လောလောဆယ်တော့ အလောင်းကို အစအနကောက်ကာ သေမှုသေခင်းစစ်ဖို့ ပေးဖို့ထားပြီး၊ တရားခံနှစ်ဦးစလုံးကို ချုပ်ရက်ရမန်ယူထားကြောင်း သိရပါတယ်။

လင်းဇော်ကို (D Khit Media)

source : World Of Buzz