လြန္ခဲ့တဲ့ ႏွစ္(၇၀)ေက်ာ္က ဒီလုိေန႔မ်ိဳး၊ နယူးမကၠဆီမွာ ၿဂိဳဟ္သားက်ေရာက္ခဲ့တဲ့မွတ္တမ္း

187

လြန္ခဲ့တဲ့ႏွစ္ေပါင္း(၇၂)တုန္းက ဒီလုိေန႔မ်ိဳးမွာ အေမရိကန္ နယူးမကၠဆီကိုကေန တစ္ကမာၻလုံး စိတ္ဝင္စားမႈျမင့္တက္ေစခဲ့တဲ့ သတင္းတစ္ပုဒ္ ထြက္ေပၚခဲ့ဖူးပါတယ္။ အဲဒါကေတာ့ ကမာၻေျမကို ၿဂိဳဟ္သားတစ္ေယာက္ ေရာက္လာခဲ့တယ္ဆုိတဲ့ သတင္းပါ။

ဒီအျဖစ္အပ်က္ဟာ (၁၉၄၇)ခုႏွစ္ ဇူလုိင္(၇)ရက္မွာ နယူမကၠဆီကုိက ေရာ့စ္ဝဲလ္ၿမိဳ႕အနီးမွာ ျဖစ္ပ်က္ခဲ့တာပါ။ ကနဦးထြက္ေပၚခဲ့တဲ့သတင္းေတြအရ ကမာၻေျမကို တစ္ျခားကမာၻက ပန္းကန္ျပားယာဥ္ ေရာက္ရွိလာခဲ့ၿပီး၊ အဲဒီ ယာဥ္ထဲမွာ ၿဂိဳဟ္သားတစ္ေယာက္ ပါဝင္လာတယ္လုိ႔ ဆုိပါတယ္။



အဲဒီေခတ္ ေဒသခံသတင္းစာတစ္ေစာင္က Roswell Army Airfield တပ္ရင္းက ဒီအျဖစ္အပ်က္ကို မွတ္တမ္းတင္ထားႏုိင္ခဲ့တယ္လုိ႔ ဖြခဲ့ပါတယ္။ အဲဒီတပ္ရင္းကလည္း သိပ္မၾကာခင္မွာပဲ သတင္းထုတ္ျပန္ခဲ့ရာ၊ ကမာၻေျမဆီကို ပန္းကန္ျပားယာဥ္တစ္စီး ေရာက္လာခဲ့ေၾကာင္း ဆုိပါတယ္။

အခင္းျဖစ္ပ်က္ခဲ့တဲ့ မနက္ပုိင္းက ေပါက္ကြဲဆူညံသံႀကီးဟာ အျခားျပည္နယ္ေတြကေန ေကာင္းေကာင္း ၾကားႏုိင္ခဲ့တယ္လုိ႔ေတာင္ ဆုိပါတယ္။ ဒါေပမယ့္ တကယ့္သတင္းအမွန္က ဘာလဲဆုိတာ မေရရာေသးပါဘူး။ ဒီလုိပဲ သတင္းစာေတြကလည္း ေစာင္ေရ တုိးတက္ဖုိ႔အေရး-

မဟုတ္မဟတ္ သတင္းေတြ လုပ္ႀကံေရးသားခဲ့ရင္း အခင္းျဖစ္စဥ္နဲ႔ တစ္ျခားဆီျဖစ္ကုန္ၾကပါေတာ့တယ္။ သတင္းအတုေတြ၊ ဗြီဒီယုိဖုိင္အတုေတြေတာင္ အလြန္တြင္က်ယ္ခဲ့ၿပီး၊ အျဖဴအမည္း ဗြီဒီယုိေခြေတြဟာ ေရာင္းရအေကာင္းဆုံး ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ၿခံဳေျပာရရင္ အားလုံးဟာ အတုအေယာင္ေတြခ်ည္းပါဘဲ။

ေနာက္ေတာ့ အေမရိကန္တပ္မေတာ္က မုိးေလဝသခန္႔မွန္းတဲ့ ေဘာလုံးယာဥ္ပ်က္က်တာလုိ႔ သတင္းလႊင့္ပါတယ္။ (၁၉၉၀)မွာေတာ့ အေမရိကန္က စာတမ္းႏွစ္ေစာင္ထုတ္ျပန္ပါတယ္။ (၄၇)ခုႏွစ္က ျဖစ္ခဲ့တဲ့အျဖစ္အပ်က္နဲ႔ပတ္သက္တဲ့ အမွန္တရားေတြပါဝင္တဲ့ စာတမ္းလုိ႔ ဆုိပါတယ္။

အဲဒါကေတာ့ ျႏဴကလီယားေလာင္စာသုံး Surveillance balloon လႊင့္တင္တာျဖစ္ၿပီး၊ ရည္ရြယ္ခ်က္ကေတာ့ ဆုိဗီယက္ေတြရဲ႕ ျႏဴကလီးယားစမ္းသပ္မႈေတြကို အသံဖမ္းယူမွတ္တမ္းတင္ႏုိင္ဖုိ႔အတြက္လုိ႔ ဆုိပါတယ္။ ဒီလုပ္ေဆာင္မႈဟာ အထူးလွ်ိဳ႕ဝွက္ျဖစ္ခဲ့ပါတယ္။ အဲဒီယာဥ္ပ်က္က်တာလုိ႔ ဆုိပါတယ္။

ဒါေပမယ့္ အဲဒီေနာက္(၇)ႏွစ္ (၁၉၉၇)ခုႏွစ္မွာ စီးပြားေရးလုပ္ငန္းရွင္ Ray Santilli က သူ႕မွာ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္တဲ့ ဗြီဒီယုိဖုိင္ရွိေၾကာင္း၊ ဒီဗြီဒီယုိကို အေမရိကန္တပ္မေတာ္သားေဟာင္းက ေပးသြားတာျဖစ္ေၾကာင္း ဆုိပါတယ္။ ဗြီဒီယုိကေတာ့ ထုံးစံအတုိင္း ျဖဴမည္းကာလာနဲ႔ပါ။

ဗြီဒီယုိထဲမွာ ၿဂိဳဟ္သားလုိ႔ယူဆရတဲ့ အရာတစ္ခုကို လူအမ်ားက သယ္ယူေနတဲ့ပုံျဖစ္ပါတယ္။ အဲဒီဗြီဒီယုိဖုိင္ေၾကာင့္ Ray ဟာ နာမည္ႀကီးသြားခဲ့ၿပီး၊ သတင္းမီဒီယာေတြဆီက အင္တာဗ်ဴးေတြဆက္တုိက္ေျဖရ၊ ႐ုပ္သံျပကြက္ေတြမွာ သ႐ုပ္ေဆာင္ရတာနဲ႔ ပုိက္ဆံလည္း အေတာ္ေလး စုေဆာင္းနုိင္ခဲ့ပါတယ္။

ဒါေပမယ့္ (၁၂)ႏွစ္ၾကာတဲ့အခါ (၂၀၀၉)ခုႏွစ္မွာ အဲဒီဗြီဒီယုိဖုိင္ဟာ အတုသာျဖစ္ၿပီး၊ လုပ္ႀကံဖန္တီးထားတာလုိ႔ ဝန္ခံခဲ့ပါတယ္။ ဒီလုိနဲ႔ အမွန္တရားအစစ္က ဘာလဲဆုိတာ အေတာ္ေလး ေဝခြဲရခက္ေစခဲ့ျပန္ပါတယ္။ တစ္ခ်ိဳ႕က နာဇီေတြဟာ ၿဂိဳဟ္သားေတြနဲ႔ အဆက္အသြယ္ရွိခဲ့ၿပီး-

အခုပ်က္က်တာကလည္း နာဇီေတြဆီကေန အလည္ျပန္လာတဲ့ ၿဂိဳဟ္သားလုိ႔ဆုိပါတယ္။ ထုိစဥ္က နာဇီေတြဘက္ကလည္း ဒီကိစၥ ဟုတ္သလုိုလိုနဲ႔မွိန္းေနခဲ့တာပါ။ စာေရးဆရာ Charles Berlitz နဲ႔ William Moore တုိ႔က ျမင္မ်င္ေတြ႕ခဲ့ရသူ (၉၀)ကုိ အင္တာဗ်ဴးလုပ္ခဲ့ရာ၊ သူတုိ႔ကေတာ့ တညီတညႊတ္တည္း ၿဂိဳဟ္သား-လုိ႔ ေျဖၾကပါတယ္။

ဒါေပမယ့္ အဲဒီအရာက ဘယ္မွာတုန္းဆုိေတာ့ အစုိးရက ဖုန္းကြယ္ထားလုိ႔ ဘယ္ေနရာဆုိတာ သူတုိ႔မသိႏုိင္ဘူးလုိ႔ ေျပာၾကျပန္ပါတယ္။ တစ္ခ်ိဳ႕ကလည္း ဒါဟာ အေမရိကန္တုိ႔ ျႏဴကလီယားေဖာက္ခြဲစမ္းသပ္မႈျဖစ္ၿပီး၊ တစ္ျခား မဟုတ္တဲ့သတင္းေတြနဲ႔ အာ႐ုံလႊဲထားတာလုိ႔ ခန္႔မွန္းေျပာဆုိခဲ့ၾကပါတယ္။

လင္းေဇာ္ကို (D Khit Media)

source : Mirror

ယူနီကုဒ်ဖြင့် ဖတ်ရန်-

လွန်ခဲ့တဲ့နှစ်ပေါင်း(၇၂)တုန်းက ဒီလိုနေ့မျိုးမှာ အမေရိကန် နယူးမက္ကဆီကိုကနေ တစ်ကမ္ဘာလုံး စိတ်ဝင်စားမှုမြင့်တက်စေခဲ့တဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒါကတော့ ကမ္ဘာမြေကို ဂြိုဟ်သားတစ်ယောက် ရောက်လာခဲ့တယ်ဆိုတဲ့ သတင်းပါ။

ဒီအဖြစ်အပျက်ဟာ (၁၉၄၇)ခုနှစ် ဇူလိုင်(၇)ရက်မှာ နယူမက္ကဆီကိုက ရော့စ်ဝဲလ်မြို့အနီးမှာ ဖြစ်ပျက်ခဲ့တာပါ။ ကနဦးထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ကမ္ဘာမြေကို တစ်ခြားကမ္ဘာက ပန်းကန်ပြားယာဉ် ရောက်ရှိလာခဲ့ပြီး၊ အဲဒီ ယာဉ်ထဲမှာ ဂြိုဟ်သားတစ်ယောက် ပါဝင်လာတယ်လို့ ဆိုပါတယ်။

အဲဒီခေတ် ဒေသခံသတင်းစာတစ်စောင်က Roswell Army Airfield တပ်ရင်းက ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ ဖွခဲ့ပါတယ်။ အဲဒီတပ်ရင်းကလည်း သိပ်မကြာခင်မှာပဲ သတင်းထုတ်ပြန်ခဲ့ရာ၊ ကမ္ဘာမြေဆီကို ပန်းကန်ပြားယာဉ်တစ်စီး ရောက်လာခဲ့ကြောင်း ဆိုပါတယ်။

အခင်းဖြစ်ပျက်ခဲ့တဲ့ မနက်ပိုင်းက ပေါက်ကွဲဆူညံသံကြီးဟာ အခြားပြည်နယ်တွေကနေ ကောင်းကောင်း ကြားနိုင်ခဲ့တယ်လို့တောင် ဆိုပါတယ်။ ဒါပေမယ့် တကယ့်သတင်းအမှန်က ဘာလဲဆိုတာ မရေရာသေးပါဘူး။ ဒီလိုပဲ သတင်းစာတွေကလည်း စောင်ရေ တိုးတက်ဖို့အရေး-

မဟုတ်မဟတ် သတင်းတွေ လုပ်ကြံရေးသားခဲ့ရင်း အခင်းဖြစ်စဉ်နဲ့ တစ်ခြားဆီဖြစ်ကုန်ကြပါတော့တယ်။ သတင်းအတုတွေ၊ ဗွီဒီယိုဖိုင်အတုတွေတောင် အလွန်တွင်ကျယ်ခဲ့ပြီး၊ အဖြူအမည်း ဗွီဒီယိုခွေတွေဟာ ရောင်းရအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခြုံပြောရရင် အားလုံးဟာ အတုအယောင်တွေချည်းပါဘဲ။

နောက်တော့ အမေရိကန်တပ်မတော်က မိုးလေဝသခန့်မှန်းတဲ့ ဘောလုံးယာဉ်ပျက်ကျတာလို့ သတင်းလွှင့်ပါတယ်။ (၁၉၉၀)မှာတော့ အမေရိကန်က စာတမ်းနှစ်စောင်ထုတ်ပြန်ပါတယ်။ (၄၇)ခုနှစ်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်နဲ့ပတ်သက်တဲ့ အမှန်တရားတွေပါဝင်တဲ့ စာတမ်းလို့ ဆိုပါတယ်။

အဲဒါကတော့ နြူကလီယားလောင်စာသုံး Surveillance balloon လွှင့်တင်တာဖြစ်ပြီး၊ ရည်ရွယ်ချက်ကတော့ ဆိုဗီယက်တွေရဲ့ နြူကလီးယားစမ်းသပ်မှုတွေကို အသံဖမ်းယူမှတ်တမ်းတင်နိုင်ဖို့အတွက်လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်မှုဟာ အထူးလျှို့ဝှက်ဖြစ်ခဲ့ပါတယ်။ အဲဒီယာဉ်ပျက်ကျတာလို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီနောက်(၇)နှစ် (၁၉၉၇)ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင် Ray Santilli က သူ့မှာ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ရှိကြောင်း၊ ဒီဗွီဒီယိုကို အမေရိကန်တပ်မတော်သားဟောင်းက ပေးသွားတာဖြစ်ကြောင်း ဆိုပါတယ်။ ဗွီဒီယိုကတော့ ထုံးစံအတိုင်း ဖြူမည်းကာလာနဲ့ပါ။

ဗွီဒီယိုထဲမှာ ဂြိုဟ်သားလို့ယူဆရတဲ့ အရာတစ်ခုကို လူအများက သယ်ယူနေတဲ့ပုံဖြစ်ပါတယ်။ အဲဒီဗွီဒီယိုဖိုင်ကြောင့် Ray ဟာ နာမည်ကြီးသွားခဲ့ပြီး၊ သတင်းမီဒီယာတွေဆီက အင်တာဗျူးတွေဆက်တိုက်ဖြေရ၊ ရုပ်သံပြကွက်တွေမှာ သရုပ်ဆောင်ရတာနဲ့ ပိုက်ဆံလည်း အတော်လေး စုဆောင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် (၁၂)နှစ်ကြာတဲ့အခါ (၂၀၀၉)ခုနှစ်မှာ အဲဒီဗွီဒီယိုဖိုင်ဟာ အတုသာဖြစ်ပြီး၊ လုပ်ကြံဖန်တီးထားတာလို့ ဝန်ခံခဲ့ပါတယ်။ ဒီလိုနဲ့ အမှန်တရားအစစ်က ဘာလဲဆိုတာ အတော်လေး ဝေခွဲရခက်စေခဲ့ပြန်ပါတယ်။ တစ်ချို့က နာဇီတွေဟာ ဂြိုဟ်သားတွေနဲ့ အဆက်အသွယ်ရှိခဲ့ပြီး-

အခုပျက်ကျတာကလည်း နာဇီတွေဆီကနေ အလည်ပြန်လာတဲ့ ဂြိုဟ်သားလို့ဆိုပါတယ်။ ထိုစဉ်က နာဇီတွေဘက်ကလည်း ဒီကိစ္စ ဟုတ်သလိုုလိုနဲ့မှိန်းနေခဲ့တာပါ။ စာရေးဆရာ Charles Berlitz နဲ့ William Moore တို့က မြင်မျင်တွေ့ခဲ့ရသူ (၉၀)ကို အင်တာဗျူးလုပ်ခဲ့ရာ၊ သူတို့ကတော့ တညီတညွှတ်တည်း ဂြိုဟ်သား-လို့ ဖြေကြပါတယ်။

ဒါပေမယ့် အဲဒီအရာက ဘယ်မှာတုန်းဆိုတော့ အစိုးရက ဖုန်းကွယ်ထားလို့ ဘယ်နေရာဆိုတာ သူတို့မသိနိုင်ဘူးလို့ ပြောကြပြန်ပါတယ်။ တစ်ချို့ကလည်း ဒါဟာ အမေရိကန်တို့ နြူကလီယားဖောက်ခွဲစမ်းသပ်မှုဖြစ်ပြီး၊ တစ်ခြား မဟုတ်တဲ့သတင်းတွေနဲ့ အာရုံလွှဲထားတာလို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။

လင်းဇော်ကို (D Khit Media)

source : Mirror