ထူးထူးဆန္းဆန္း မ်က္လုံး(၁)လုံး၊ နားရြက္(၄)ဖက္နဲ႔ ေၾကာင္ေလးတစ္ေကာင္

108

ေၾကာင္ေလးတစ္ေကာင္ဟာ ထူးထူးျခားျခား နားရြက္(၄)ဖက္အထိ ပုိင္ဆုိင္ထားၿပီး၊ တစ္ျခားေၾကာင္ေလးေတြနဲ႔ မတူ တမူထူးျခားေနပါတယ္။ အဆုိပါ ေၾကာင္ကေလးဟာ မ်က္လုံးတစ္ဖက္လည္း ပ်က္စီးထားတဲ့အတြက္ မ်က္လုံးတစ္လုံးတည္းသာ ပါတဲ့ေၾကာင္ေလးလုိ႔ ထင္စရာရွိပါတယ္။

ေၾကာင္ေလးနာမည္ကေတာ့ Frankie ျဖစ္ပါတယ္။ ဒီနာမည္ကုိေတာ့ Frankenkitten ကေန အတုိေကာက္ပုံစံ ရယူထားတာပါ။ သူ႕ရဲ႕မူလပုိင္ရွင္ေတြကေတာ့ ဒီေၾကာင္ေလးနဲ႔ တစ္ျခား ေမြးခ်င္းေၾကာင္ေလးကို တိ/ကုေစာင့္ေရွာက္ေရးအဖြဲ႕ထံ လွဴဒါန္းခဲ့တာပါ။

အဲဒီကေနမွ ပုိင္ရွင္အသစ္ျဖစ္တဲ့ Georgi Anderson ရဲ႕ လက္ထဲကို ေရာက္လာခဲ့တာပါ။ သူရဲ႕နားရြက္(၄)ခုဟာ လူအမ်ားသတိထားစရာျဖစ္ခဲ့ပါတယ္။ တိ/ကုဆီ ေရာက္တုန္းကေတာ့ သူ႕မွာ မ်က္လုံးႏွစ္လုံး ရွိပါတယ္။ ဒါေပမယ့္ တစ္ခုက ေရာဂါေၾကာင့္ ဖယ္ရွားလုိက္ရတာပါ။

ေနာက္ေျခေထာက္ေတြကလည္း သိပ္မသန္ပါဘူး။ သူရဲ႕ဒူးေတြကလည္း အံဝင္ဂြင္က် ထုိင္လုိ႔မရဘဲ၊ ေျခေထာက္ေတြက ခပ္ခြင္ခြင္ေလး ဒရြတ္တုိက္ၿပီး လမ္းေလွ်ာက္ေနရပါတယ္။ သခင္မျဖစ္တဲ့ Georgi ဟာ တိ/ကု႐ုံမွာ လုပ္အားေပးအျဖစ္ ေဆာင္ရြက္ခဲ့သူျဖစ္ၿပီး-

ဒီေၾကာင္ေလးကို ျမင္ျမင္ခ်င္းပဲ သေဘာက် ႏွစ္သက္သြားပါတယ္။ ဒါေၾကာင့္ သူမကပဲ ေၾကာင္ကေလး Frankie ကုိ ေမြးဖုိ႔ ခြင့္ေတာင္းယူခဲ့တာပါ။ ေၾကာင္ကေလးဟာ မသန္စြမ္းဘဝနဲ႔၊ ေလာကဓံေတြၾကားမွာ ကံဆုိးမႈေတြ ဆက္တုိက္ရင္ဆုိင္ခဲ့ရေပမယ့္၊ ပုိင္ရွင္သစ္လက္ထဲမွာ ပုိၿပီး ေနသားက် အဆင္ေျပမွာပါ။

လင္းေဇာ္ကို (D Khit Media)

source : Bored Panda

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ကြောင်လေးတစ်ကောင်ဟာ ထူးထူးခြားခြား နားရွက်(၄)ဖက်အထိ ပိုင်ဆိုင်ထားပြီး၊ တစ်ခြားကြောင်လေးတွေနဲ့ မတူ တမူထူးခြားနေပါတယ်။ အဆိုပါ ကြောင်ကလေးဟာ မျက်လုံးတစ်ဖက်လည်း ပျက်စီးထားတဲ့အတွက် မျက်လုံးတစ်လုံးတည်းသာ ပါတဲ့ကြောင်လေးလို့ ထင်စရာရှိပါတယ်။

ကြောင်လေးနာမည်ကတော့ Frankie ဖြစ်ပါတယ်။ ဒီနာမည်ကိုတော့ Frankenkitten ကနေ အတိုကောက်ပုံစံ ရယူထားတာပါ။ သူ့ရဲ့မူလပိုင်ရှင်တွေကတော့ ဒီကြောင်လေးနဲ့ တစ်ခြား မွေးချင်းကြောင်လေးကို တိ/ကုစောင့်ရှောက်ရေးအဖွဲ့ထံ လှူဒါန်းခဲ့တာပါ။

အဲဒီကနေမှ ပိုင်ရှင်အသစ်ဖြစ်တဲ့ Georgi Anderson ရဲ့ လက်ထဲကို ရောက်လာခဲ့တာပါ။ သူရဲ့နားရွက်(၄)ခုဟာ လူအများသတိထားစရာဖြစ်ခဲ့ပါတယ်။ တိ/ကုဆီ ရောက်တုန်းကတော့ သူ့မှာ မျက်လုံးနှစ်လုံး ရှိပါတယ်။ ဒါပေမယ့် တစ်ခုက ရောဂါကြောင့် ဖယ်ရှားလိုက်ရတာပါ။

နောက်ခြေထောက်တွေကလည်း သိပ်မသန်ပါဘူး။ သူရဲ့ဒူးတွေကလည်း အံဝင်ဂွင်ကျ ထိုင်လို့မရဘဲ၊ ခြေထောက်တွေက ခပ်ခွင်ခွင်လေး ဒရွတ်တိုက်ပြီး လမ်းလျှောက်နေရပါတယ်။ သခင်မဖြစ်တဲ့ Georgi ဟာ တိ/ကုရုံမှာ လုပ်အားပေးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး-

ဒီကြောင်လေးကို မြင်မြင်ချင်းပဲ သဘောကျ နှစ်သက်သွားပါတယ်။ ဒါကြောင့် သူမကပဲ ကြောင်ကလေး Frankie ကို မွေးဖို့ ခွင့်တောင်းယူခဲ့တာပါ။ ကြောင်ကလေးဟာ မသန်စွမ်းဘဝနဲ့၊ လောကဓံတွေကြားမှာ ကံဆိုးမှုတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရပေမယ့်၊ ပိုင်ရှင်သစ်လက်ထဲမှာ ပိုပြီး နေသားကျ အဆင်ပြေမှာပါ။

လင်းဇော်ကို (D Khit Media)

source : Bored Panda