အသက္(၂၀)မွာပင္ ေသဆုံးသြားရွာတဲ့ Disney မင္းသားေလး Cameron Boyce

52

Disney ဇာတ္လမ္းတြဲေတြမွာ နာမည္ရသ႐ုပ္ေဆာင္အျဖစ္ ပရိသတ္အားေပးမႈေတြ တျဖည္းျဖည္းရရွိလာတဲ့ မင္းသား Cameron Boyce ကေတာ့ အသက္(၂၀)အရြယ္မွာပဲ ဘဝတစ္ပါးကို ကူးေျပာင္းသြားၿပီလုိ႔ မိသားစုဝင္ေတြက ေၾကညာခဲ့ပါတယ္။

Cameron ေသဆုံးရျခင္းအေၾကာင္းအရင္းကို မသိရေသးေပမယ့္၊ ေရာဂါအခံေၾကာင့္ သူဟာ ေဆးကုသမႈ ဆက္တုိက္ခံယူေနရသူျဖစ္ေၾကာင္း မိသားစုဝင္တစ္ဦးက ေျပာပါတယ္။ သူေသဆုံးရျခင္းမွာ ဘယ္လုိေရာဂါလည္းဆုိတာ တိတိက်က် ထုတ္ျပန္ျခင္းမရွိေသးဘဲ၊ ႐ုတ္တရက္ေသဆုံးျခင္း-လုိ႔သာ ေဖာ္ျပထားပါတယ္။

Mirrors ဇာတ္ကားမွာ

မိသားစုဝင္ေတြဟာ Cameron ေသဆုံးမႈကို ဇူလုိင္(၆)ရက္ စေနေန႔မနက္မွာ ေသဆုံးခဲ့ေၾကာင္း အတည္ျပဳထုတ္ျပန္ခဲ့ၿပီး၊ အိပ္ယာထဲမွာ အိပ္ေနခ်ိန္မွာ ေခၚသံျပန္ထူးသံမၾကားရေတာ့လုိ႔ ဝင္ေရာက္ၾကည့္႐ႈရာမွ ေသဆုံးေနခဲ့တာလုိ႔ သိရပါတယ္။

အေမရိကန္ဒုသမၼတေဟာင္း Joe Biden ႏွင့္အတူ

Cameron ဟာ သ႐ုပ္ေဆာင္ဘဝကို သည္းထိတ္ရင္ဖုိဇာတ္ကားတစ္ခုျဖစ္တဲ့ Mirrors ဇာတ္ကားနဲ႔စတင္ခဲ့ၿပီး၊ ထုိစဥ္က ကေလးသ႐ုပ္ေဆာင္အျဖစ္ စတင္ပါဝင္ခဲ့တာပါ။ Disney ရဲ႕တီဗြီဇာတ္လမ္းတြဲျဖစ္တဲ့  Jessie ဇာတ္လမ္းတြဲမွာ Luke Ross ဇာတ္ေကာင္အမည္နဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး၊ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္လာသူပါ။

Grown Ups 2

ယင္းေနာက္ Descendants  ဇာတ္လမ္းတြဲမွာ ဆက္လက္ေနရာရခဲ့ၿပီး၊ အခုမၾကာမီထြက္ရွိမယ့္ Descendants 3 ဇာတ္ကားကုိလည္း ပါဝင္သ႐ုပ္ေဆာင္ထားခဲ့ၿပီးျဖစ္ပါတယ္။ သူဟာ Jake And The Neverland Pirates ဇာတ္ကားမွာလည္း အသံနဲ႔သ႐ုပ္ေဆာင္ေပးထားသူျဖစ္ပါတယ္။

Descendants သ႐ုပ္ေဆာင္မ်ားနဲ႔အတူ

သူေသဆုံးမႈနဲ႔ပတ္သက္ၿပီး Disney တာဝန္ရွိသူတစ္ဦးက “Cameron ဟာ သူတတ္ထားတဲ့ အႏုပညာနဲ႔ ကမာၻႀကီးကို မွ်ေဝဖုိ႔ ေဖ်ာ္ေျဖဖုိ႔ အၿမဲစိတ္ကူးေနသူပါ .. ဒီလုိ အရြယ္ငယ္ငယ္ေလးမွာ ေသသြားေတာ့ ထင္လည္းထင္မထားသလုိ .. ယူႀကဳံးမရလည္း ျဖစ္ရပါတယ္ … ” လုိ႔ ေျပာခဲ့ပါတယ္။

မင္းသား Adam Sandler နဲ႔အတူ

သူဟာ လူငယ္ဘဝမွာ Keithie Feder ဇာတ္ေကာင္အမည္နဲ႔ နာမည္ေက်ာ္ Grown Ups 2 ဇာတ္ကားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့သူျဖစ္ၿပီး၊ ငယ္ငယ္ေလးကတည္းက အႏုပညာဘက္မွာ ပါရမီရွိသူ၊ စန္းေကာင္းသူအျဖစ္ အႏုပညာသမားေတြက မွတ္ယူျခင္း ခံခဲ့ရသူပါ။

ေနသူရိန္ (D Khit Media)

source : Mirror

ယူနီကုဒ်ဖြင့် ဖတ်ရန်-

Disney ဇာတ်လမ်းတွဲတွေမှာ နာမည်ရသရုပ်ဆောင်အဖြစ် ပရိသတ်အားပေးမှုတွေ တဖြည်းဖြည်းရရှိလာတဲ့ မင်းသား Cameron Boyce ကတော့ အသက်(၂၀)အရွယ်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားပြီလို့ မိသားစုဝင်တွေက ကြေညာခဲ့ပါတယ်။

Cameron Boyce တင္ခဲ့သည့္ ေနာက္ဆုံးအင္စတာဂရမ္ပုိ႔စ္

Cameron သေဆုံးရခြင်းအကြောင်းအရင်းကို မသိရသေးပေမယ့်၊ ရောဂါအခံကြောင့် သူဟာ ဆေးကုသမှု ဆက်တိုက်ခံယူနေရသူဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။ သူသေဆုံးရခြင်းမှာ ဘယ်လိုရောဂါလည်းဆိုတာ တိတိကျကျ ထုတ်ပြန်ခြင်းမရှိသေးဘဲ၊ ရုတ်တရက်သေဆုံးခြင်း-လို့သာ ဖော်ပြထားပါတယ်။

မိသားစုဝင်တွေဟာ Cameron သေဆုံးမှုကို ဇူလိုင်(၆)ရက် စနေနေ့မနက်မှာ သေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး၊ အိပ်ယာထဲမှာ အိပ်နေချိန်မှာ ခေါ်သံပြန်ထူးသံမကြားရတော့လို့ ဝင်ရောက်ကြည့်ရှုရာမှ သေဆုံးနေခဲ့တာလို့ သိရပါတယ်။

Cameron ဟာ သရုပ်ဆောင်ဘဝကို သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုဖြစ်တဲ့ Mirrors ဇာတ်ကားနဲ့စတင်ခဲ့ပြီး၊ ထိုစဉ်က ကလေးသရုပ်ဆောင်အဖြစ် စတင်ပါဝင်ခဲ့တာပါ။ Disney ရဲ့တီဗွီဇာတ်လမ်းတွဲဖြစ်တဲ့  Jessie ဇာတ်လမ်းတွဲမှာ Luke Ross ဇာတ်ကောင်အမည်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာသူပါ။

ယင်းနောက် Descendants  ဇာတ်လမ်းတွဲမှာ ဆက်လက်နေရာရခဲ့ပြီး၊ အခုမကြာမီထွက်ရှိမယ့် Descendants 3 ဇာတ်ကားကိုလည်း ပါဝင်သရုပ်ဆောင်ထားခဲ့ပြီးဖြစ်ပါတယ်။ သူဟာ Jake And The Neverland Pirates ဇာတ်ကားမှာလည်း အသံနဲ့သရုပ်ဆောင်ပေးထားသူဖြစ်ပါတယ်။

သူသေဆုံးမှုနဲ့ပတ်သက်ပြီး Disney တာဝန်ရှိသူတစ်ဦးက “Cameron ဟာ သူတတ်ထားတဲ့ အနုပညာနဲ့ ကမ္ဘာကြီးကို မျှဝေဖို့ ဖျော်ဖြေဖို့ အမြဲစိတ်ကူးနေသူပါ .. ဒီလို အရွယ်ငယ်ငယ်လေးမှာ သေသွားတော့ ထင်လည်းထင်မထားသလို .. ယူကြုံးမရလည်း ဖြစ်ရပါတယ် … ” လို့ ပြောခဲ့ပါတယ်။

သူဟာ လူငယ်ဘဝမှာ Keithie Feder ဇာတ်ကောင်အမည်နဲ့ နာမည်ကျော် Grown Ups 2 ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သူဖြစ်ပြီး၊ ငယ်ငယ်လေးကတည်းက အနုပညာဘက်မှာ ပါရမီရှိသူ၊ စန်းကောင်းသူအဖြစ် အနုပညာသမားတွေက မှတ်ယူခြင်း ခံခဲ့ရသူပါ။

နေသူရိန် (D Khit Media)

source : Mirror