သာမန္အေအးမိျခင္းက ဆီးက်ိတ္ကင္ဆာကို အျမစ္ျပတ္ေပ်ာက္ကင္းေစႏုိင္ေၾကာင္း ေတြ႕ရွိ

110

သိပၸံပညာရွင္ေတြက ကင္ဆာတစ္႐ွဴးေတြကို အျပတ္အသက္ တိုက္ဖ်က္ႏိုင္တဲ့ ဗိုင္းရပ္မ်ိဳးရိုးဗီဇတစ္ခုကို ေတြ႔ရွိခဲ့ပါတယ္။ ဆီးက်ိတ္ကင္ဆာေရာဂါသည္ တစ္ေယာက္ဟာ ကူးဆက္အဖ်ားေရာဂါကို ခံစားရၿပီးေနာက္၊ တစ္ပတ္အၾကာမွာ ဆီးက်ိတ္ေရာဂါလကၡဏာမ်ား ေပ်ာက္ကင္းသြားေၾကာင္း ေဆးပညာရွင္ေတြက ေတြ႕ရွိခဲ့တာပါ။

ဆရာဝန္ေတြ ေျပာျပခ်က္အရ ဒီေရာဂါကို ေပ်ာက္သြားေအာင္ တုန္႔ျပန္လိုက္ႏုိင္မႈကို အံအားသင့္သြား ခဲ့ၾကပါတယ္။ ေလာေလာဆယ္ ဆီးက်ိတ္ကင္ဆာေရာဂါကုထုံးက သိပ္ၿပီးအက်ိဳးသက္ေရာက္မႈ မရွိသလို ဆိုးက်ိဳးေတြလည္း ရွိႏုိင္ပါတယ္။ ဒါေပမယ့္ တစ္ျခားကုထုံးကလည္း စဥ္းစားလုိ႔မရေသးတဲ့အေျခအေနမွာ ဒီအေျခေေနကို ေတြ႕ရွိခဲ့တာပါ။

Surrey တကၠသိုလ္က ကင္ဆာပထမအဆင့္ လူနာ(၁၅)ဦးကို စမ္းသပ္မႈျပဳလုပ္ခဲ့ပါတယ္။ ဆရာဝန္ေတြဟာ တစ္နာရီေလာက္ၾကာေအာင္ ဆီးက်ိတ္ေဝဒနာကို ခံစားေနရသူရဲ႕ အေအးမိျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ အာရုံေၾကာကို ထိခိုက္ေစႏိုင္တဲ့ ဗိုင္းရပ္ပိုးရဲ႕ မ်ိဳးရိုးဗီဇကုထုံးကို စိတ္ဝင္စားခဲ့ၾကပါတယ္။

တစ္ပတ္အၾကာမွာ ဆရာဝန္ေတြဟာ ေသေစႏိုင္ေလာက္တဲ့ ကင္ဆာဆဲလ္ေတြကို ထိထိေရာက္ေရာက္ သတ္ပစ္ႏိုင္တဲ့ ကူးဆက္အဖ်ားေရာဂါရဲ႕ မ်ိဳးရိုးဗီဇကို ေတြ႔ရွိခဲ့ပါတယ္။ ဒီအေအးမိေရာဂါက ကင္ဆာဆဲလ္ကို တိုက္ခိုက္ဖို႔ ကိုယ္တြင္းခုခံအားစနစ္ကို သတိေပးလိုက္သလိုမ်ိဳး ေဆာင္ရြက္ေပးတာပါ။ ဆီးက်ိတ္ကင္ဆာေရာဂါျဖစ္ေနတဲ့ ဘယ္သူ႔ကိုမွ ေဘးထြက္ဆိုးက်ိဳး မခံစားရသလို ဒီဗုိင္းရပ္က က်န္းမာေန႔တဲ့ တစ္ရွဴးေတြကို္ မတိုက္ခိုက္ပါဘူး။

ကင္ဆာေရာဂါ အမ်ားအျပားကို စမ္းသတ္မႈေတြ ႀကီးႀကီးမားမားလုပ္ေဆာင္ဖို႔ အစီစဥ္ဆဲြထားပါတယ္။ သုေတသနေခါင္းေဆာင္ Hardev က “ဒီအေအးမိမႈက ကင္ဆာဆဲလ္ေတြကို က်က္သြားေအာင္ လုပ္ေပးၿပီးေတာ့ ခုခံအားစနစ္ျဖစ္တဲ့ ဆဲလ္ေတြကို ေနရာမွန္ေရာက္ေအာင္ ပို႔ေပးတာကို လုပ္ေပးတယ္” လို႔ ေျပာပါ တယ္။

မင္းႏြယ္ခန္႔ ( D Khit Media)

source : The Sun

ယူနီကုဒ်ဖြင့် ဖတ်ရန်-

သိပ္ပံပညာရှင်တွေက ကင်ဆာတစ်ရှူးတွေကို အပြတ်အသက် တိုက်ဖျက်နိုင်တဲ့ ဗိုင်းရပ်မျိုးရိုးဗီဇတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဆီးကျိတ်ကင်ဆာရောဂါသည် တစ်ယောက်ဟာ ကူးဆက်အဖျားရောဂါကို ခံစားရပြီးနောက်၊ တစ်ပတ်အကြာမှာ ဆီးကျိတ်ရောဂါလက္ခဏာများ ပျောက်ကင်းသွားကြောင်း ဆေးပညာရှင်တွေက တွေ့ရှိခဲ့တာပါ။

ဆရာဝန်တွေ ပြောပြချက်အရ ဒီရောဂါကို ပျောက်သွားအောင် တုန့်ပြန်လိုက်နိုင်မှုကို အံအားသင့်သွား ခဲ့ကြပါတယ်။ လောလောဆယ် ဆီးကျိတ်ကင်ဆာရောဂါကုထုံးက သိပ်ပြီးအကျိုးသက်ရောက်မှု မရှိသလို ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်ခြားကုထုံးကလည်း စဉ်းစားလို့မရသေးတဲ့အခြေအနေမှာ ဒီအခြေေနေကို တွေ့ရှိခဲ့တာပါ။

Surrey တက္ကသိုလ်က ကင်ဆာပထမအဆင့် လူနာ(၁၅)ဦးကို စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ ဆရာဝန်တွေဟာ တစ်နာရီလောက်ကြာအောင် ဆီးကျိတ်ဝေဒနာကို ခံစားနေရသူရဲ့ အအေးမိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ဗိုင်းရပ်ပိုးရဲ့ မျိုးရိုးဗီဇကုထုံးကို စိတ်ဝင်စားခဲ့ကြပါတယ်။

တစ်ပတ်အကြာမှာ ဆရာဝန်တွေဟာ သေစေနိုင်လောက်တဲ့ ကင်ဆာဆဲလ်တွေကို ထိထိရောက်ရောက် သတ်ပစ်နိုင်တဲ့ ကူးဆက်အဖျားရောဂါရဲ့ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ပါတယ်။ ဒီအအေးမိရောဂါက ကင်ဆာဆဲလ်ကို တိုက်ခိုက်ဖို့ ကိုယ်တွင်းခုခံအားစနစ်ကို သတိပေးလိုက်သလိုမျိုး ဆောင်ရွက်ပေးတာပါ။ ဆီးကျိတ်ကင်ဆာရောဂါဖြစ်နေတဲ့ ဘယ်သူ့ကိုမှ ဘေးထွက်ဆိုးကျိုး မခံစားရသလို ဒီဗိုင်းရပ်က ကျန်းမာနေ့တဲ့ တစ်ရှူးတွေကို် မတိုက်ခိုက်ပါဘူး။

ကင်ဆာရောဂါ အများအပြားကို စမ်းသတ်မှုတွေ ကြီးကြီးမားမားလုပ်ဆောင်ဖို့ အစီစဉ်ဆွဲထားပါတယ်။ သုတေသနခေါင်းဆောင် Hardev က “ဒီအအေးမိမှုက ကင်ဆာဆဲလ်တွေကို ကျက်သွားအောင် လုပ်ပေးပြီးတော့ ခုခံအားစနစ်ဖြစ်တဲ့ ဆဲလ်တွေကို နေရာမှန်ရောက်အောင် ပို့ပေးတာကို လုပ်ပေးတယ်” လို့ ပြောပါ တယ်။

မင်းနွယ်ခန့် ( D Khit Media)

source : The Sun